မနေ့ညက ဖမ်းသွားတဲ့ စု သက်မွေးသိပ္ပံကျောင်း တာဝန်ခံကို‌‌ဇော်မြတ်လင်းသေဆုံး (အပြည့်စုံဖတ်ရန် ပုံကိုနှိပ်ကြည့်ပါ)

မနေ့ညက ဖမ်းသွားတဲ့ စု သက်မွေးသိပ္ပံကျောင်း တာဝန်ခံကို‌‌ဇော်မြတ်လင်းသေဆုံး

ချစ်ခင် လေးစားရပါသော ပရိတ်သတ်ကြီး ခင်ဗျာ…

ရွှေပြည်သာမြို့နယ် စု သက်မွေး သိပ္ပံကျောင်းရဲ့ တာဝန်ခံ ကိုဇော်မြတ်လင်းဟာ မတ် (၈) ရက် ညပိုင်းက ရဲနဲ့စစ်တပ်ကနေ လာရောက် ဖမ်းဆီးတာကြောင့် ကျောင်းရဲ့ခြံစည်းရိုးကနေ ခုန်ချထွက်ပြေးဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ဘဲ ဖမ်းဆီးခံခဲ့ရပါတယ် ။

ဒီနေ့မတ်လ (၉) ရက် နေ့လယ်ပိုင်းမှာတော့ သေဆုံးပြီလို့ ရွှေပြည်သာ ရဲစခန်းက တဆင့်အကြောင်း ကြားလာကြောင်း ကိုဇော်မြတ်လင်းရဲ့ ဇနီး မဖြူဖြူဝင်းကဘီဘီစီကိုပြောပါတယ် ။

“နေ့လယ်က ရဲတစ်ယောက်ကအရင်လာပြောတယ် ။ လှော်ကားရဲစခန်းမှူးကိုဆက် သွယ်ဖို့ဆိုပြီး၊ အဲဒီလှော်ကားစခန်းမှူးကနေ ရွှေပြည်သာစခန်းမှူးကိုပြန်လွှဲပြန်တယ် ။

အဲဒီတော့ မှ သိရတာ ပေါ့၊ မင်္ဂလာဒုံစစ် ဆေးရုံ ကုတင် ၁၀၀၀ မှာ အ လောင်းသွားယူရမယ်ပေါ့၊ သူတို့ပြောတာကတော့ခြံ စည်းရိုးပေါ်က ပြုတ်ကျလို့သေတယ်ပေါ့၊ ဒါပေမယ့် ခြံစည်းရိုး ကနိမ့်နိမ့်လေးပါ၊ မသေနိုင်ပါဘူး ။ အခုတော့ ဆေးရုံကိုသွားနေတယ်၊ ဟိုရောက်မှ ထပ်သိရမယ်” လို့ပြောပါတယ် ။

ကိုဇော်မြတ်လင်းဟာ “စု” သက်မွေးသင်တန်းကျောင်း ရဲ့တာဝန်ခံဖြစ်သလို CRPH ရဲ့ ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့က ခန့်အပ်ထားတဲ့ မြို့နယ် တာဝန်ခံဖြစ်ပြီး ရွှေပြည်သာ သပိတ်ကို ဝန်းရံသူဖြစ်တယ်လို့ သိရပါတယ် ။

ဒီလို ညပိုင်း ဝင်ဖမ်းပြီး မနက် အလောင်းလာထုတ်ယူဖို့ အကြောင်းကြား ခံရတဲ့အထဲမှာ ပန်းဘဲတန်းမြို့နယ်၊ NLD ရပ်ကျေးဥက္ကဋ္ဌ ဦးခင်မောင်လတ်ဖြစ်စဉ်ရှိခဲ့ပါတယ် ။ Credit

Add a Comment

Your email address will not be published. Required fields are marked *