အဖိုးအို အမှိုက်ကောက်နေတဲ့နေရာမှာ အမှိုက်ပစ်ချသွားကြတဲ့ လမ်းသွားသူမျာ (အပြည့်စုံဖတ်ရန် ပုံကိုနှိပ်ကြည့်ပါ)

မသန်မစွမ်းအဖိုးအို အမှိုက်ကောက်နေတဲ့နေရာမှာ အမှိုက်ပစ်ချသွားကြတဲ့ လမ်းသွားသူများ

မင်္ဂလာပါ ချစ်ပရိတ်သတ်ကြီးရေ ခုပြောပြမယ့် အကြောင်းလေးကတော့ လူဖြစ်လာရင် ကိုယ်ချင်းစာတရားဆိုတာ မရှိမဖြစ် ရှိသင့်တာဘဲ ဖြစ်ပါတယ်။ သို့မှသာ လူပီသတဲ့ လူဖြစ်လာမှာပါ။

ဖိလစ်ပိုင်နိုင်ငံက ဇန်ဘိုအန်ဂါ ပြည်နယ် ပါဂါဒီယန် မြို့ရှိ ဈေးတစ်ခုမှာ မသန်မစွမ်း အ ဖိုးအိုတစ်ယောက်က လမ်းပေါ်မှာ အမှိုက်ကောက်အလုပ်လုပ်နေတဲ့ ဓာတ်ပုံတစ်ပုံထွက်ပေါ်လာခဲ့ပါတယ်။

၎င်း ဓာတ်ပုံကိုတော့ မြင်ကြတဲ့ အင်တာနက်အသုံးပြုသူများက မသန်မစွမ်း အမှိုက်ကောက်ခိုင်းတဲ့ ဈေးမြူနီစပယ် တာဝန်ရှိသူများကို အပြစ်တင်လာခဲ့ကြပါတယ်။ အဖိုးအို အမှိုက်ကောက်နေတုန်းမှာတောင်ဘဲ အမှိုက်များ လွှင့်ပစ်ခဲ့ကြတဲ့ လမ်းသွားလမ်းလာများကိုလည်း ဝေဖန်လာခဲ့ပါတယ်။

အမှိုက်ကောက်နေတဲ့ အဖိုးအိုဓာတ်ပုံကို ရိုက်ကူးပြီး ဆိုရှယ်မီဒီယာပေါ် အကူအညီတောင်းခဲ့ သူတစ်ဦးက အဖိုးအိုက မသန်မစွမ်းဖြစ်ပြီး ဈေး ဂိတ် (၇) မှာ မြူနီစပယ်က အမှိုက်ရှင်းပေးရင် လုပ်ခပေးမယ်ဆိုလို့ ရှင်းလင်းနေတာ ဖြစ်ပါတယ်။

ဒီလို မသန်မစွမ်း အဖိုးအိုကို အခုလိုအ လုပ်ကြမ်းလုပ်ခွင့်ပြုခဲ့တဲ့ မြူနီစပယ်လူကြီးတွေက လူစိတ်မရှိတဲ့ လူတွေဖြစ်ကြသလို အဖိုးအိုရှင်းနေတုန်းမှာပဲ အမှိုက်ပစ်သွားကြတဲ့ လမ်းသွားလမ်းလာတွေကလည်းတော်တော်ရက်စက်ကြပါတယ် လို့ပြောဆိုပြီး အကူညီတောင်းလာခဲ့ပါတယ်။

မသန်မစွမ်းအဖိုးအိုရဲ့သန့်ရှင်းရေးလုပ်နေတဲ့ ဓာတ်ပုံက အင်တာနက်မှာ လူသိများခဲ့ပြီး အဖိုးအိုကို ပိုပြီး သက်သာတဲ့ အလုပ်တစ်ခုရရှိအောင် ရှာပေးမယ်ဆိုတဲ့ သူတွေလည်း ပေါ်ထွက်ခဲ့ပါတယ်။

ဒါ့အပြင် အခုလို မသန်မစွမ်းအရွယ်မှာမှ အသက်ရှင်ရေးအတွက် ကြိုးပမ်းနေရတဲ့ အဖိုးအိုကို ငွေကြေးများ စုပေါင်းလျှုဒါန်းဖို့ ပြင်ဆင်နေကြတယ် လို့သိရပါတယ်။

တစ်ချို့သော သုံးစွဲသူများကလည်း ဓာတ်ပုံရိုက်လာခဲ့သူကို တကယ် ထိရောက်တဲ့ အကူ အညီမပေးဘဲ ဓာတ်ပုံသာရိုက်လာခဲ့တဲ့အ တွက် ဝေဖန်နေပြီးတော့ ဓာတ်ပုံရိုက်ကူးခဲ့သူကတော့ Social Media ပေါ်တင်ခြင်းက အ ဖိုးအိုကို သူအကူအညီပေးနိုင်တာထက်ပိုသာလွန် တယ်လို့ ပြန်လည် ချေပလာခဲ့ပါတယ်။ Credit

Tags:

Add a Comment

Your email address will not be published. Required fields are marked *