မင်္ဂလာဆောင်ခဲ့မှန်း သတိမရတော့တဲ့ ဇနီးအတွက် ဒုတိယမင်္ဂလာပွဲကို စီစဉ်ပေးခဲ့တဲ့ ခင်ပွန်းရဲ့အဖြစ် (အပြည့်စုံဖတ်ရန် ပုံကိုနှိပ်ကြည့်ပါ)

မင်္ဂလာဆောင်ခဲ့မှန်း သတိမရတော့တဲ့ ဇနီးအတွက် ဒုတိယမင်္ဂလာပွဲကို စီစဉ်ပေးခဲ့တဲ့ ခင်ပွန်းရဲ့အဖြစ်

မင်္ဂလာပါ ချစ်ပရိတ်သတ်ကြီးရေ ခုပြောပြမယ့် အကြောင်းလေးကတော့ လူတိုင်းအ တွက် စစ်မှန်တဲ့ လက်ထပ်ခြင်းက သူတို့ရဲ့ မင်္ဂလာဆောင်တဲ့နေ့မှာ သတို့သမီး သတို့ သား မိသားစုဆွေမျိုးနဲ့ ရင်းနှီးခဲ့ရတဲ့ သူ ငယ်ချင်းတွေ စုံစုံလင်လင်ပါဝင်မှသာ လက် ထပ်ယူချင်းလို့ခေါ်ပါတယ်။

ထို့နေ့တွေမှာ သတို့သား သတို့သမီးတွေက သူတို့ရဲ့ ပတ်ဝန်းကျင်မှာရှိတဲ့ လူတွေနဲ့ အခြားသောသူတွေအတွက် သူတို့ရဲ့ချစ်ခြင်းမေတ္တာတွေကို ဝေမျှလာခဲ့ပါတယ်။ လက် ထပ်ယူခြင်းက လူတွေတွက်တော့ တစ်သက်မှာတခါသာ ကြုံတွေ့ရတာကြောင့် မင်္ဂလာ ဆောင်တဲ့နေ့ကို မကြာခဏ ပြန်ပြီးခံစားချင်ခဲ့ကြပါတယ်။

ဒါပေမဲ့ ကိုယ့်ရဲ့ထိမ်းမြှား မင်္ဂလာ ဆောင်ခဲ့တဲ့နေ့ကို မမှတ်မိတော့တဲ့အခါမှာ ဘယ်လိုခံစားရလဲဆိုတာကို ဖော်ပြပေးမှာပဲဖြစ်ပါတယ်။

Justice နဲ့ Jeremy Stamperက ကျောင်း သား ဘဝအသက် (၁၀) နှစ်အရွယ်မှာ ဆုံတွေ့ခဲ့ကြတာပဲဖြစ်ပါတယ်။ သူတို့တွေ အချိန်အနည်း ငယ်သာတွဲကြပြီး အဲ့ဒီနောက် သြဂုတ်လ (၁) ရက်နေ့မှာ လက်ထပ်ယူခဲ့ကြပါတယ်။

သူတို့ရဲ့ Honeymoon ခရီးလည်းဖြစ်တဲ့ Smoky တောင်မှာ သွားရောက် မင်္ဂလာ ဆောင်ခဲ့ကြပါတယ်။ ဒါပေမဲ့ လက်ထပ်ပြီး (၁၉) ရက်နေ့အတွင်းမှာဘဲ Jeremy က ပြင်းပြင်း ထန်ထန် ကား accident တစ်ခု ဖြစ်ခဲ့တာကြောင့် Justice က သူ့ရဲ့အလုပ်ကို ထွက်ပြီး Jeremy ရှိတဲ့ သူမဦးလေးရဲ့ အိမ်ကိုသွားပြီး သူမကို စောင့် ရှောက်ပေးခဲ့ပါတယ်။ accident ဖြစ်ပြီး တစ်လ‌လောက်မှာ Justice က Jeremy အပေါ် သူမပြန်ကောင်းလာပြီဆိုတဲ့ အတွေးနဲ့ယုံကြည်လာခဲ့ပါတယ်။

သို့ပေမဲ့ သူမက (၅) ပတ်‌လောက် မှတ်ဉာဏ်ဆုံးရှုံးခဲ့ပြီး မင်္ဂလာဆောင်ခဲ့တဲ့ နေ့ကိုလည်း မမှတ်မိခဲ့ပါဘူး။ သူကျွန်မအတွက် နောက်တစ်ခေါက် လက်ထပ်ကြမယ်လို့ ပြောလိုက်တဲ့အခါမှာ ကျွန်မချက်ချင်းဘဲ ဝမ်းသာလွန်းလို့ မျက်ရည်တောင်ကျခဲ့တယ်လို့ Jeremy က ပြောလာခဲ့ပါတယ်။

သူတို့ရဲ့ (၁) နှစ်ပြည့် anniversary အ ထိမ်းအမှတ်အနေနဲ့ သြဂုတ်လ (၁) ရက်နေ့မှာ နောက်တစ်ဖန် လက်ထပ်ယူခဲ့ကြပါတော့တယ်။ နောက်တော့ သူမဘဝရဲ့ အပျော်ဆုံးဖြစ်တဲ့ နေတစ်နေ့ကို ပြန်လည်ခံစားခွင့်သွားခဲ့ရပါတယ်။

ပရိတ်သတ်ကြီးအားလုံးလည်း သူတို့နှစ်ယောက်အတွက် ဆုတောင်းစကားလေးတွေ ပြောခဲ့ကြပါအုံးနော်။ ဖတ်ရူ့အားပေးကြတဲ့ ပရိတ်သတ်ကြီးအားလုံးလည်း ကျေးဇူးအထူးတင်လျက်ပါ။ Credit

Tags:

Add a Comment

Your email address will not be published. Required fields are marked *