ဘဝကိုအရှုံးမပေးပဲ သူများပိုက်ဆံ အလ ကားမလိုချင်တဲ့စိတ်ဓာတ်နဲ့ ပန်းရောင်းနေခဲ့တဲ့ ကလေးလေးရဲ့ ချီးကျူးလေးစားစရာစိတ်ဓာတ် (အပြည့်စုံဖတ်ရန် ပုံကိုနှိပ်ကြည့်ပါ)

ဘဝကိုအရှုံးမပေးပဲ သူများပိုက်ဆံ အလ ကားမလိုချင်တဲ့စိတ်ဓာတ်နဲ့ ပန်းရောင်းနေခဲ့တဲ့ ကလေးလေးရဲ့ ချီးကျူးလေးစားစရာစိတ်ဓာတ်

မင်္ဂလာပါ ချစ်ပရိတ်သတ်ကြီးရေ ခုပြောပြမယ့် အကြောင်းလေးကတော့ ကလေးလေးက အင်မတန် မျက်နှာချိုပြီးတော့ သနပ်ခါးတွေ အပြည့်လူးထားတဲ့ သူများပိုက်ဆံ အလကားမလိုချင်တဲ့ ပန်းရောင်းတဲ့ ကလေးလေးတစ်ယောက်ရဲ့ စိတ်ဓာတ်လေးကြောင်းကို ဖော်ပြချင်ပါတယ် ခင်ဗျာ။

ခု အကြောင်းလေးက လူမှုကွန်ရက် သုံးစွဲ သူတစ်ဦးက ဓာတ်ပုံလေးတွေနဲ့ အတူ စာလေးကို တင်ဘာခဲ့တာပဲ ဖြစ်ပါတယ်။ သူက နေ့ လယ်က ကုသိုလ်တော် ဘုရားမှာတွေ့ခဲ့တဲ့ ချာတိတ် စတွေ့တွေ့ချင်း သူက ကျနော်တို့ကို ပန်းလာရောင်းတယ်ဗျ။

ကျနော်တို့လဲ ပန်းမဝယ်ဘူးဆိုတော့ သနပ် ခါးလိမ်းပေးရမလားတဲ့ မုန့်ဖိုးပေးချင်သ လောက်ပေး ခဲ့ပါတဲ့ (အသက် ငယ်ပေမယ့် သူတစ်ပါး ပိုက်ဆံ ကိုအလကားမလို ချင်တဲ့ စိတ်ကိုတော့လေးစားမိပါတယ်)။

ကျနော်လဲ သူသနပ်ခါး လိမ်းတာသဘောကျတာနဲ့  တစ်ချက်ခုတ် (၂) ချက်ပြတ်ဆိုပြီးတော့ သူ့ကို ဓာတ်ပုံရိုက် မုန့်ဖိုးပေးပေါ့ ( သနပ်ခါးလိမ်းထား တာကတော့အလန်းကြီး ) အဲ့လိုကျ ကိုယ်တော်ချောက သွားကျိူးလေးနဲ့ ရယ်ပြလာခဲ့တယ်။ အသက် (၅) နှစ် အရွယ်ပဲ ရှိပါသေးတယ်။

စကားကတော့ တတ်သလားမမေးနဲ့ဗျာ။ ဒီလို ကလေးလေးတွေနