မမြူးကြွ မလှပ စောက်သံဆိုးတွေနဲ့ MRTV မှာ ဘောမတွေရဲ့ ဂီတညလေး (ရုပ်သံ)

မမြူးကြွ မလှပ စောက်သံဆိုးတွေနဲ့ MRTV မှာ ဘောမတွေရဲ့ ဂီတညလေး (ရုပ်သံ)

မင်္ဂလာပါ ချစ်ပရိတ်သတ်ကြီးရေ ဂီတ ချိုးဖဲ့ဖျက်ဆီးသူများ။ တော်ရုံလောက်နဲ့တော့ မပြောချင်ပါဘူး။

ခုဟာက ပရိတ်သတ်ကို မထီမဲ့မြင် လုပ်တာ လွန်လွန်း အားကြီးတယ် ထင်လို့။

MRTV ဆိုတာ နိုင်ငံတော် အဆင့် ရုပ်/ သံ ဒီလို channel ကထုတ်လွှင့်ပြသမယ့် ဂီတဆိုတာဟာ (စံ) ဖြစ်နေသင့်တယ်။

စံ မဖြစ်ရင်တောင် အမှား အယွင်းကင်းပြီး အသင့် အတင့် အရည်အသွေးတော့ ရှိသင့်တယ်။ ခုဟာကြီးက ပြီးပြီးရော မှတကယ့်ပြီးပြီးရော လုပ်ထားတာ။

သီချင်းဆိုတတ်တဲ့ သူက တစ်ယောက်ပဲ ပါတယ်။ (သူသည်လည်း အကယ်ဒမီ ရုပ်ရှင် မင်းသားကြီးမို့သာ နင်လား ငါလားကောင်းတဲ့ထဲ ပါတာတော့မဟုတ်ဘူး) ။

ကျန်တာတွေကတော့ အားမနာတမ်း ပြောရမယ်ဆိုရင် ဂီတနဲ့လားလားမှ မသက်ဆိုင် လုံးဝ မဆိုတတ်တဲ့ဟာတွေကို ထည့်ထားတာ။

အသံတစ်ခုရဲ့ ကာလာတို့ ပါဝါတို့ မရှိချင်နေပါစေဦး။ သီချင်း ဘယ်လိုဆိုရမယ်ဆိုတဲ့ သညာသိလေး အခြေ ခံလေးတော့ရှိပြီး Note တည့်ရုံလေးတော့ ဆိုတတ်တဲ့ သူတွေကိုသာ ခေါ်သုံးသင့်ပါတယ်။

လမ်းဘေးမှာ ဝါးဆစ်ဘူး ၂ လုံးကိုမြေမှာ ဘယ်ညာထုပြီး သီချင်းတွေဆို တောင်းရမ်း စားသောက်ရတဲ့ သူတွေတောင် သူတို့ထက်တော့ ဆိုတာ ကောင်းသေးတယ်။ အသံ Tone/ Colour လုံးဝမရှိဘူး။

အသံ နိမ့်မြင့် Note လုံးဝမသိဘူး။ ဝါးဆစ်ဘူး လမ်းဘေး ဂီတလောက်တောင်မှ နားဝင်ပီယံမရှိတဲ့ဟာတွေကို တခုတ်တရရိုက်ပြတာက MRTV ဟာဆိုးလွန်းပါတယ်။

ကြိုသွင်းထားတာကြီးကို playback ဖွင့်ပြီး ရိုက်ကူးပြီးမှ ပြန်လွှင့်တာကို Live လို့ လိမ်တာကိုတော့ နား လည်ပေးပါတယ်။

ဒီခေတ်ကာလကြီးမှာ ရတဲ့လူပဲခေါ်ပြီး သီချင်းဖြစ်ရင်ပြီးရောလို့ လုပ်ထားရတာမို့ အဆိုသံက Auto tune လုပ်ထားတာကြီးပေါ်ပေါ် ထင်ထင်ဖြစ်နေတာကိုလည်း ခွင့်လွှတ်ပေးလို့ရပါတယ်။

စန္ဒရားလှထွတ် လက်ရာ (အဖော်မွန်) ရဲ့ ၃:၁၅ မိနစ် နေရာမှာ သီချင်းဆိုတဲ့ ခပ်ဝဝမိန်းမက အဆိုသံထွက်ပြီးမှ မိုက်ကိုင်တဲ့ လက်ကမန်းက

