မသိတတ်တဲ့ မိဘတချို့ရဲ့ သားသမီးတွေဘ၀က တကယ်ကိုစိတ်မကောင်းစရာပါ

မသိတတ်တဲ့ မိဘတချို့ရဲ့ သားသမီးတွေဘ၀က တကယ်ကိုစိတ်မကောင်းစရာပါ

မိဘတိုင်း သား သမီးတိုင်းကို မဆိုလိုဘူးနော် ။ ကောင်းတဲ့ မိဘ ရှိသလို ဆိုးတဲ့ မိဘလဲ ရှိတယ်။ လိမ္မာတဲ့ သားသမီး ရှိသလို မလိမ္မာတဲ့ သားသမီးလဲ ရှိပါတယ်။

များသော အားဖြင့် သေမြေကြီး ရှင်ရွှေထီး ဆိုတဲ့ စိတ်မျိုးနဲ့ တိုင်းတစ်ပါး ထွက်လာပြီး အလုပ်လုပ်နေကြ သူအများစုက အသောက်အစား ရှိနေကြပါပေမယ့် လစာထွက်ရင် မိဘတွေကို ဦးဦးဖျားဖျား ပို့ကြတာများပါတယ်။

အသောက်အစား အပျော်အပါး ရှိတတ်ကြပေမယ့် ဘာသာ သာသနာ နဲ့ လူမျိုးအကျိုးကို အစုအဖွဲ့အလိုက် ဆောင်ရွက် နေကြတာများသလို မိဘကျေး ဇူးကိုလဲ သိတတ် ဆပ်တတ်ကြတာ များပါတယ် ။

တပည့်တော်တော် များများထဲမှာ တွေ့ရတာက အလုပ် အကိုင်ကောင်းပြီး ငွေကြေးအဆင်မပြေ ငွေမစု မိကြတာ များပါတယ်။

အချိန်တန်လို့ပဲ ဖြစ်ဖြစ် အချိန်မတန်ပဲဖြစ်ဖြစ် အကြောင်း အမျိုးမျိုးကြောင့် ပြည်တော်ပြန် အိမ်ပြန်ကြတဲ့အခါ ငွေကြေး စုမိ ဆောင်းမိထားသူ သိပ် မရှိပဲ လက်ဗလာနဲ့ ပြန်ကြတာများသလို ကျန်ရှိနေခဲ့တဲ့ မိဘတွေကလဲ သားသမီးတွေ ပြန်လာရင် အဆင်ပြေပြေ နေနိုင်အောင် လုပ်ငန်းလေးတွေ အစပျိုးပေးထားဖို့

နေနေ သာသာ သားသမီးတွေ နိုင်ငံခြားမှာရှိတယ် အချိန်တန် လစာထွက်ရင် ငွေပို့လာမယ်ဆိုတဲ့ စိတ်မျိုးနဲ့ပဲ အေးဆေးမနေပဲ အသောက်အစား အပျော်အပါး လောင်းကစားတွေ များပါတယ်။

တိုင်းတစ်ပါးမှာ ဆင်းဆင်း ရဲရဲ လုပ်ကိုင်နေထိုင်ကာ ငွေရှာနေကြတဲ့ သားသမီးတွေကပဲ မိဘကျန်းမာရေးကိစ္စမဟုတ်တဲ့ လောင်းကစားကြွေးကိုပဲ အလည်မီအောင် ကြိုးစား ဆပ်ပေးနေရင်း ဒုံရင်း ဒုံရင်း ဖြစ်နေတတ်ကြတယ်။

ဘာရယ်လို့ မဟုတ်ပါ ဒီပုံလေးကို မြင်ပြီး ဆင်းဆင်းရဲရဲ နေထိုင် လုပ်ကိုင်စားသောက်ကာ မိဘကျေးဇူးဆပ်နေကြတဲ့ လိမ္မာတဲ့ တပည့်တွေကို သတိရသွားလို့ပါဗျာ … crd ; ရွှေပါရမီ ပညာဒါန – ထိုင်းနိုင်ငံ

Add a Comment

Your email address will not be published. Required fields are marked *