မဟာဗောဓိမြိုင်ဆရာတော်ကြီးမိန့်တော်မူသော “အနန္တ… ရေတော်”

မဟာဗောဓိမြိုင်ဆရာတော်ကြီးမိန့်တော်မူသော “အနန္တ… ရေတော်”

ယနေ့မြန်မာပြည်မှာကျနော်အကြည်ညိုဆုံးသံဃာတော်တစ်ပါးဖြစ်တဲ့ မဟာဗောဓိမြိုင်ဆရာတော်ကြီးပေးတဲ့

အနန္တရေအကြောင်းကိုမိတ်ဆွေတို့အတွက်မျှဝေပေးပါရစေ။အခုအချိန်အခါအရလည်းမျှဝေဖို့တကယ်လိုအပ်နေပါတယ်။

မဟာဗောဓိမြိုင်ဆရာတော်ကြီးငယ်စဉ်အခါအသက်လေးဆယ်ဝန်းကျင်လောက်တုန်းက

သမထကိုအလွန်ပြင်းထန်တဲ့ဓူတင်တွေနဲ့လုံ့လကြီးစွာအားထုတ်ခဲ့ပါတယ်။

နေသဇ္ဇိကဓူတင်နဲ့အားထုတ်ကျင့်ကြံရာမှာအနေ၊အစား၊အအိပ်တွေမမှန်တော့တဲ့အတွက်

တစ်နေ့တစ်ခြားကျန်းမာရေးချို့ယွင်းလာပါတော့တယ်။

နောက်ဆုံးမှာတော့သွေးဝမ်းတွေပါလာပြီးလူကမျော့မျော့ပဲကျန်ပါတော့တယ်။

တစ်ညမှာတော့အိပ်ရင်းနဲ့ထူးဆန်းတဲ့အိပ်မက်တစ်ခုမက်ပါတယ်။

အိပ်မက်ထဲမှာဆရာတော်လောင်းကိုနယ်ပြောင်းခိုင်းတာပါ။

အောက်မြန်မာပြည်ကနေအထက်မြန်မာပြည်ဘက်ကိုပြောင်းပြီးတရားကျင့်ဖို့ပြောတာဖြစ်တယ်။

ဒါနဲ့ဆရာတော်လည်းပြောင်းရတော့တာပေါ့။

အထက်မြန်မာပြည်ကိုခရီးသွားရင်းနဲ့မြေလတ်ဒေသမုန်တိုင်ဆည်နားမှာခရီးတစ်ထောက်နားတုန်

ဥပတိရုပ်ကောင်းကောင်းနဲ့ထူးဆန်းတဲ့လူတစ်ယောက်ရောက်လာပါတယ်။

ဆရာတော်ကိုဦးချပြီးလျှောက်ထားပါတယ်။သူလျှောက်ထားတာကိုအတိုချုံးပြီးပြောပြရရင်တော့-

`အရှင်ဘုရားမြေတို့မည်သည်ရေနှင့်မကင်းကောင်းပါဘုရား၊

အရှင်ဘုရားရဲ့ကိုယ်မှာလည်းမြေဓာတ်၂၀နဲ့တည်ဆောက်ထားလေတော့ရေကိုများများသောက်ပေးဖို့လိုနေတယ်ဘုရား။

သောက်နည်းကိုတပည့်တော်ပေးပါရစေ။

၁။ပထမတစ်ကျိုက်သောက်ရင်-ဗုဒ္ဓဂုဏောအနန္တောလို့ရွတ်ပြီးမျိုချ၊စိတ်ကဘုရားဂုဏ်တော်ကိုမှန်း။

၂။ဒုတိယတစ်ကျိုက်သောက်ရင်-ဓမ္မဂုဏောအနန္တောလို့ရွတ်ပြီးမျိုချ၊စိတ်ထဲကတရားဂုဏ်တော်ကိုမှန်း။

၃။တတိယတစ်ကျိုက်သောက်ရင်-သံဃဂုနောအနန္တောလို့ရွတ်ပြီးမျိုချ၊စိတ်ထဲကသံဃဂုဏ်တော်ကိုမှန်း။

၄။စတုတ္ထတစ်ကျိုက်သောက်ရင်-မာတာပိတုဂုနောအနန္တောလို့ရွတ်ပြီးမျိုချ၊စိတ်ထဲကအမိအဖမျက်နှာကိုမှန်း။

၅။ပဉ္စမတစ်ကြိုက်သောက်ရင်၊အာစရိယဂုနောအနန္တောလို့ရွတ်ပြီးမျိုချ၊စိတ်ထဲကမိမိကိုအကျိုးများစေခဲ့တဲ့ဆရာရဲ့မျက်နှာကိုမှန်း။

