မနေ့က ဆန္ဒထုတ်ဖော်ပြသရင်း အသက်လုကာပြေးခဲ့ကြရတဲ့ အလင်းရောင်နဲ့ ခင်ဝင့်ဝါတို့ သူငယ်ချင်းနှစ်ဦး

မနေ့က ဆန္ဒထုတ်ဖော်ပြသရင်း အသက်လုကာပြေးခဲ့ကြရတဲ့ အလင်းရောင်နဲ့ ခင်ဝင့်ဝါတို့ သူငယ်ချင်းနှစ်ဦး

မင်္ဂလာပါ ချစ်ပရိတ်သတ်ကြီးရေ ပြည်သူချစ်တဲ့ အနုပညာရှင်တစ်ယောက်အဖြစ် မင်းသမီးချောလေး ခင်ဝင့်ဝါက အလှမယ် သရဖူကိုဆောင်းခဲ့ပြီး အနုပညာ လောကထဲကို ဝင်ရောက်လာခဲ့တာပဲဖြစ်ပါတယ်။

ခင်ဝင့်ဝါက နောက်ပိုင်းမှာတော့ အနုပညာ လှုပ်ရှားမှာတွေကို ဆက်တိုက် လုပ်ဆောင်နေပြီး ရုပ်ရှင် ဇာတ်ကားကြီးတွေ အများ အပြားမှာလည်း ပါဝင် သရုပ်ဆောင်လာခဲ့တာပဲ ဖြစ်ပါတယ်။

မင်းသမီးလေး ခင်ဝင့်ဝါက အနုပညာ လောကမှာ အထိုက်အလျောက် အောင်မြင်နေသလို အလှူ အတန်းတွေနဲ့ ပရဟိတ အ လုပ်တွေကိုလည်း လုပ်ဆောင်နေတာပဲဖြစ်ပါတယ်။ ခင်ဝင့်ဝါကိုတော့ အားလုံးက ချစ် စနိုးနဲ့ ခေးလို့လည်းခေါ်ဆိုနေကြတာပဲ ဖြစ်ပါတယ်။

မော်ဒယ် သရုပ်ဆောင် မင်းသားချော အလင်းရောင်ကတော့ ကိုယ်ခန္ဓာ တောင့်တောင့် တင်းတင်းနဲ့ ယောက်ျား ပီသတဲ့အချိုးအစားကို ပိုင်ဆိုင်ထားသူ တစ်ဦးဆိုလည်း မမှားပါဘူး။

ရုပ်ရည် ချောမောပြေ ပြစ်ပြီး ဆွဲဆောင်မှု အားကောင်းတဲ့ သရုပ် ဆောင် အလင်းရောင်ကဟာ ပရိတ်သတ်တွေကြားမှာ ရေပန်းစား အောင်မြင်နေတာပဲ ဖြစ်ပါတယ်။

ခင်ဝင့်ဝါနဲ့ အလင်းရောင်တို့ သူငယ်ချင်း နှစ်ယောက်က ခုလက်ရှိဖြစ်ပေါ်နေတဲ့ အခြေ အနေတွေနဲ့ ပတ်သက်ပြီး ပြည်သူ လူထုနဲ့ အတူတကွ ငြိမ်းချမ်းစွာ ဆန္ဒထုတ် ဖော်ပြသနေကြတာဖြစ်ပြီး ဖမ်း ဆီးထိန်းသိမ်း ခံထားရတဲ့ ရွေးကောက်ခံ အစိုးရအဖွဲ့ကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ တောင်းဆိုနေခဲ့တာပဲ ဖြစ်ပါတယ်။

ပြည်သူထဲက ပြည်သူတွေပဲမို့ ပြည်သူ လူထုနဲ့ တသွေး တသားတည်းရှိနေတဲ့ ခေးနဲ့အ လင်းရောင်တို့ကတော့ နေ့စဉ်နေ့တိုင်းလိုလို လမ်းမပေါ်ထွက်ပြီး ဆန္ဒ ထုတ်ဖော်ပြသနေကြတဲ့

လူထု လှုပ်ရှားမှုတွေမှာ ရဲရဲ ဝံ့ဝံ့ရပ် တည်ကာ ပါဝင်ခဲ့သလို ပြည်သူများအတွက် တတ်နိုင်တဲ့ ဘက်ကနေပြီး လိုအပ်နေတဲ့ ပစ္စည်းတွေနဲ့ အစားအသောက်တွေကိုလည်း လှူဒါန်းကူညီမှုတွေ ပြုလုပ်နေတာပဲဖြစ်ပါတယ်။

ဒီကနေ့ ဖေဖော်ဝါရီလ (၂၈) ရက်နေ့မှာလည်း ခေးနဲ့အလင်းရောင်တို့ဟာ ဆန္ဒ ထုတ်ဖော်ပြသနေတဲ့ ပြည်သူတွေနှင့်အတူ အသက်လုကာ ပြေးလွှား ကြုံတွေ့ခဲ့ရတဲ့ ပုံတွေကို ခုလိုပဲ မျှဝေလာခဲ့ပါတယ်။

ပြည်သူ ပရိတ်သတ်တွေနဲ့ အတူ နယ်ပယ် အသီးသီးက အနုပညာရှင်တွေ တော်တော်များများကလည်း ကျောသား ရင်သားမခွဲခြားဘဲ အားလုံးနဲ့အတူရပ်တည်ကာ ကိုယ် စီ အနာဂတ်တွေအတွက် အတတ်နိုင်ဆုံး ကြိုးစား ရုန်းကန်နေကြတာလည်း ဖြစ်ပါတယ်။

မြန်မာပြည်ကြီး အမြန်ဆုံး သာယာအေးချမ်းပါစေလို့ ဆုတောင်းရင်း ပရိတ်သတ်ကြီး အားလုံးလည်း ဘေးအန္တရာယ် ကင်းကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ရပါတယ် ခင်ဗျာ။

Add a Comment

Your email address will not be published. Required fields are marked *