မိခင်မရှိတော့တဲ့ သခင်ရဲ့သားလေးအတွက် မိခင်မေတ္တာစိတ်နဲ့ နို့ချိုတိုက်ကျွေးလာခဲ့တဲ့ နွားမကြီးနဲ့သားလေးဘဝ (အပြည့်စုံဖတ်ရန် ပုံကိုနှိပ်ကြည့်ပါ)

မိခင်မရှိတော့တဲ့ သခင်ရဲ့သားလေးအတွက် မိခင်မေတ္တာစိတ်နဲ့ နို့ချိုတိုက်ကျွေးလာခဲ့တဲ့ နွားမကြီးနဲ့ သားလေးဘဝ

မင်္ဂလာပါ ချစ်ပရိတ်သတ်ကြီးရေ ခုပြောပြမယ့် အကြောင်းလေးကတော့ မိခင်မရှိတော့တဲ့ သူ့သခင်ရဲ့ သားလေးကို နွားမကြီးက နို့တိုက်ရင်း သံယောဇဉ်ဖြစ်ပြီး တိရိစ္ဆာန်ဆိုပေမယ့်လဲ မိခင်စိတ်ရှိတဲ့ နွားမကြီးအ ကြောင်းကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ် ခင်ဗျာ။

တစ်ခါတုန်းက ရွာတစ်ရွာမှာ မိခင်ဖြစ်သူက သားလေးတစ်ယောက်ကို မွေးရင်း မီးတွင်းထဲမှာပဲ ဆုံးပါးသွားခဲ့ရပါတယ်။ အဲ့ဒီလို ဆုံးပါးသွားတော့ လူ မမယ်သားလေး မိ တဆိုးလေးမို့ ဖခင်ဖြစ်သူခမျာ နို့ချိုတိုက်ကျွေးဖို့ အခက်ကြုံလာခဲ့ပါတယ်။

ဒီလိုနဲ့ပဲတစ်ရက်မှာ တိုက်တိုက်ဆိုင်ဆိုင် အိမ်မှာမွေးထားတဲ့ နွားမကြီးကလည်း နွားသားလေးတွေ ပေါက်လို့ အဆင်သင့်စွာပဲ သားလေးအတွက် နို့ချိုတိုက်ကျွေးရမဲ့ ပြဿနာကပြေလည်သွားခဲ့ပါတယ်။ ဒီလိုနဲ့နွားမကြီးနဲ့ သားလေးရဲ့ သံယော ဇဉ်ကြိုးလေးတွေက တဖြည်းဖြည်း ခိုင်မြဲလာပြီး (၃) နှစ်ကျော်ကျော် အရွယ်ရောက်လာတဲ့ သားလေးက သူကိုယ်တိုင်ပဲ နွားမကြီးရဲ့နို့ရည်ကို သောက်စို့လာနိုင်ခဲ့ပါတယ်။

မူကြိုအရွယ်မို့ သားလေးကျောင်းသွားရင်လည်း ညနေရောက် တိုင်း နွားမကြီးက ကျောင်းရှေ့ကိုလာလာကြိုပေးတယ်။ တစ်ရက်မှာတော့ နွားမကြီးနဲ့သားလေးရဲ့ သံ ယောဇဉ်တွေ အဆက်ပြတ်မယ့်နေ့ရောက် လာခဲ့ရပါတယ်။ ညနေကျောင်းဆင်းချိန်လည်းရောက်ရော ပုံမှန်လာကြိုနေကြ နွားမကြီးက ရောက်မလာခဲ့ပါဘူး။

သားလေးခမျာ နွားမကြီးကို မျှော်ရင်းနဲ့ အိမ်ကို တရွေ့ရွေ့ရောက်လာခဲ့ပြီး ရောက်ရောက်ခြင်းပဲ သားလေးက မေးပြီလေနွားမကြီးက ဘယ်ရောက်သွားလည်း အဖေဆိုတော့ မျက် နှာမကောင်းဖြစ်နေရှာတဲ့ ဖခင်က ခုလိုပြန်ဖြေလိုက်ပါတယ်။

သားလေးရဲ့ နွားမကြီးရောင်းလိုက်ရပြီ သားရယ် အိမ်ကစည်းပွားရေးမကောင်းတော့ လယ်တွေယာတွေ စိုက်ပျိုးဖို့ မျိုးက ဝယ်ရဦးမယ်လေ။ စားဝတ်နေရေးအတွက် အဖေ ဒီနွားမကြီးကို မရောင်းမဖြစ်တော့လို့ အဖေရောင်းလိုက်ရတာပါ သားရယ် ခိုင်းနွားတွေရောင်းလိုက်ရင် အဖေ့လက်မောင်းတွေ ဖြုတ်သလိုဖြစ်မှာမို့ မရောင်းချင်ပေမယ့်လည်း မတတ်သာတဲ့နောက် နောက်ဆုံး ရွေးချယ်လိုက်ရတာပါ။

