ဘာကြောင့်ဘဏ်ထဲကငွေတွေ ပြန်ထုတ်သင့်သလဲဆိုတာကို အကြောင်းအရင်းခိုင်လုံစွာနဲ့ရှင်းပြလာတဲ့ ဘဏ်ဝန်ထမ်းဟောင်းတစ်ဦးရဲ့ ပြောကြားချက်

ဘာကြောင့်ဘဏ်ထဲကငွေတွေ ပြန်ထုတ်သင့်သလဲဆိုတာကို အကြောင်းအရင်းခိုင်လုံစွာနဲ့ရှင်းပြလာတဲ့ ဘဏ်ဝန်ထမ်းဟောင်းတစ်ဦးရဲ့ ပြောကြားချက်

ဘာကြောင့် ဘဏ်ထဲကငွေတွေ ပြန်ထုတ်သင့်သလဲ ကိုနေနိုင်ထွန်း (ဘဏ်ဝန်ထမ်းဟောင်း) ဘဏ်အပ်ငွေ အကုန်ပြန် ထုတ်ထားကြပါ ။ ဘာကြောင့် ငွေတွေ အကုန်ထုတ်သင့်သလဲဆိုတာ ဘဏ်ငွေကြေးစနစ် ကျွမ်းကျင်သူ ပြောပြတာလေးကို ပြောပြပါ့မယ် … ပြည်သူများအနေနဲ့ မိမိတို့ပိုင်ငွေတွေကို ဘဏ်တွေက ဘာကြောင့် ကိုယ်လိုချင်သလောက် မထုတ်ပေးနိုင်သလဲဆိုတာ ဘဏ်တွေထဲမှာ ဗဟိုဘဏ် အပါအဝင် ငွေကြေးပျက်လပ်နေပြီတဲ့သဘောပါ။

ဘဏ်တွေဟာ အပ်ငွေတွေကို စီးပွားရေး လုပ်ငန်းတွေ ပြန်ချေးပေး ထားတာပါ။ လုပ်ငန်းရှင်တွေဆီကရတဲ့ ချေးငွေနဲ့ အတိုးပြန်ပေးရတာပါ။ အခုချိန်မှာ စီးပွား ရေးအားလုံး ရပ်တန့်နေပြီး စက်ရုံတွေလည် ပိတ်သိမ်းထားကြလို့ ဘဏ်တွေဟာ ချေးထားတဲ့ငွေတွေ ပြန်မရကြပါဘူး။ ချေးငွေတွေပြန်မရတဲ့အပြင်သာမန်ပြည်သူတွေနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေကလည်း ဘဏ်တွေထဲကို အပ်ငွေတွေ လာမထည့် ကြတော့ပါဘူး။

နေ့စဉ် ပြည်သူတွေသွားထုတ်နေကြတဲ့ မိမိပိုင်ငွေတွေဟာ ဘဏ်ပိုင်ပိုက်ဆံတွေ မဟုတ်ပါဘူး။ အပ်ငွေတွေနဲ့ အစားထိုး ပြန်ထုတ်ပေးနေတာပါ။ အခုချိန်မှာ အပ်ငွေမရှိလို့ ပြည်သူပိုင် အပ်ငွေတွေ ပြန်ထုတ် မပေးနိုင်လို့ အကန့်အသတ်နဲ့ ထုတ်နေရတာတွေ တနေ့ကို ငွေနည်းနည်းပဲ ထုတ်ပေးနေတာတွေက ဘဏ်ထဲမှာ ငွေတွေမရှိဘူးဆိုတဲ့ အဓိပ္ပာယ်ပါပဲ။ ဘဏ်ရဲ့ငွေကြေးစနစ် လှည့်ပတ်မှုက စီးပွားရေးပါပဲ။ စီးပွားရေးအားလုံး ရပ်တန့်ရင် ဘဏ်တွေထဲမှာ ငွေပျက် သွားတတ်တာပဲ။ ၂၀၀၄ မှာ အာရှဓနဘဏ် နဲ့ မေဖလားဝါးဘဏ် ပြိုလဲသွားတာလည်း စီးပွားရေးတွေ ရပ်သွားလို့ ဒေဝါလီ ခံလိုက်ရတာပဲ ။ ဘဏ်တွေ ဒေဝါလီခံလိုက်ရတာနဲ့ ပြည်သူတို့ငွေ အကုန်ဆုံးရူံးခံရတာပါပဲ။

အရင်အစိုးရတွေက စီးပွားရေးတွေ ရပ်မယ်၊ ငွေကြေးပျက်လပ်တော့မယ်ဆိုရင် ငွေစက္ကူအသစ်ရိုက်ထုတ်ပြီး ပြည်သူတွေငွေတွေ ထုတ်ပေး၊ ဝန်ထမ်းလစာတွေပေး လုပ်ခဲ့ကြပါတယ်။ အဲ့လိုငွေစက္ကူ အသစ်ရိုက်ထုတ်တာနဲ့ မြန်မာကျပ်ငွေက တန်ဖိုးကျဆင်းပြီး ကုန်ဈေးနှုန်းတတ်လာပါတယ်။ အခု အခြေအနေက အဲလိုဖြေရှင်းလို့ မရပါဘူး။ ဘာကြောင့်ဆို ငွေစက္ကူအသစ်ရိုက်ထုတ်တဲ့ စက္ကူနဲ့ မှင်က ဂျာမနီက ဝယ်ယူတင်သွင်းရတာဖြစ်လို့ပဲ။ အမေရိကန်က စီးပွားရေးပိတ်ဆို့လိုက်တော့ ဂျာမနီက မရောင်းတော့ပါဘူး။ အခြားနိုင်ငံတွေဆီကလည်း ဝယ်ယူလို့ မရတော့ပါဘူး။

