မနက် (၈) နာရီခန့်မှာ ချစ်ရတဲ့ မိသားစုနဲ့ သူငယ်ချင်းတွေကို အပြီး ခွဲခွာသွားပြီဖြစ်တဲ့ ဇာတ်ပို့ သရုပ်ဆောင် ကျော်စိုး

မနက် (၈) နာရီခန့်မှာ ချစ်ရတဲ့ မိသားစုနဲ့ သူငယ်ချင်းတွေကို အပြီး ခွဲခွာသွားပြီဖြစ်တဲ့ ဇာတ်ပို့ သရုပ် ဆောင် ကျော်စိုး

မင်္ဂလာပါ ချစ်ပရိတ်သတ်ကြီးရေ ဇာတ်ပို့ သရုပ် ဆောင် ကိုကျော်စိုးက ဒီနေ့ အောက်တိုဘာလ ၂၂ ရက်နေ့ မနက် ၈ နာရီ အချိန်ခန့်က ဆုံးပါသွားခဲ့ပြီလို့ သိရပါတယ်။

ကွယ်လွန်ခဲ့တဲ့ သတင်းက အကြိမ်ပေါင်းများစွာ ခဏ ခဏ ထွက်ခဲ့ပေမယ့် အခု တစ်ခေါက်မှာတော့

တကယ် ကွယ်လွန်သွားခဲ့ပြီဖြစ်ကြောင်းကို နီးစပ်ရာ မိသားစုဝင်တွေ အနုပညာရှင်တွေက အတည်ပြု ပေးလိုက်ကြပါပြီ။

ဒီသတင်းကို သူငယ်ချင်းဖြစ်သူ သရုပ်ဆောင် ဘိုဘိုက စတင် အတည်ပြု ပေးခဲ့တာဖြစ်ပြီး “သရုပ်ဆောင် ကိုကျော်စိုး ဒီနေ့မနက် ၈ နာရီကဆုံးသွားပါပြီ။

သူ့ ညီမလေးက သူငယ်ချင်းတွေသိအောင် တင်ခိုင်းလို့ပါ။

သူငယ်ချင်းတို့ရေ ဒီတခါတော့ ကိုကျော်စိုး ငါတို့ကို နှုတ်မဆက်ဘဲ တကယ် ထွက်သွားပါပြီ။

တွေ့တဲ့သူတိုင်း ပျော်အောင်ထားတဲ့ ကိုကျော်စိုး ကောင်းရာဘုံဘဝ ရောက်ရှိပါစေလို့” လို့ သူ့ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ ရေးတင်ပေးထားပါတယ်။

ဇာတ်ပို့ သရုပ်ဆောင် ကိုကျော်စိုးဟာ ဇွန်လတုန်းကလည်း တစ်ခါဆေးရုံတင်ခဲ့ရဖူးပါတယ်။

နဂိုတည်းက ကျန်းမာရေး ချူချာတဲ့သူ ဖြစ်တာကြောင့် အခုလို အလုပ် အကိုင်တွေ အဆင်မပြေတဲ့

အချိန်မှာ စိတ်ဓာတ်ကျပြီး ကျန်းမာရေး အခြေအနေက ပိုပြီး ဆိုးရွားခဲ့တာပဲ ဖြစ်ပါတယ်။

အခု အချိန်မှာတော့ သူ့ရဲ့ အနုပညာ လုပ်ငန်းတွေကို တကယ် စွန့်ခွာသွားခဲ့ပြီပဲ ဖြစ်ပါတယ်။

စောဦးစွာ ကြွေလွင့် သွားခဲ့ရတဲ့ အနုပညာရှင် တစ်ယောက် အတွက် ပရိတ်သတ်များကလည်း

နှမြော ဝမ်းနည်းမိကြောင်း စာလေးတွေ အသီးသီးရေးတင်ပေးထားကြပါတယ်။

ပရိတ်သတ်တွေကလည်း သရုပ်ဆောင် ကျော်စိုးအတွက် ဆုတောင်း ပေးကြပါအုံးနော်။

အဆုံးထိဖတ်ပေးကြတဲ့ ပရိတ်သတ် တစ်ယောက်ခြင်းစီတိုင်း အထူး ကျေးဇူးတင်လျက်ပါ။

Add a Comment

Your email address will not be published. Required fields are marked *