မိခင်ဖြစ်သူ ကိုဗစ်ရောဂါ ပိုးကူးစက် ခံရပြီး အောက်ဆီဂျင် အရမ်းလိုအပ်နေလို့ အကူညီ တောင်းခံလာတဲ့ ပိုင်တံခွန်ရဲ့ အမ

မိခင်ဖြစ်သူ ကိုဗစ်ရောဂါ ပိုးကူးစက် ခံရပြီး အောက်ဆီဂျင် အရမ်းလိုအပ်နေလို့ အကူညီ တောင်းခံလာတဲ့ ပိုင်တံခွန်ရဲ့ အမ

မင်္ဂလာပါ ချစ်ပရိတ်သတ်ကြီးရေ ဖေဖော်ဝါရီလ (၁) ရက်နေ့က တည်းက စတင်ခဲ့တဲ့ တော်လှန်ရေးကြီးက ယနေ့ ထက်ထိကို မပြီးနိုင် သေးပါဘူး။

မတရား သဖြင့် ဖမ်းဆီထားတဲ့ ခေါင်ဆောင်ကြီး များနဲ့ပြည်သူများက ဆိုရင်လဲ ရှိနေဆဲပါပဲ ဖြစ်ပါတယ် ။

မတရား ဖမ်းဆီးထားပြီး ယနေ့ထက်တိုင် ပြန်မလွှတ်သေးတဲ့ သူတွေထဲမှာလဲ မော်ဒယ်နှင့် သရုပ်ဆောင် ပိုင်တံခွန်လဲ အပါအဝင်ပဲ ဖြစ်ပါတယ် ။

ပြန်လွှတ်လာ ခြင်းမရှိသေး တာကြောင့် ပိုင်တံခွန်ရဲ့ မိခင်နဲ့ မိသားစုဝင် တွေက ဝမ်းနည်းပြီး လွမ်းဆွတ် တမ်းတနေရပါတယ်။

ပိုင်တံခွန်ရဲ့မိခင်ကြီးကလဲ နေမကောင်းပြီး ဆေးခန်းပြရတဲ့ အထိ ဖြစ်သွား ခဲ့ပါတယ် ။ ယခု တစ်ခါမှာလဲ ကိုဗစ်ရောဂါနဲ့ ပတ်သတ်ပြီး အောက်ဆီဂျင်တွေ မလုံလောက် တာကြောင့် အကူ အညီတွေ တောင်းခံနေ ကြရပါတယ်။

ပိုင်တံခွန်ရဲ့ မိခင်ကြီး ဟာဆိုရင်လဲ အောက်ဆီဂျင် အရေးတစ်ကြီးလို အပ်နေကြောင်းကို ပိုင်တံခွန်ရဲ့ အမ ဖြစ်သူက သူမရဲ့ လူမှုကွန်ယက် စာမျက်နှာမှတဆင့် အကူ အညီ တောင်ခံလာတာပဲ ဖြစ်ပါတယ် ။

အောက်ဆီဂျင် အမြန် ဖြည့်လို့ ရမယ့်နေ ရာလေးညွှန်းပေးပါဗျာ အရမ်း အရေး ကြီးနေလို့ပါဗျာ

အမေ အ ခြေနေ မကောင်းတော့ လို့ပါဆိုပြီးတော့ ဝမ်းနည်းစရာ အဖြစ်အပျက်ကို ရေးသားဖော်ပြရင်း အကူအညီ တောင်းခံ လာတာပဲ ဖြစ်ပါတယ် ။

ပိုင်တံခွန်ရဲ့ မေမေလဲ အမြန်ဆုံး သက်သာ ပျောက် ကင်းပြီးမိသားစုနဲ့ အမြန်ဆုံး ပြန်ဆုံ ပါစေလို့ ဆု တောင်းပေးလိုက်ပါတယ် ။ Credit

Add a Comment

Your email address will not be published. Required fields are marked *