မိခင်ဖြစ်သူရဲ့ဆေးဖိုးအတွက် မီးသင်္ဂြိုဟ်တဲ့ အလုပ်ကို အရွယ်နဲ့မလိုက်အောင် လုပ်နေရတဲ့ (၁၁) နှစ်အရွယ်ကောင်လေး (အပြည့်စုံဖတ်ရန် ပုံကိုနှိပ်ကြည့်ပါ)

မိခင်ဖြစ်သူရဲ့ဆေးဖိုးအတွက် မီးသင်္ဂြိုဟ်တဲ့ အလုပ်ကို အရွယ်နဲ့မလိုက်အောင် လုပ်နေရတဲ့ (၁၁) နှစ်အရွယ်ကောင်လေး

မင်္ဂလာပါ ချစ်ပရိတ်သတ်ကြီးရေ အသက် (၁၁) နှစ်အရွယ်သာရှိသေးတဲ့ ကလေးငယ် တွေဆိုရင် သူတို့ရဲ့ဘဝက ကျောင်းမှာ သူငယ်ချင်းတွေနဲ့ ပျော်ပေါးပါး ကစားရမယ့် အရွယ်သာ ရှိပါသေးတယ်။

သို့ပေမဲ့ ယခုဖော်ပြပေးမဲ့ ၁၁ နှစ်အရွယ်ကောင်လေးတစ်ယောက်ဟာ အိပ်ရာပေါ်လှဲနေတဲ့မိခင်ကိုထောက် ပံ့ရန် မီးသင်္ဂြိုဟ် ခြင်းအလုပ်ကို လုပ်နေရပါတယ်။

ကောင်လေးရဲ့ ဖခင်ဟာ သူကလေးဘဝတုန်းက ကွယ် လွန်ပြီးနောက် မကြာမီမှာပင် မိခင်ဖြစ်သူက ဖျားနာခဲ့ပါတယ် ။ယခင်တုန်းကဆို သူ့အမေက မီးသင်္ဂြိုဟ်ခြင်းအလုပ် လုပ်ခဲ့ပါတယ်။

ယခုမှာ သူမအလုပ် မလုပ်နိုင်တော့ တာကြောင့် သားဖြစ်သူကို ထိုတွင် အလုပ်လုပ်ရန် စေလွှတ်ခဲ့ပါတယ်။ ကလေးငယ်ဟာ မီးသင်္ဂြိုဟ်ခြင်းမှာ ပထမဆုံး အလုပ်လုပ်တဲ့အခါမှာ သူဘယ်လိုဖြတ်သန်းမယ်ဆိုတာကို ပရိသတ်ကြီးတို့ပဲစဉ်းစားကြည့်ပါ။

သူဟာ အလောင်းများကို မီးရှို့ရန် တာဝန်ရှိသူဖြစ်ပြီး နေ့စဉ်မီးသင်္ဂြိုဟ် နေရဆဲပဲဖြစ်ပါတယ်။ အရွယ် ရောက်ပြီး သားလူကြီးတွေ တောင်မှ အလောင်းကို တစ်ယောက်တည်း မကြည့်ရဲကြပါဘူး ။

အလောင်းများကို မိမိလက်ဖြင့် မီးရှို့လုပ်ခြင်းဟာ ကြောက်စရာ ကောင်းတယ်လို့ ကောင်လေးက ဆိုခဲ့ပါတယ်။ အ လောင်းတွေ မီးရှို့တဲ့နေရာမှာသူက တစ်လလောက် ကြာအောင်နေခဲ့ရပါတယ်။

သူက ညဆိုင်းအလုပ် လုပ်တဲ့အခါမှာ ထိတ်လန့်တုန်လှုပ် ဖွယ်ကောင်းတဲ့ အရာတွေ ကြုံတွေ့နေရပါတယ်။ တခါတရံ သူကမီးသင်္ဂြိုဟ်ရာမှ ထွက်လာတဲ့ ထူးထူးဆန်းဆန်းအသံတွေ လဲကြားနေရပါတယ်။

များသောအားဖြင့် သူဟာ ညဆိုင်း ချိန်ပြီးတဲ့နော က် သူဟာ အိမ်ပြန်ပြီး မိခင်ကို ကျွေးမွေးပြု စုပေးပြီးမှသာ သူအိပ်ရာ ဝင်ရပါတယ်။ နောက်တစ်နေ့ နေထွက်လာတဲာအခါ သူ့ရဲ့အလုပ်အတွက် မီးသင်္ဂြိုဟ် တဲ့နေရာကို သွားရပါတယ်။

၎င်းဟာ ကောင်လေးအတွက် နေ့စဉ်လုပ်ရိုးလုပ်စဉ်တစ်ခုဖြစ်ပြီး မိသားစုကို ထောက်ပံ့ရန် တစ်ခုတည်းသော နည်းလမ်း ဖြစ်လာခဲ့ပါတယ်။

သူရဲ့ ဇာတ်လမ်းဟာ လူအများရဲ့အာရုံကို ဆွဲဆောင် နိုင်ခဲ့တဲ့အတွက် လူများစွာက လူငယ်လေးနဲ့ သူ့ မိခင်အတွက် ငွေကြေးတွေကို ကမ်း လှမ်းရန် သူ့ရှိရာနေရာကို လာရောက်ခဲ့ကြပါတယ်။

ကောင်လေးဟာ သူကျောင်းကို ပြန်သွားပြီး မကြာခင်မှာ အခြားကလေးတွေလို သာမန်ဘဝကို ပိုင်ဆိုင်နိုင်လိမ့်မယ်လို့ မျှော်လင့်နေပါတယ်။ Credit

Tags:

Add a Comment

Your email address will not be published. Required fields are marked *