မိကျောင်းတွေ စားလို့ကျန်တဲ့ သမီးလေးရဲ့ခေါင်းကို ရင်ဝယ်ပိုက်ပြီးတော့ ရှိက်ကြီးတငင် ငိုကြွေးနေတဲ့ မိခင်ရဲ့အဖြစ် (အပြည့်စုံဖတ်ရန် ပုံကိုနှိပ်ကြည့်ပါ)

မိကျောင်းတွေ စားလို့ကျန်တဲ့ သမီးလေးရဲ့ခေါင်းကို ရင်ဝယ်ပိုက်ပြီးတော့ ရှိက်ကြီးတငင် ငိုကြွေးနေတဲ့ မိခင်ရဲ့အဖြစ်

မင်္ဂလာပါ ချစ်ပရိတ်သတ်ကြီးရေ ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းက ကမ္ဘောဒီးယား နိုင်ငံမှာ အင်မတန် ကြေကွဲစရာ ကောင်းတဲ့ အဖြစ် အပျက်လေး တစ်ခုဖြစ်ပွားလာခဲ့တာပါ။ ဒီဖြစ်ရပ်လေးက နှစ်နှစ် အရွယ်သမီးလေးဟာ မီကျောင်းတွေ မွေးမြူထားတဲ့ တွင်းထဲ ကျပြီးတော့ အရှင် လတ်လတ် မိကျောင်းစားတာ ခံလိုက်ရပါတယ်။

ဒီဖြစ်ရပ်ကို မြင်တွေ့လိုက်ရသော သမီးငယ်လေးရဲ့ ဖခင်ဖြစ်သူက သမီးဆိုတဲ့ စိတ်နဲ့ မိကျောင်းကန်ထဲကို ခုန်ဆင်းပြီးတာ့ သမီးလေးကို ကယ်တင်ဖို့ကြိုးစားလာခဲ့ပါတယ်။ သို့ပေမယ့်လည်း သူကယ်တင်ဖို့ ဆင်းသွားတဲ့အချိန်မှာတော့ မီကျောင်းတွေ ကိုက်စားလို့ သမီးလေးရဲ့ ခန္ဓာ ကိုယ်က တစစီဖြစ်နေပြီးတော့ ဦးခေါင်းသာ ကျန်ရှိပါတော့တယ်။

ဖခင်ဖြစ်သူ ကိုယ်တိုင်လည်း မိကျောင်းတွေ လက်ထဲက သမီးလေးရဲ့ခေါင်းကိုလုပြီး အပေါ်ကိုရအောင်ပြန်တက် လာခဲ့ရပါတယ်။ မိခင်ဖြစ်သူ အမျိုး သမီးကဆိုရင်လည်း သူ့မျက်စိရှေ့ကို ရောက်လာတဲ့ သမီးလေးရဲ့ခေါင်းကို ကြည့်ပြီးတော့ ဖြေ မဆည်နိုင်ဖြစ်ပြီး သတိ မေ့မျော သွားမလိုတောင် ဖြစ်ခဲ့ရပါတယ်။

ထို့အပြင် ကျန်ရှိနေသေးတဲ့ သမီး ခေါင်းကို ရင်မှာပိုက်ပြီး ရှိက်ကြီး တငင်ငင် ငိုကြွေးနေတာကို မြင်ရရုံနဲ့ ပရိတ်သတ်ကြီးအားလုံးလည်း သူမ ရင်ထဲက ပူဆွေး သော ကတွေကို မြင်နိုင်ကြမယ်လို့ ထင်ပါတယ်။

ဖတ်ရူ့အားပေးကြတဲ့ ပရိတ်သတ်ကြီးအားလုံးလည်း သာယာ ပျော်ရွှင်တဲ့ နေ့လေး တစ်နေ့ ပိုင်ဆိုင် နိုင်ကြပါစေလို့ ဆုတောင်း ပေးလိုက်ပါတယ် ခင်ဗျာ။ Source; ; Myanmarload.com

Tags:

Add a Comment

Your email address will not be published. Required fields are marked *