မခံစားနိုင်ဘူး သားရယ် မေမေ မဖြေနိုင်သေးဘူး သား ဆိုတဲ့ ကိုညီညီအောင်ထက်နိုင်အကြောင်း ပြောပြလာတဲ့ မိခင်

မခံစားနိုင်ဘူး သားရယ် မေမေ မဖြေနိုင်သေးဘူး သား ဆိုတဲ့ ကိုညီညီအောင်ထက်နိုင်အကြောင်း ပြောပြလာတဲ့ မိခင်

မင်္ဂလာပါ ချစ်ပရိတ်သတ်ကြီးရေ …

မခံစားနိုင်ဘူး သားရယ် မေမေ မဖြေနိုင် သေးဘူးသားရေ… ခေါင်းအုံး အောက်မှာ သားပိုက်ဆံ ထားခဲ့တယ်လေ ငါးထောင် တန်တွေ မေမေသုံးဖို့ဆို (၂၆) ရက်နေ့က မေမေ အခုမှတွေ့တယ် သားရဲ့ မေမေ သွားမကြည့်နိုင်ဘူး သား ထားခဲ့တဲ့ ပိုက်ဆံ ဖုန်းကိုလည်း မေမေ မကြည့်နိုင်ဘူး သားပုံတွေ ချည်းပဲ တက် တက် နေလို့ မေမေ ဘယ်လောက် ချစ်တယ်သိလား သား။

အခုမှ ချစ်ပြနေတာ မဟုတ်ဘူး မွေးက တည်းက မေမေ ကချစ်တာလေ သားတို့ကို မေမေက သားကို လည်းချစ်တယ် သားကြီးကိုလည်း မေမေ အရမ်း ချစ်တာ မေမေ အမြဲ ဂုဏ်ယူတယ်လေ မေမေ့သားလေးတွေ ပ ညာတော်တဲ့ အကြောင်း

စာတော်တဲ့ အ ကြောင်း ကြွာရတာ အမော သားက စာလုပ်ဖြစ်မှာ မဟုတ်ဘူး ကို့ကိုပဲ ကျောင်းထား လိုက်ပါဆိုပီး အရမ်းသိတတ်တဲ့ သားလေး အမယ်လေး စာတော်တဲ့ ကလေးပညာတတ်တဲ့ ကလေးမှ ရွေး ပစ်တာလား ဒီ အမြွှာလေးပဲ ရှိတာလေ မေမေ့မှာ အခုတော့ ဘက်ပဲ့သွားပြီပေါ့။

ထို့အပြင် ကလေးတွေ ကိုလည်း မပစ် စေချင်ပါဘူး။ ဒီမှာကြည့်ပါဦး သားလေး။ ကိုညီညီအောင်ထက်နိုင်ရေ မိသားစုနဲ့ထပ်တူဝမ်းနည်းရပါတယ်။ ငါတို့တွေ တခွန်းတည်း ပြိုင်တူ အော်မယ်။ “ကမ္ဘာမကြေဘူး”

Tags:

Add a Comment

Your email address will not be published. Required fields are marked *