မနေ့က ခွေးကျွေးထားတဲ့ဟာတွေ ယူစားခဲ့တဲ့ အဘအတွက် အားလုံး ဝမ်းသာလို့ရပါပြီ (အပြည့်စုံဖတ်ရန် ပုံကိုနှိပ်ကြည့်ပါ)

မနေ့က ခွေးကျွေးထားတဲ့ဟာတွေ ယူစားခဲ့တဲ့ အဘအတွက် အားလုံး ဝမ်းသာလို့ရပါပြီ

မင်္ဂလာပါ ချစ်ပရိတ်သတ်ကြီးရေ မနေ့ ဗိုက်ဆာလွန်းလို့ ခွေးကျွေးထားတဲ့ဟာတွေယူစားခဲ့တဲ့ အဘ အတွက် အားလုံးဝမ်းသာလို့ရပါပြီ လမ်းဘေးက အမှိုက်ပုံထဲက အစားစာတွေ ဗိုက်ဆာလို့ယူစားနေတဲ့ သူတွေကိုတွေ့ပြီး သနားစိတ်ဝင်လို့ ကိုယ့်လုပ်အားထဲကနေ တတ်နိုင်သလောက် ထမင်းတွေ မုန့်တွေ လိုက် လှူပေးရင်နဲ့ အခုလို ပရဟိတသမားကြီးတစ်ယောက် ဖြစ်မှန်းမသိ ဖြစ်ခဲ့ရတဲ့ ကို သန်းမင်းကြွယ် က ယ နေ့မှာ Live လွှင့်ပြီး အဘ ကို သူ့အိမ်ခေါ် သူသိချင်တာလေးတွေ ကို အားလုံးလည်းသိအောင် မေးပြီး စေတနာပါပါလေး ကူညီပြောပြခဲ့ပါတယ်။

အဘက စစ်မှုထမ်းဟောင်း ငြိမ်စားတစ်ယောက်ဖြစ် ပေမယ့် အဘ ရမယ့် ပင်စင်ကို မရတာအတော်ကြာပြီလို့ ပြောပါတယ်။ ကိုသန်းမင်းကြွယ်က လည်း ချက်ခြင်းအဘရဲ့ အချက်အလက်ကိုယူကာ ပင်စင် ပြန်ရ အောင်ပါကူညီပေးမယ်လို့ပြောခဲ့ပါတယ်။

အဘ က ရေမချိုးတာတော်တော်ကြာပြီး တစ်လမှ တစ်ခါလောက်ပဲချိုးတာ အရင်တုန်းက ငှက်ဖျားဝင်ဖူးတော့ ရေဆိုကြောက်နေတာ။ အစ်ကို က အဘရေချိုးရင် ကျနော် ၅သိန်းပေးမယ် ချိုးမလားဆိုပြီးပြောမှ အာ့ဆိုချိုးမှာပေါ့ဆိုပြီး ပျော်ပျော်ကြီး ရေချိုးပါတယ်။ရေချိုးပြီး အလှူရှင်လှူထားတဲ့ ပုဆိုးလေးနဲ့ ကိုသန်းမင်းကြွယ်တို့ရဲ့ အင်္ကျီလေးပါ ဝတ်ပေးခဲ့ပါတယ်။

live လွှင့်နေတုန်းမှာပဲ အဘအတွက်ဆိုပြီး အလှူရှင်တွေက ဆက်တိုက်ကို ဖုန်းခေါ်ပြီး လှူနေတာကိုတွေ့ရတာ အဘအတွက်တော့ တကယ်ကို ဝမ်းသာစရာပါပဲ အခုလို ကိုဗစ်ကာလမှာ အားလုံးလိုလို အခက်ခဲတွေကြားမှာ နေရပေမယ့်လည်း တကယ်ဒုက္ခ ရောက်တဲ့ သူကိုတွေ့တာနဲ့ ဘာလို့မြန်မာ လူမျိုးလို့ခေါ်ကြတာလဲဆိုတာကို သက် သေပြလိုက်သလို အားရစရာကောင်းလောက်အောင် သဒ္ဒါတရားတွေကို တွေ့ ရပါတယ်။

အလှူ အားလုံးကို အဘ စီကိုတစ်ခါတည်းပေးလိုက်ရင် အဆင်မပြေ ဖြစ်မှာဆိုးလို့ ကိုသန်းမင်းကြွယ်က သူရဲ့ အစီအစဉ်လေး တစ်ခုနဲ့ အဘအတွက် လုပ်ပေးဖို့ရှိတယ် ဆိုပြီးပြောပါတယ်။ အဘအတွက် အားလုံးဝမ်းသာလို့ရအောင် ပြန်လည်ဝေမျှပေးခြင်းဖြစ်ပါတယ်။

၁၀၀၀၀ကျပ်/၂၀၀၀၀ကျပ် မှ ကျွန်တော့်အလှူကို လှူလို့ရတာ မဟုတ်ပါဘူး။ ၁၀၀၀ ကျပ် ၂၀၀၀ကျပ် အများကြီး စုလိုက်ရင် လည်း အခုလိုမျိုး ဝဋ် ဆင်းရဲ ဒုက္ခ ခံစားနေရတဲ့ လူတွေကို ကူညီလို့ရပါတယ်။ ကျွန်တော့ ရဲ့ Wave Pay ဖုန်းနံပါတ် 099 6140 8629 က အလှူရှင်တွေ လွှဲခမကုန်တဲ့ ဖုန်းနံပါတ်ဖြစ်ပါတယ်။

အလှူရှင် လွှဲခမကုန်ခြင်ရင် 099 6140 8629 က wave pay ဖုန်းနံပါတ် ရှိတယ် လို့ Wave Money ဆိုင်ကိုပြောပြီး ငွေလွှဲပေးရင် အလှူ ရှင် လွှဲခ မကုန်ပါဘူးနော်။

အလှူရှင်များ ဖုန်းခေါ်ရန် Phone: 09 882 881 001 (မှတ်ချက်။ ငွေလွှဲတဲ့ ဖုန်းကို ဖုန်းမခေါ်ကြပါရန် မေတ္တာ ရပ်ခံပါတယ်နော်) လို့လဲ သူ့ဖေ့ဘုတ်စ် မှာရေးပေးထားပါတယ် ။

အခုလို ဝင်ရောက် ဖတ်ရူ့ပေးကြတဲ့ ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်သော နေ့ရက်များကို သက်ဆုံးတိုင် ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ Credit

Tags:

Add a Comment

Your email address will not be published. Required fields are marked *