မဆုံးခင် ရက်ပိုင်းလောက်က သူရဲ့ ခံစားနေရတာတွေကို သူငယ်ချင်းထံသို့ ရေးသားပေးပို့ခဲ့တဲ့ သူရဲကောင်း တစ်ဦးရဲ့နောက်ဆုံး မှတ်တမ်းတစ်ခု (အပြည့်စုံဖတ်ရန် ပုံကိုနှိပ်ကြည့်ပါ)

မဆုံးခင် ရက်ပိုင်းလောက်က သူရဲ့ ခံစားနေရတာတွေကို သူငယ်ချင်းထံသို့ ရေးသားပေးပို့ခဲ့တဲ့ သူရဲကောင်း တစ်ဦးရဲ့နောက်ဆုံး မှတ်တမ်းတစ်ခု

မင်္ဂလာပါ ချစ်ပရိတ်သတ်ကြီးရေ ဩဂုတ်လ (၁၀) ရက်နေ့လည်ပိုင်းလောက်တွင် ရန်ကုန် တိုင်းဒေသကြီး ဗိုလ်တစ်ထောင်မြို့နယ် (၄၄)လမ်းအောက္ဘလောက်

ရှိနေအိမ် တစ်အိမ်သို့ အာဏာရ လက်နက်ကိုင် အဖွဲ့အစည်းမှ ဝင်ရောက်ဖမ်းဆီးရန် ပြုလုပ်ခဲ့တာကြောင့်

ထွက်ပြေးနေတဲ့  လူငယ်လေး (၅) ဦးက ငါးထပ်တိုက် ပေါ်ကနေ ခုန်ချသွားတဲ့ ဖြစ်စဉ်တစ်ခု ဖြစ်သွားခဲ့ပါတယ်။

၎င်းဖြစ်စဉ်ကြောင့် လူငယ် (၅) ဦးစလုံး သေဆုံးသွားပြီး တိုက်ပေါ်ကနေ မခုန်ချခဲ့သူ နှစ်ဦးမှာလည်းဖမ်းဆီ းခံလိုက်ရကြောင်း ကနဦး သတင်းများအရ သိရှိရပါတယ်။

တိုက်ပေါ်မှ ပြုတ်ကျ သေဆုံးသွားတဲ့ လူငယ်လေး (၅) ဦးတွင် အမျိုးသမီးငယ် တစ်ဦး ပါဝင်ကြောင်း သိရပါတယ်။

၎င်း ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ပြည်သူများ အားလုံးကဆုံးရှုံးသွားရတဲ့ လူငယ်လေးတွေ အတွက် ဖြေမဆည် နိုင်အောင်ဝမ်းနည်း နေကြရတာပဲ ဖြစ်ပါတယ်။

မကြာသေးခင် နာရီပိုင်းလောက်ကလည်း သေဆုံးသွားတဲ့ အထဲမှာ ပါဝင်တဲ့ မောင်ကောင်းမင်းသန့်ရဲ့သူငယ်ချင်းဖြစ်သူမှ သူ မသေဆုံးခင်

ရက်ပိုင်းလောက်က စိတ်ထဲမှာ ခံစားနေရတာတွေကို ပြောပြထားတဲ့ မှတ်တမ်းတစ်ခုကို ပြန်လည် ဝေမျှပေးလာတာပဲ ဖြစ်ပါတယ်။

ဒါကတော့ ” ငါဖမ်းမိခဲ့ပြီး သေသွားခဲ့ရင် ငါ့အတွက် ပိုတိုက်ပွဲဝင်ပေးပါ

မင်းတို့ သူငယ်ချင်းကြီး လိုချင်နေတဲ့ ဒီမိုကရေစီကို ရအောင်ယူပေးပါ ”

ဆိုပြီး ရေးသားထားတဲ့ နောက်ဆုံး မှတ်တမ်းကိုသူငယ်ချင်း ဖြစ်သူမှ ဝမ်းနည်းစွာဖြင့် ဝေမျှပေးလာခဲ့ပါတယ်။

ဂရုစိုက်ဖို့ အတန်တန် မှာနေတဲ့ကြားက အခုလိုမျိုးလုပ်သွားခဲ့တဲ့ ကောင်းမင်းသန့် အတွက် သူ့သူ ငယ်ချင်းမှ ဝမ်းနည်းခံစားနေရတာ ဖြစ်ပါတယ်။

၎င်း လူငယ်လေး (၅) ဦးက လူသေပေမယ့် နာမည်မသေတဲ့ ကြယ်ပွင့်တွေအဖြစ်  ကောင်းကင်ပေါ်မှာ အမြဲ တည်ရှိနေကြမှာ အသေချာပါပဲ။

မြင့်မြတ်တဲ့ စိတ်ဓာတ် သွင်းပြီး အနိုင်ပိုင်းသွားကြတဲ့ သူရဲကောင်း ငါးယောက်စလုံး ကောင်းရာ မွန်ရာ ဘုံဘဝမှာ အေးချမ်းစွာ အနားယူနိုင်ပါစေလို့

ဆုတောင်း ပေးရင်း ဒီသတင်းကို ပရိတ်သတ်တွေအတွက် ပြန် လည် တင်ဆက်ပေးလိုက် ရပါတယ်။ Credit

Tags:

Add a Comment

Your email address will not be published. Required fields are marked *