မယုံနိုင်သေးလို့ ဖခင်ရဲ့အခေါင်းကို ခဏခဏ သွားချောင်းနေတဲ့ ကိုဝေလင်းဦးရဲ့သားလေး (အပြည့်စုံဖတ်ရန် ပုံကိုနှိပ်ကြည့်ပါ)

မယုံနိုင်သေးလို့ ဖခင်ရဲ့အခေါင်းကို ခဏခဏ သွားချောင်းနေတဲ့ ကိုဝေလင်းဦးရဲ့သားလေး

မင်္ဂလာပါ ယခု တင်ဆက် ပေးသွား မှာကတော့ သားဖြစ်သူက သူ့ဖခင်ရဲ့ သေ ဆုံး မှု ကို မယုံနိုင်သေးတာကြောင့် ခဏခဏ အ ခေါင်း ကို ဖွင့်ပြီး ချောင်းကြည့်နေတဲ့ အကြောင်းလေးပဲ ဖြစ်ပါတယ်။

ယနေ့အထိ ကျနော်တို့ နိုင် ငံ မှာ ကျ ဆုံး သူ ဦးရေဟာ အတော်လေးကို များပြားနေပါတယ်။ နွေ ဦး မှာ ကြွေ လွင့် ခဲ့ရတဲ့ အဖူး အပွင့်လေးတွေလည်း အရမ်းကို များနေပါပြီ။

တချို့ဆို ပညာ တတ်တွေ။ တချို့ ကလည်း ဖခင် ကောင်းတွေ။ ဒီလိုလူတွေ ဦး ဆောင် ပြီး တိုက်နေတဲ့ တိုက် ပွဲဟာ မ အောင် ပဲ ရှိပါ့မလား။ ကျနော်တို့ အများကြီး စွန့်လွှတ် ဆုံးရှုံး ခဲ့ရပြီးပြီ။ ဒီထက်ပိုပြီး အဆုံးရှုံး မခံနိုင်တော့ဘူး။

တချို့ကလေးငယ်တွေ မိဘ မဲ့ ဖြစ်ကုန်ပြီ။ တချို့တွေ ဖခင်မရှိတော့ဘူး။ မိဘတွေလည်း သားသမီးတွေ ဆုံးရှုံးနေကြရပြီးပြီ။ တချို့ထမင်းဝိုင်းတွေ လူမစုံသလို တချို့နာရေးအိမ်ဟာလည်း သာမန်လောက်တောင် လူမစည်ကားခဲ့ဘူး။

ကျနော်တို့ နိုင် ငံ ကြီး က ဇာတ်ကားတွေထဲမှာသာ မြင်ဖူးတဲ့ မြို့ပျက်ကြီးလို ယခုလက်ရှိမှာ မီးခိုးငွေ့ ထောင်း ထောင်းထကာ ဖြစ်ပျက်နေကြတာ မြင်လို့တောင်မကောင်းပါဘူး။

ယခု ပြောပြပေးမှာကလည်း ပုသိမ် သ ပိတ် စစ် ကြောင်း မှာ ဖြို ခွင်း ခံ လိုက်ရလို့ ကျ ဆုံး သွားခဲ့တဲ့ ကိုဝေလင်းဦးရဲ့ သားလေးကတော့ သူ့အဖေရဲ့ ရုတ် တရက်ကြီး ထွက်ခွာသွားမှုကြီးကို မယုံကြည်နိုင်သေးတဲ့အတွက် သူ့ဖခင်ကို ထည့်ထားတဲ့ အ ခေါင်း ကို ခဏ ခဏ ဖွင့်ပြီး ချောင်းကြည့်နေတာပါ။

ဒီလို ရုတ်တရက်ကြီး ဖခင်မဲ့သွားတော့ သားလေးက လွယ်လွယ်နဲ့ မယုံနိုင်ဘူးလေ။ ကျနော်ဆိုလည်း သူ့လိုပဲ လုပ်မိမယ်ထင်ပါတယ်။ ဖခင်က မနက်ကပဲ အနမ်းတွေနဲ့ ထွေးပွေ့နှုတ်ဆက်ပြီး ညနေရောက်မှ အဖေက အ သက် မရှိတော့ဘူးတဲ့လား။

အရမ်းကို ရုတ်တရက်ဆန်ပြီး ကလေးငယ်လေးကိုကြည့်ကာ ပြောစရာ စကားတောင်မရှိတော့ပါဘူးဗျာ။ ကို ဝေလင်းဦး လည်း ကောင်းရာ သုဂတိ လားပါစေ။ ကျနော်တို့လည်း လက်မလျော့ပဲ ဆက်တိုက်ပါ့မယ်။ ဒီတိုက်ပွဲ နိုင်ကိုနိုင်ရမယ်ဗျာ။

Tags:

Add a Comment

Your email address will not be published. Required fields are marked *