ဘဝကိုအားမလျှော့ပဲ တစ်ကိုယ်တည်းရပ်တည်နေထိုင်နေတဲ့ (၁၀) နှစ်အရွယ် ကလေးငယ် (အပြည့်စုံဖတ်ရန် ပုံကိုနှိပ်ကြည့်ပါ)

ဘဝကိုအားမလျှော့ပဲ တစ်ကိုယ်တည်းရပ်တည်နေထိုင်နေတဲ့ (၁၀) နှစ်အရွယ် ကလေးငယ်

မင်္ဂလာပါ ချစ်ပရိတ်သတ်ကြီးရေ ခုပြောပြမယ့် အကြောင်းလေးကတော့ ခက်ခဲ ကြမ်း တမ်းမှုတွေနဲ့ ပြည့်နှက်နေတဲ့ လောကကြီးမှာ အသက်ရှင် ရပ်တည်နိုင်ဖို့အတွက် ခက်ခဲလွန်းလှပါတယ်။

အခုအခါမှာလည်း ဗီယက်နမ်နိုင်ငံက ရွာငယ်လေးတစ်ခုမှာ နေထိုင်လျက်ရှိတဲ့ Dang Van Khuyen အမည်ရှိတဲ့ အသက် (၁၀) နှစ်အရွယ် ကောင်လေးတစ်ယောက်ဟာ သိပ်မကြာသေးခင်ကမှ အဘွားဖြစ်သူနဲ့ ဖခင်ဖြစ်သူတို့ကို ဆုံးရှုံးလိုက်ရတဲ့အတွက် တစ်ကိုယ် တည်း ရပ် တည်နေထိုင်ပြီး ကိုယ် တိုင်အသီးအရွက်များကို စိုက်ပျိုးကာ နေ ထိုင်လျက်ရှိပါတယ်။

Dang Van Khuyen ဟာ မိခင်ဖြစ်သူကို ငယ်စဉ်ကတည်းက ဆုံးရှုံးခဲ့ရတာဖြစ်ပြီး ဖခင်ဖြစ်သူမှာတော့ ဆောက်လုပ်ရေး အလုပ် သမားအဖြစ် လုပ်ကိုင် နေရသူဖြစ်တဲ့အ တွက် မိသားစုနဲ့ ခွဲပြီး နေထိုင်ခဲ့ ရသူဖြစ်ပါတယ်။

ဒါကြောင့် Dang Van Khuyen နှင့် အဘွားဖြစ်သူတို့ဟာ တစ်ဦးကိုတစ်ဦး မှီခိုအားထားကာ နေထိုင်ခဲ့ရပြီး ဖခင်ဖြစ်သူက ထောက်ပံ့ပေးနေတဲ့ ငွေကြေးအနည်းငယ်ဖြင့်သာ ရိုးရှင်းသော ဘဝလေးကို ဖြတ်သန်း နေထိုင်ခဲ့ကြရပါတယ်။ ကံဆိုးစွာနဲ့ပဲ အဘွားဖြစ်သူဟာ အသက် အရွယ် အိုမင်း လာပြီးတဲ့နောက် သေဆုံးသွားခဲ့ရပါတယ်။

နောက်ထပ် မကြာခင်အချိန်မှာဘဲ Dang Van Khuyen ကျောင်းမှာ စာသင်ကြားနေတုန်း ဖခင်ဖြစ်သူဟာ လုပ်ငန်းခွင်တွင်း မတော် တဆမှုတစ်ခုဖြစ်ပြီး သေဆုံးသွားခဲ့ရတယ် ဆိုတဲ့ သတင်းကို သိခဲ့ရပါတယ်။

အဲ့ဒီနောက် Dang ရဲ့ကျောင်ကဆရာ ဆရာများက Dang ရဲ့ဖခင်ဖြစ်သူ အလောင်းကို အိမ်သို့ပြန်သယ်ဆောင်ပြီး မြေမြုပ် သဂြိုလ်နိုင်ဖို့အတွက (10) million dong (မြန်မာငွေကျပ်6သိန်းကျော်) အကုန်အကျခံပြီး ကူညီပေးခဲ့ကြပါတယ်။

ယခု အချိန်မှာတော့ Dangလေးဟာ မိသားစုမရှိဘဲ အသီးအရွက်များကို စိုက်ပျိုးကာ ကိုယ်ပိုင် ရပ်တည်နေထိုင်လျက် ရှိပြီး ကျောင်းကိုလည်း မပျက်ကွက်ပဲ တက်ရောက်နေကာ စာကိုကြိုးစား သင်ယူနေကြောင်း သိရှိခဲ့ရပါတယ်။

Dang ရဲ့ဆရာဖြစ်သူကလည်း တပည့်ဖြစ်သူ Dang ရဲ့ အ ကြောင်းကို social media ပေါ်တွင် ပြန်ဝေမျှပေးခဲ့ပြီး Dang ကိုကူညီချင်ကြသူတွေ မွေးစား ချင်သူများရှိနေပေမဲ့လည်း Dang ကတော့ အားလုံးကိုငြင်းပယ်ခဲ့ပါတယ်။

ဒါအပြင် အစိုးရနှင့် ကျောင်းကပါ Dang ကိုစောင့်ရှောက်မွေးစားမည့် မိသားစုများ ရှာ ဖွေပေးခဲ့ကြပေမဲ့လည်း Dang ကတော့ ဆက် လက်ငြင်းဆို နေခဲ့ပါတယ်။

အဲ့ဒီအတွက်ကြောင့် Dang ဟာသူရဲ့ အ သက် (၁၈) နှစ်ပြည့်တဲ့အထိ တစ်ယောက် တည်း ဆက်လက် ရပ်တည်နိုင်ဖို့ကို လူအများက အတော်လေး စိတ်ပူနေလျက် ရှိပါတယ်။

Dang လေးက (၁၀) အရွယ် ကလေး တစ်ယောက်ဖြစ်ပေမဲ့လည်း ခက်ခဲကြမ်းတမ်းတဲ့ ဘဝရဲ့ခရီးလမ်းကို ကိုယ့်အား ကိုယ်ကိုးပြီး သတ္တိရှိရှိနဲ့လျှေက်လှမ်းနေတာကတော့ လေး စားစရာ ကောင်းလွန်းလှပါတယ်။

ပရိတ်သတ်ကြီးတို့လည်း ဘဝရဲ့ခရီးလမ်းကို အေးချမ်း သာယာစွာနဲ့ လျှောက်လှမ်းနိုင်ကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ရပါတယ် ခင်ဗျာ။ Credit

Add a Comment

Your email address will not be published. Required fields are marked *