တမ်းပြန်တင်ရတာကို လူတွေက Comment ရေးပြီး ဆဲကြတာ တပျော်တပါးကြီး။ MRTV က အရှက်မရှိ တင်ထားတဲ့ အဲဒီသီချင်း clip တွေရဲ့အောက်က (ကောင်းတာ တစ်ခုကလေးမျှ မပါသော)

comment များထဲမှာ ဘယ်တော့မှ မမေ့နိုင်အောင် မှတ်မိသွားစေတဲ့ ပြောင်မြောက်လှတဲ့ comment တစ်ခုကတော့” သံပုံးကို‌ ခွေးသေးပန်းတာကမှ နား ထောင်လို့ ကောင်းသေးတယ် ” တဲ့။

သီဆိုတဲ့ သူတွေကိုတော့ ဘယ်သူ ဘာပြောပြော ဆိုရရင်ပြီးရော ဆိုတဲ့စိတ်နဲ့ လာဆိုကြမှန်း သိလို့ အထူးအထွေ မဝေဖန်လိုပါဘူး။ အဓိကပြောချင်တာက ဌာနက စီစဉ်သူ။

ဘာလို့ ဒီလိုကြီး လုပ်ပေးတာလဲ။ ဝန်ထမ်းမို့ အထက်လူကြီးက စီစဉ်ခိုင်းလို့ လုပ်ပေးရတာဆိုရင်လည်း ဆိုတတ်တဲ့ သူတွေ ရွေးခေါ်ပေးလိုက်လေ။

အရင်မြန်မာ့ အသံက အဆိုတော်လေးတွေ CDM လုပ်ကုန်ကြပေမယ့် လက်ကျန်လည်း ရှိပါသေးတယ်။ ဥပမာ ရဲရင့်ဝေလွင်။

သူက အသံသိပ်ကောင်းတဲ့ အဆိုတော်ပဲ။ သူ့ကို ၃ ပုဒ်လောက် ဆိုခိုင်း အပြင်ကခေါ်ရမယ့် ပြင်ပ တေးသံရှင် ၅ ယောက်လောက် ရှာလိုက် နာမည်ကြီးတွေကို မမက်နဲ့။

အခုချိန်မှာ သူတို့ကို ရွှေပေးခေါ်ရင်တောင် မလာဘူး။ နာမည်မကြီးပေမယ့် TV ထဲပါချင်သူ အဆိုတော် အ သေးအနုတ် မထင် မရှားထဲကရှာ။

အဲဒီထဲက နာမည်ကြီးကြီး မကြီးကြီး တကယ်ဆိုတတ်တဲ့ သီချင်းတွေကို ဖျက်ဆီး မပစ်မယ့်သူကို ဆိုခိုင်း အခု (ဂီတဖျက်ဆီးရေးမယ်)

မိန်းမဝဝကြီးတွေကို စိတ်အာသာပြေသွားအောင် ဝင်ကခိုင်း ဒါဆိုရင် နာမည်ရှိသူ ပါစေချင်တဲ့ အထက်က လူကြီးဆန္ဒလည်း ပြည့်ရော သီချင်းလည်း မဆိုတတ်ဘူး။

အထီး ဖြစ်နေလို့ ဝင်ကဖို့လည်း အဆင် မပြေဘူးဆိုရင်တော့လည်း ဂစ်တာလွယ်ပြီး အတီး သမားနေရာက ဝင်ရိုက်ပစေပေါ့ဗျာ။

ဂစ်တာ တီးတတ်စရာမလိုပါဘူး။ စတည်းက အသံသွင်းပြီးသားသီချင်းကို Playback ဖွင့်ပြီး လိမ်ရိုက်ထားတာပဲ ဥစ္စာ။

ပရိတ်သတ်ရဲ့ မှတ်ချက်ကတော့ ” သံပုံးကို‌ ခွေးသေးပန်းတဲ့အသံကမှ ပိုနားထောင် ကောင်းဦးမယ် “ တဲ့ ခဏနေ ရေမချိုးခင် သံပုံးကို သေးနဲ့ပန်းကြည့်ဦးမှပါ။

တခု စဉ်းစားမိတယ်။ ဒါကြီး စီစဉ်ပေးတဲ့သူက တမင် သက်သက် ရွဲပလဲတွေချည်းသွတ်သွင်းပြီး ပါးပါးလေး ကပ်ထည့်လိုက်တာများလား ပဲ?။

ပရိတ်သတ်တွေရဲ့ အမြင်လေးတွေလည်း အောက်က ကွန်းမန့်မှာ ရေးခဲ့ပါအုံးနော်။

အဆုံးထိဖတ်ပေးကြတဲ့ ပရိတ်သတ် တစ်ယောက်ခြင်းစီတိုင်း အထူး ကျေးဇူးတင်လျက်ပါ။

Add a Comment

Your email address will not be published. Required fields are marked *