မိခင်ကို ခြံအလုပ်လုပ်ပြီး ဂိမ်းစက်ပါရောင်းပစ်ကာ ကားဝယ်ပေးခဲ့တဲ့ (၁၃) နှစ်သားလေး (အပြည့်စုံဖတ်ရန် ပုံကိုနှိပ်ကြည့်ပါ)

မိခင်ကို ခြံအလုပ်လုပ်ပြီး ဂိမ်းစက်ပါရောင်းပစ်ကာ ကားဝယ်ပေးခဲ့တဲ့ (၁၃) နှစ်သားလေး (အပြည့်စုံဖတ်ရန် ပုံကိုနှိပ်ကြည့်ပါ)

မင်္ဂလာပါ ချစ်ပရိတ်သတ်ကြီးရေ အခုပြောပြ ပေးသွားမှာ ကတော့ မိခင်အတွက် ခြံအလုပ်လုပ်ပြီး ဂိမ်းစက်ပါ ရောင်းပစ်ကာ ကားဝယ်ပေးခဲ့တဲ့ (၁၃) နှစ်သားလေးဆိုတဲ့ အကြောင်းလေးပါ။ ခက်ခဲတဲ့ အချိန်တွေ ကုန်ဆုံးပြီး ပိုကောင်းတဲ့ ဘဝကိုရရှိဖို့ဆိုတဲ့ မျှော်လင့်ချက်တွေနဲ့ မိသားစုတစ်စုကတော့ နေရာအသစ် တစ်ခုကိုပြောင်းရွေ့ လာခဲ့ကြပါတယ်။

အဲဒီ မိသားစုကတော့ ခရစ်စတယ်ဂျွန်ပရီစတန် (Krystal June Preston) နဲ့ သူ့ရဲ့က လေး (၃) ဦးတို့ပဲ ဖြစ်ပါတယ်။ နီဗားဒါးပြည်နယ် (Nevada)ကိုသူတို့ သားအမိတစ် တွေ ပြောင်းရွှေ့ပြီးသွားတဲ့ အချိန်မှာလည်း လမ်းပန်းဆက်သွယ်ရေးလည်း အ ဆင်မပြေခဲ့ပါဘူး။ ကိုယ်ပိုင်ကားလည်းမရှိတော့ မလွယ်ကူခဲ့ဘူးလို့ သိရပါတယ်။

ဒါပေမဲ့ ခရစ်စတယ်က အံ့အားသင့်စရာ တစ်ခုကိုကြုံတွေ့ခဲ့ရပါတယ်။ သူ့ရဲ့ သားအကြီးဆုံးဖြစ်တဲ့ (၁၃) နှစ်ကလေးလေးဝီလျံ ပရီစတန်က သူ့ကိုကားတစ်စီးနဲ့ အံ့အားသင့်သွား အောင်လုပ်ခဲ့တာပါ။ ဝီလျံမှာ သူ့ရဲ့ချစ်လှစွာသော အမေသွားရလာရတာ အဆင်ပြေဖို့အ တွက် ကူညီပေးနိုင်မယ့် အစီအစဉ်ရှိခဲ့တာပါ။

ဝီလျံက တခြားကလေးတွေလုပ်လေ့လုပ်ထ မရှိတဲ့အရာတစ်ခုခုကိုလုပ်ပြီး သူ့အမေကိုကူညီပေးဖို့ ကြိုးစား ခဲ့တာပဲ ဖြစ်ပါတယ်။ အဲဒါကတော့ သူ့အမေကားတစ်စီး ရဖို့အ တွက် အလုပ်တွေလုပ်နေခဲ့လို့ပါပဲ။

ဝီလျံက သူ့အမေဆီလာပြီး မေမေ သားကားတစ်စီးဝယ်ခဲ့တယ်လို့ပြောတော့ သူ့အမေကရယ် မောပြီး ဟုတ်လား တကယ်ပေါ့လို့ မယုံတဲ့ပုံစံနဲ့ ပြောခဲ့ပါတယ်။ ဝီလျံကလည်း မ ဟုတ်ဘူး အမေ သားတကယ် ပြောနေတာ။ လာပါ သားတို့သွားကြည့် ကြမယ်လို့ ပြောပါတယ်။

