မန်ယူအသင်းကို စီရော်နယ်ဒို ပြန်လည်ရောက်ရှိလာတာကို မသိနိုင်တော့တဲ့ ရေမွန်နဲ့ ညီညီအောင်ထက်နိုင်နဲ့ ဝေယံထွန်းတို့ကို သတိရနေကြတဲ့ပြည်သူများ

မန်ယူအသင်းကို စီရော်နယ်ဒို ပြန်လည်ရောက်ရှိလာတာကို မသိနိုင်တော့တဲ့ ရေမွန်နဲ့ ညီညီအောင်ထက်နိုင်နဲ့ ဝေယံထွန်းတို့ကို သတိရနေကြတဲ့ပြည်သူများ

မင်္ဂလာပါ ချစ် ပရိတ်သတ်ကြီးရေ မနေ့ညက Premier League ဘောလုံးလောကမှာ အပြောင်း အလဲတစ်ခု ဖြစ်သွားခဲ့ပါတယ် ။

ဒါကတော့ ကမ္ဘာကျော်ဘောလုံးကစားသမား စီရော်နယ်ဒိုဟာ မန်ချက်စတာ ယူနိုက်တက် အ သင်း သို့ ပြောင်းရွှေ့ကြေး ယူရို(၂၈) သန်းဖြင့် သ ဘောတူညီ မှုရရှိသွားခဲ့ပြီ ပဲဖြစ်ပါတယ် ။

ရော်နယ်ဒိုဟာ မန်ယူမှ စိတ်ဝင်စားကြောင်း သိရှိသွားတာကြောင့် မန်စီးတီးအသင်းမှ ခေါ်ယူမှုကို ချက်ချင်း ပယ်ချခဲ့တာ ပဲဖြစ်ပါတယ် ။

ဒီသတင်းကြောင့် တစ်ကမ္ဘာလုံးမှာရှိတဲ့ မန်ယူဖန်တွေ အားလုံး အပျော်ကြီး ပျော်ခဲ့ကြတာ ပဲဖြစ်ပါတယ် ။

သို့ပေမယ့် မြန်မာနိုင်ငံက မန်ယူဖန်တွေကတော့ ထင်သလောက် မပျော်ရွှင် နိုင်ခဲ့ကြပါဘူး ။ မြန်မာ့နွေဦး တော်လှန်ရေးတွင် တက်ကြွစွာပါဝင်ခဲ့ပြီး ကျဆုံးသွား ခဲ့ကြသူများထဲတွင်

မန်ယူဖန်တွေဖြစ်တဲ့ အဆိုတော် ရေမွန်၊ညီညီအောင်ထက်နိုင်နဲ့ ဝေယံထွန်းတို့ မန်ယူအသင်းသို့ စီရော်နယ်ဒို ပြန်လည်ရောက် ရှိလာတာကို မသိသွားလိုက် ရတဲ့အတွက်ကြောင့် စိတ်မကောင်း ဖြစ်နေကြတာ ပဲဖြစ်ပါတယ် ။

အဆိုတော် ရေမွန်ဟာလည်း မန်ယူအသင်းယှဉ် ပြိုင်တဲ့ ကစားပွဲတိုင်း တစ်ပွဲမှ လက်လွတ်မခံဘဲ ကြည့်ရှုအား ပေးခဲ့သူတစ်ဦး ပဲဖြစ်ပါတယ်။

သူ့ရဲ့အိပ်ခန်းထဲ မန်ယူအသင်းနဲ့ ပတ်သက်တဲ့ အ မှတ်တရ တစ်ချို့ကို ချိတ်ဆွဲထားတဲ့ ဓာတ်ပုံလေးကို ပရိသတ်တွေက ပြန်ကြည့်ပြီး ဝမ်းနည်းနေကြတာ ပဲဖြစ်ပါတယ် ။

မန်ယူအသင်းသို့ တစ်ကျော့ပြန်လည် ရောက်ရှိလာတဲ့ စီရော်နယ်ဒိုရဲ့အကြောင်းကို ကွယ်လွန်သွားကြတဲ့ နွေဦးတော်လှန်ရေး သူရဲကောင်းများ ရောက်ရာဘုံဘဝကနေ သိရှိပြီး ပျော်ရွှင်နိုင်ပါစေလို့ ဆုတောင်းပေးရင်း ဒီသတင်းကို ပြန်လည်မျှဝေ ပေးလိုက်ပါတယ် ။Crd

Add a Comment

Your email address will not be published. Required fields are marked *