မာယာ များလွန်းလှတဲ့ ကိုဗစ်ကြောင့် ဆုံးရှုံးမှုတွေ အရမ်းကိုများခဲ့ရကြောင်းကို ဝမ်းနည်းစွာနဲ့ ပြောပြလာတဲ့ တေးသံရှင် ချယ်ရီသင်း

မာယာ များလွန်းလှတဲ့ ကိုဗစ်ကြောင့် ဆုံးရှုံးမှုတွေ အရမ်းကိုများခဲ့ရကြောင်းကို ဝမ်းနည်းစွာနဲ့ ပြောပြလာတဲ့ တေးသံရှင် ချယ်ရီသင်း

မင်္ဂလာပါ ချစ်ပရိတ်သတ်ကြီးရေ ဒီရက်ပိုင်း အထိတော့ ကိုဗစ် ရောဂါ ကူးစက်မှုတွေ မြင့်တက် နေသေးသလို ပြန်လည် ကောင်းမွန် လာသူတွေလည်းရှိနေတာ တွေ့ရပါတယ် ။

တစ်ချို့ ရောဂါ ဒဏ်မခံနိုင်လို့ သေဆုံး ကြသူတွေလည်း ရှိနေသေးပါတယ်။

အနုပညာ ရှင်တွေထဲမှာလည်း ကိုဗစ်ကြောင့် သေဆုံးသူတွေ များစွာရှိနေတာကြောင့် ပရိတ်သတ်တွေကလည်း စိတ်မကောင်းဖြစ်နေကြတာပါ ။

မနေ့က ဆိုရင်လည်း ချယ်ရီသင်းက သူရဲ့ ဖေ့ဘွတ်စာမျက်နှာကနေ တစ်ဆင့် စိတ်မကောင်းစရာ သတင်းလေးကို ဝေမျှလာပါတယ် ။

ဒါကတော့ ကိုဗစ်ကြောင့် သူရဲ့ မိသားစုဝင် တွေထဲမှာ အသက် ဆုံးရှုံးရသူတွေ များစွာရှိလာလို့ ဖြေဆည်မရ ဖြစ်နေကြောင်းပဲ ဖြစ်ပါတယ် ။

” ကိုဗစ်က မာယာများတယ် July -19 တုန်းက အကိုဝမ်းကွဲကို သန့်စင်ဆုံးတယ် July -29 မနေ့ကျ ကိုသန့်စင်ရဲ့ အဖေ ဦးညီအေးဆုံးတယ်။

(သားအဖတွေ -၁၀ ရက်ပဲကွာတယ်) အခု July -30 အကို ဝမ်းကွဲ ကိုပိုက်အေးဆုံးတယ် ဒီအကိုဆို အနီး ကပ်ကို ချယ်ပြုစုပေးခဲ့တာ နေ့လည်ခင်းက အထိအကောင်းဆုံး ပြုစုပေးခဲ့တယ်။

အောက်ဆီဂျင်တောင် – 70 နဲ့ 80 ကြားထိရှိတယ် ။ သက်သာပြီ ဆိုပြီးမနေ့တည်းက မအိပ်ရသေးလို့ အိမ်ခနပြန်တာ ခနနေတော့ဆုံးပြီတဲ့ သေခြင်းတရားရယ် နေ့မြင် နေ့ပျောက်ကြီးပါလား။

ပြီးတော့ အကို့အတွက် မရရအောင် ကူညီပေးကြတဲ့ ကို Drummer Ko Aung Refresh ကို လေးမြင့်ဝင်း ကို Kan Drummer အကိုတွေ အားလုံးလည်း အစွမ်း ကုန် ကြိုးစားပေးခဲ့ပါတယ်။

တကယ် ကျေးဇူး အထူးတင်ပါတယ်။ ပြီးတော့ မနက်က အောက်ဆီဂျင်လိုလို့ ကူညီပေးတဲ့ အကို ဇေယျာမင်းကိုလည်း ကျေးဇူး အထူးပါ အသက်ရှင်တဲ့

အချိန်မှာ ပျော်အောင်နေပါ အချိန်တွေ နာရီတွေက ဒဏ္ဍာရီဆန်ပါတယ် ” ရေးသားဖော်ပြထားရာ ဖတ်ပြီး စိတ်မကောင်းဖြစ်မိပါတယ် ။

ပရိသတ်ကြီးအားလုံးလည်း ချယ်ရီသင်း မိသားစုနဲ့ ထပ်တူ ဝမ်းနည်း နေကြမယ်လို့ ထင်မိပါတယ်။

အဆုံးထိဖတ်ပေးကြတဲ့ ပရိတ်သတ် တစ်ယောက်ခြင်းစီတိုင်း အထူး ကျေးဇူး တင်လျက်ပါ။ Credit

Add a Comment

Your email address will not be published. Required fields are marked *