ဘဝနဲ့ ရင်းပြီး သိခဲ့ရတဲ့ အသိတွေကို ပရိတ်သတ်တွေ သိအောင် ပြန်လည် မျှဝေလာခဲ့တဲ့ အေသင်ချိုဆွေ

ဘဝနဲ့ ရင်းပြီး သိခဲ့ရတဲ့ အသိတွေကို ပရိတ်သတ်တွေ သိအောင် ပြန်လည် မျှဝေလာခဲ့တဲ့ အေသင်ချိုဆွေ

မင်္ဂလာပါ ချစ် ပရိတ်သတ်ကြီးရေ အဆိုတော် တစ်ယောက်လည်း ဖြစ်သလို သရုပ်ဆောင် တစ်ယောက်လည်း ဖြစ်တဲ့ အေသင်ချိုဆွေက

အမြို့မြို့ အနယ်နယ်မှာ အားပေးသူ ပရိတ်သတ် အခိုင်အမာ ရရှိပြီးသား အနုပညာရှင် တစ်ယောက် ဆိုလည်း မမှားပါဘူး။

အောင်မြင်တဲ့ အနုပညာရှင် တစ်ယောက်ဖြစ်သလို တစ်ဖက်မှာလည်း သမီးလေး Ivy ရဲ့ မိခင်တစ်ယောက်လည်း ဖြစ်တဲ့ အေသင်ချိုဆွေက

ပရိတ်သတ်တွေနဲ့ မိသားစုအကြားမှာ အချိန်တွေကို သင့်တင့် မျှတအောင် ခွဲဝေ လှုပ်ရှားနေသူတစ်ယောက်ဆိုလည်း မမှားပါဘူး။

ဒီကနေ့မှာတော့ အေသင်ချိုဆွေက လူမှုကွန်ယက် စာမျက်နှာမှာ တွေ့ရတဲ့ ပြဿနာတစ်ခုနဲ့ ပက်သတ်ပြီး သူမရဲ့ အတိတ်က ဖြစ်ရပ်နဲ့ယှဉ်ပြီး သတိပေး လာတာကို တွေ့ရပါတယ်။

“$ကျင့်မကောင်းတဲ့ ယောကျာ်းက အစကတည်းက သူ့ငြင် က ပါလာပြီးသား ကိုယ် ဘယ်လောက် ချစ်ချစ် ဘယ်လောက် ဆွဲထားထား အလကားပဲ ပေါ့ပျက်ပျက်နဲ့ ပြီးရင် အထက်ဆီးက အကျင့်ကောင်းပြီး

ကိုယ့်ကို တကယ်တန်ဖိုးထားပြီး ချစ်တဲ့ ယောကျာ်းကလည်း အစတည်းကကို ချစ်တာ ဘယ်သူမှ တကူး တကနားချ နေစရာမလိုဘူး။

ကိုယ့်ကို အမြတ်တနိုးနဲ့ ကို လိုချင်တာ။ ကိုယ်လည်း အခုမှ သိတာပါ ဒါတွေကို ဒီ post လေးဖတ်ပြီးတော့ အတိတ်ကိုတောင် တဖြတ် ပြန်မြင်ယောင်မိတယ်။

ပြောချင်တာက ကိုယ်က play ချင်ရုံ သက်သက်ပဲ တာဝန်ယူလိုစိတ် မရှိရင် ကိုယ်နဲ့ တူရာကိုပဲ ရှာပြီး Play ပါ။

တကယ် ချစ်တတ်တဲ့ သူတွေ ကျတော့ အရမ်းခံစားရတယ် အရမ်းနာကျင်ရတယ် အဲ့တော့ မလုပ်ပါနဲ့ (ယောကျာ်းလေးရော မိန်းကလေးရော) ကိုယ်ချင်း စာစိတ်မွေးကျပါ။

တဖက်လူ ထိခိုက်နစ်နာအောင် မတရား လုပ်ခြင်းကြောင့် ရလာတဲ့ အကျိူးဆက်က ဒါတွေပဲ ဝဋ်မှာ

အမြဲ ငရဲမှ အပ ဆိုတဲ့ အတိုင်း ဝဋ်ကလည်း ဒီဘဝတင် Heavy လည်တာပါ။ မယုံမရှိနဲ့ ဆိုပြီး ပြောလာတာပဲ ဖြစ်ပါတယ်။

အေသင်ချိုဆွေကလည်း သူမ ကိုယ်တိုင် သမီးလေး Ivy ကို တာဝန် ယူစိတ်မရှိတဲ့လူနဲ့ ဆုံတွေ့ခဲ့ရပြီး အခု အချိန်ထိ Single Mother အဖြစ် ရဲရဲဝံ့ဝံ့ ရပ်တည်နေတာပဲ ဖြစ်ပါတယ်။

ပရိတ်သတ်တွေကလည်း အေသင်အတွက် အားပေးစကားလေးတွေ ပြောခဲ့ပါအုံးနော်။

အဆုံးထိ ဖတ်ပေးကြတဲ့ ပရိတ်သတ် တစ်ယောက်ခြင်းစီတိုင်း အထူး ကျေးဇူးတင်လျက်ပါ။

Add a Comment

Your email address will not be published. Required fields are marked *