မိခင်တစ်ယောက်လို တွယ်တာခဲ့တဲ့ သားလေး ငိုကြွေးရုံမှတပါး အခြားမရှိခဲ့ ဒီလိုနဲ့ မစားမသောက်ပဲ အိပ်ယာထဲလဲခဲ့ပြီပေါ့ သားအဖြစ်ကို မကြည့်ရက် မမြင်ရက်နဲ့ (၂) ရက်လောက်ကြာတော့ နံနက်ခင်းမှာ အိမ်ရှေ့ကနွားအော်သံကြားရတော့ ဖခင်ဖြစ်သူက အိမ်တံခါးဖွင့်ကြည့်ချိန် မျှော်လင့်မထားတဲ့မြင် ကွင်းကြောင့် သားဖြစ်သူကို အိပ်ယာက နှိုးလို့သားလေး ထကြည့်စမ်းပါဦးကွာဆိုပြီး သားဖြစ်သူက အိမ်ရှေ့ကိုမြင်လိုက်ရတဲ့မြင်ကွင်းကြောင့် ပျော်ရွှင်မဆုံးဖြစ်ရပြီပေါ့။

ရောင်းလိုက်တဲ့ နွားမကြီး အိမ်ရှေ့မှာဝယ်သူ ကိုယ်တိုင်လက်ကဆွဲပြီး ရောက်နေလို့ဖခင်ဖြစ်သူက အကျိုး အကြောင်းမေးပါတော့တယ် ဝယ်သူကပြန်ပြောပြလိုက်တာက ဒီနွားမကြီး အိမ်ရောက်တဲ့နေ့ကတည်းက ဘာမှလည်းကျွေးမရဘူးဗျာ မျက်ရည်တွေပဲကျနေတာ အစာလည်း မစားဘူး အော်နေတာ ညတိုင်းပဲ အဲ့ဒါနဲ့အကြောင်းရင်းကို သိရအောင် ဒီပြန်ခေါ်လာတာပဲတဲ့ဗျာ။

ဒီလိုနဲ့ ဖခင်ဖြစ်သူကလည်း နွားမကြီးနဲ့ သားလေးရဲ့ အကြောင်းစုံရှင်းပြလိုက်တော့မှ ဝယ်သူက ဇာတ်ရည်လည်သွားပါတော့တယ်။ နောက်ပြီးတော့ ဝယ်သူကလည်းကျုပ် ဒီနွားမကြီးနဲ့ဒီသားလေးရဲ့ သံယောဇဉ်ကို မဖြတ်တော့ပါဘူးဗျာ ငွေလည်းပြန်မပေးပါနဲ့တော့ ကျုပ်လှူပါတယ်။

မိခင်မရှိတော့တဲ့ သားလေးအတွက် မိခင် မေတ္တာစိတ်နဲ့ နို့ ချိုတိုက်ကျွေးခဲ့တဲ့ ဒီနွားမကြီးနဲ့ဒီသားလေးဘ ဝ ရေဆက်ရှိသရွေ့ နေ ထိုင်ပါစေတော့ဗျာဆိုပြီး နွားမကြီးကို ထားခဲ့ပြီးပြန်သွားပါတော့တယ်ဗျာ။

တိရစ္ဆာန်ပင်ဖြစ်ပါစေ မျိုးမတူဘဝခြားပေမဲ့ သံယောဇဉ်နှောင်ဖွဲ့မှုတွေ မေတ္တာတရား ထားတတ်မှုတွေက ကျွန်တော်တို့ လူသားက ပိုလို့တောင် ရှိသင့်ပါတယ်။

ကျင်လည်ရတဲ့လူ့ဘဝ ခဏတာမှာ တစ်ဦးအပေါ် တစ်ဦးအပြန် အလှန် နားလည်မှုတွေ စာနာမှုတွေ မေတ္တာတရားတွေလွှမ်းခြုံပါသော လူ့အသိုက် အ ဝန်းတစ်ခုကို တည် ဆောက်နိုင်ပါရင် ဒီကမ္ဘာလောကကြီး သာ ယာအေးချမ်းသွားမှာအမှန်ပါပဲလေ။

ပရိတ်သတ်ကြီးအားလုံးလည်း နွားမကြီးနဲ့ သားလေးအပေါ် မှတ် ချက်လေးတွေ ရေသားခဲ့ပါအုံးနော်။ ဖတ်ရူ့အားပေးကြတဲ့ ပရိတ်သတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ ပိုင်ဆိုင်နိုင်ကြပါစေ ခင်ဗျာ။ Credit

Tags:

Add a Comment

Your email address will not be published. Required fields are marked *