အဲဒီနည်းနဲ့တတ်နိုင်သလောက်နေ့စဉ်ရေသောက်ပေးပါ၊

အနန္တရေဖြစ်တယ်၊ဒီလိုသာစွဲစြွဲမဲမြဲသောက်ပေးသွားရင်ဆေးမလိုပဲ

ရှေးပုဂ္ဂိုလ်တွေလိုအရည်အသွေးအလိုလိုပြည့်မှီလာပါလိမ့်မယ်ဘုရားလို့လျှောက်ထားပြီးနောက်

ဆရာတော်လောင်းကိုဦးချပြီးထွက်သွားပါတယ်။

အထက်မြန်မာပြည်ရောက်သွားတော့ဆရာတော်လည်းအဲဒီနည်းအတိုင်းအနန္တရေကိုစသောက်ပါတယ်။

ရေသောက်လို့၅ရက်ပြီးမြောက်တဲ့နေ့မှာပဲ၅နှစ်တာခံစားခဲ့ရတဲ့တစ်ကိုယ်လုံးကရောဂါဝေဒနာတွေယူပစ်သလိုပျောက်ကင်းသွားပါတယ်။

ဒီလိုနဲ့တရားအားထုတ်လာခဲ့လိုက်တာယနေ့အချိန်မှာတော့ဆရာတော်ကြီးဟာရဟန္တာကြီးတစ်ဆူအဖြစ်တောင်သမုတ်နေကြပြီမဟုတ်ပါလား။

အနန္တရေဟာအင်မတန်အစွမ်းကြီးပါတယ်။

ဘာကြောင့်လဲဆိုရင်လောကမှာဘုရား၊တရား၊သံဃာ၊မိဘ၊ဆရာတို့ရဲ့

ဂုဏ်ကျေးဇူးနဲ့မေတ္တာဂရုဏာတွေဟာအတိုင်းအဆမရှိမရေတွက်နိုင်လောက်အောင်ကြီးမားလှပါတယ်။

အဲဒီဂုဏ်တွေကမျက်စိနဲ့မမြင်ရပေမဲ့ရေခွက်ထဲကရေထဲကိုဝင်ရောက်သွားတဲ့အခါမှာ

အလွန်စွမ်းတဲ့ဆေးတစ်ခွက်ဖြစ်သွားပြီးမိမိကိုကောင်းကျိုးပြုပေးပါတယ်။

အဲ့လိုရွတ်ပြီးသောက်တာကြာလာလေထုံလာလေအစွမ်းကြီးလေအကျိုးပေးလေပါပဲ။

မိမိကိုယ်တိုင်သာသီလလုံပါစေ၊အနန္တရေနေ့စဉ်သောက်ရင်ကျန်းမာစေရုံမကအန္တရာယ်လည်းကင်းစေပါတယ်။

မိတ်ဆွေတို့တစ်သက်လုံးသောက်သွားရမယ့်၊ဆရာတော်ကြီးပေးတဲ့အနန္တရေပဲဖြစ်ပါတယ်။

မဟာဗောဓိမြိုင်ဆရာတော်ကြီးဟာယ္ခုလည်းအထက်မြန်မာပြည်တစ်နေရာမှာသီတင်းသုံးလျှက်ရှိနေပါတယ်။

ညစဉ်(၇)နာရီတိတိမှာတစ်လောကလုံးကိုမေတ္တာပို့ပါတယ်။

ဆရာတော်ကြီးရဲ့မေတ္တာခံယူချင်တယ်ဆိုရင်ည(၇)နာရီတိတိမှာဆရာတော်ကြီးကိုအာရုံပြုပြီး

`ဆရာတော်ပို့သသောမေတ္တာကိုတပည့်တော်မှခံယူပါ၏´ လို့မိမိစိတ်ထဲကနေရွတ်ပေးပါ။ပို့သတဲ့မေတ္တာကိုရပါလိမ့်မယ်။

ဆရာတော်ကြီးပေးတဲ့နည်းကအင်မတန်ရိုးရှင်းလွယ်ကူလှပါတယ်။

စွဲစွဲမြဲမြဲလုပ်သွားရင်အကျိုးကျေးဇူးတွေအများကြီးခံစားရမယ်ဆိုတာကိုကိုယ့်တွေ့နဲ့မျှဝေလိုက်ခြင်းဖြစ်ပါတယ်။

မဟာဗောဓိမြိုင်ဆရာတော်ကြီးကျန်းမာ၍အသက်ရာကျော်ရှည်ပါစေ။

မိတ်ဆွေအပေါင်းတို့လည်းထာဝရကျန်းမာရွှင်လန်းကြပါစေ။
ချစ်ခင်လေးစားလျှက်…..

(အကျယ်ကိုဗုဒ္ဓအလိုကျအနာရောဂါကင်းရှင်းခြင်းစာအုပ်မှာရေးထားပါသည်) Credit to original uploader

ဓမ္မဝိဟာရီ 7/1/2021

Add a Comment

Your email address will not be published. Required fields are marked *