အဲဒါနဲ့ သူ့အမေလည်းနည်းနည်း ခေါင်းရှုပ်သွားပြီး ဘယ်နေရာကို သွားမှာလဲလို့တောင် ပြန်ပြီး မေးယူခဲ့ရပါတယ်။ ဝီလျံရဲ့အမေလည်း သူ့သားပြောနေတာ တွေကိုနားမလည်စွာနဲ့ပဲ သူခေါ်တဲ့နောက်ကို လိုက်သွားခဲ့ပါတယ်။

အိမ်အပြင်ဘက်ရောက်တော့ အမျိုး သမီးတစ်ဦး စောင့်နေတာကို တွေ့ခဲ့ရတယ်။ ဒီအန်တီက ကားမောင်းပို့ပေးခဲ့တာ ဒါကအမေရဲ့ ကားလေးလို့ ဝီလျံကပြောတော့ ခရစ်စတယ်လည်း မျက်ရည် ကျခဲ့ရပါတယ်။

ဝီလျံနဲ့ပါလာတဲ့ အမျိုးသမီးကတော့ ဝီလျံ တို့နေတဲ့ နေရာအနီးနားကပဲ အွန်လိုင်းပေါ်ကနေ ဈေးသင့်တဲ့ ကားတွေကို ရောင်းနေတဲ့သူပါပဲ။ ဝီလျံကအဲဒီအမျိုးသမီးကို မြင်တွေ့ပြီး သူ့ရဲ့Xbox ဂိမ်း စက်ကိုကားနဲ့ အလဲလှယ် လုပ်ပေးဖို့သူ့အတွက် ခြံအလုပ်တွေလည်း လုပ်ပေးမယ်လို့ တောင်းဆို ခဲ့တာပဲဖြစ်ပါတယ်။

အစကတော့ အဲဒီအမျိုးသမီးက ဝီလျံရဲ့ကမ်းလှမ်းချက်ကို ငြင်းခဲ့ပေမဲ့ နောက်ပိုင်းကျတော့ အဲဒီအကြောင်း သေချာစဉ်းစားပြီး သူသဘောတူတဲ့ အကြောင်းစာပို့ခဲ့ပါတယ်။ အဲဒီကတည်းက ဝီလျံက အဲဒီ ကြင်နာတတ်တဲ့ အမျိုးသမီး အတွက် ခြံအလုပ် တွေလုပ်ပေးနေခဲ့တာပါ။

ဝီလျံက ကားအတွက်ငွေပေး ချေတဲ့အနေနဲ့ Xbox ဂိမ်းစက်ကို ရောင်းပစ်ခဲ့တဲ့အပြင် အဲဒီ အမျိုးသမီးအတွက် အ လုပ်လုပ်ပေးခဲ့ပါတယ်။ ခရစ်စတယ်က သူ့ကိုကူညီဖို့ လုပ်ခဲ့တဲ့ သူ့သားရဲ့လုပ်ရပ်အ တွက် အရမ်းဂုဏ်ယူနေတဲ့အပြင် ကျေးဇူးလည်းတင်လို့မဆုံး ဖြစ်နေ ပါတယ်။

ကျွန်မရဲ့ သားအတွက် အရမ်းဂုဏ်ယူမိပါတယ်။ သားလေးက လိမ္မာပြီးတော်တဲ့က လေးလေးပါ။ အသက် (၁၃) နှစ်အရွယ်ကလေးလေးက သူ့ရဲ့အမေကိုကားဝယ်ပေးဖို့ အလုပ်လုပ် နေခဲ့တာကို သိရတာ အံ့အား သင့်ရပါတယ်။ ဝီလျံ၊ သားကိုအမေချစ်တယ် ကျေးဇူးလည်းတင်ပါတယ်။

သားက နှလုံးရည်ပြည့်ဝတဲ့သူပါပဲလို့ ခရစ်စတယ်ကပြောပါတယ်။ လူမှုကွန်ရက် အသုံး ပြု သူတွေကလည်း ဝီလျံရဲ့လုပ်ရပ်ကို လေ းစားလို့နေပြီး ဝီလျံကို ကူညီပေးချင်တဲ့အတွက် GoFundMe ပေ့ချ်ကို ထောင်လာခဲ့ပါတယ်။

GoFundMe ကနေ ဝီလျံရဲ့ မိသားစုအတွက် ဒေါ်လာ (၁၃၀၀၀) ကိုလည်းရရှိခဲ့ပါတယ်။ ဆိုတဲ့အကြောင်းကို ပရိတ်သတ်ကြီးတို့ အ တွက် ပြန် လည် မျှဝေပေးလိုက်ပါတယ်။ Credit

Tags:

Add a Comment

Your email address will not be published. Required fields are marked *