ဘာကြောင့် ငွေတွေပြန်ထုတ်သင့်သလဲဆိုတာ ပြန်ရေးပြရရင်

၁။ ဘဏ်ထဲမှာ ငွေတွေမရှိတော့လို့

၂။ စီးပွားရေးတွေ ရပ်နေလို့

၃။ ငွေစက္ကူအသစ်ရိုက်ထုတ်လို့ မရတော့လို့

၄။ စစ်ကောင်စီက သိန်းနဲ့ချီတဲ့ဝန်ထမ်းတွေကို လစာမပေးနိုင်တဲ့အပြင် ပင်စင်လစာတွေကိုပါ နောက် ၁ လလောက်နေရင် မပေးနိုင်တော့တာပဲ ပင်စင်လစာနဲ့ ဝန်ထမ်းလစာတွေကို ပြည်သူတွေရဲ့အပ်ငွေတွေကို မတရား သိမ်းဆည်းထိန်းချုပ်ပြီး ဝန်ထမ်းလစာတွေ ပင်စင်လစာတွေရဲ့ပြဿနာကို ဖြေရှင်းနိုင်လို့ မိမိတို့ငွေကြေတွေ ဆုံးရှုံးသွားနိုင်လို့ပဲ။

၅။ ပြည်တွင်းစစ်မီးစတင်ဖို့ အချိန်နီးလာလို့ပဲ၊ ပြည်တွင်းစစ်ဖြစ်ဖို့က ရာခိုင်နှုန်းများနေလို့ပဲ

၆။ အပ်ငွေမရှိပဲ ထုတ်ငွေသာများနေတဲ့ဘဏ်တွေဟာ မကြာခင် ဒေဝါလီခံရနိုင်လို့ပါပဲ

၇။ ဗိုလ်ချုပ်ပုံပါတဲ့ ၁၀၀၀ ကျပ်တန် နဲ့ ၅၀၀ ကျပ်တန်တွေ ဖျက်သိမ်းနိုင်လို့ပဲ

၈။ လုပ်ငန်းရှင်တွေ၊ ခရိုနီတွေ စီးပွားရေးပိတ်ဆို့ခံရနိုင်တာလည်း ပါတယ် ဒါ ကထိခိုက်မှု နည်းပါတယ် ။ ဘဏ်ကောင့် သစ်ဖွင့်ရင် အဲ့ဒီအကောင့်က ကြိုက်သလောက် ငွေထုတ် ငွေသွင်းလုပ်လို့ရတယ်ဆိုတာ ပြည်သူကို လိမ်လည်ပြီး ငွေလိမ်ယူမယ့် အကွက်ပါပဲ ။ ဥပမာ ဘဏ်တွေထဲမှာသာ ငွေတကယ်ရှိနေရင် ဘဏ်အကောင့်သစ် ဖွင့်ခိုင်းစရာမလိုပါဘူး။ အကောင့်ဟောင်းက ငွေတွေကိုသာ အကုန်ထုတ်ပေးရဲဖို့ပဲ လိုတာပါ။

အခုဟာ ပြည်သူတွေဆီမှာ ငွေတစ်သိန်းရှိတယ် ထား၊ အဲ့ဒီထဲက ၅ သောင်းကို ပြည်သူက ဘဏ်အကောင့်ထဲမှာ သိမ်းထားမယ်။ ဘဏ်ထဲမှာ သိမ်းထားတဲ့ ၅ သောင်းတောင် အပြည့်မထုတ်ပေးပဲ ဗဟိုဘဏ်က ထိန်းချုပ်ထားတာခံရတဲ့အပြင် နောက် ၅ သောင်းကို လိမ်လည်သိမ်းယူဖို့ ကြံနေတာပါပဲ။

အရင် ၅ သောင်းကိုတောင် ထုတ်မပေးနိုင်ပဲနဲ့ နောက်ထပ် ပြည်သူလက်ထဲကျန်နေတဲ့ ၅ သောင်းကို အကောင့်သစ်ဖွင့် စိတ်ကြိုက်ထုတ်ယူခွင့်ပေးမယ်ဆိုတာ မဖြစ်နိုင်တဲ့ လိမ်ညာမှုကြီးဖြစ်ကြောင်း မိမိပိုင် ချွေးနည်းစာ ငွေကြေးမဆုံးရူံးစေချင်ရင် ကျွန်တော့်လို လုပ်ကြပါ။

ဘဏ်အကောင့်ထဲမှာရှိတဲ့ ကျွန်တော် တစ်ထောင်ကျပ်သာချန်ထားပြီး အကုန်ပြန်ထုတ်ယူ သိမ်းထားလို့ပဲ၊ ဒီလိုအချိန်မှာ ကိုယ့်လက်ထဲမှာ သိမ်းထားတာလောက်လုံခြုံတဲ့ အရာမရှိဘူး။ ကိုယ့်မိသားစု အရေးအကြောင်းတခုဖြစ်လို့ ငွေလိုအပ်လာရင် ချက်ချင်းထုတ်ယူလို့မရတဲ့ ဘဏ်ထဲမှာဘာကြောင့် အပ်ထားကြမှာလဲ … Crd

Add a Comment

Your email address will not be published. Required fields are marked *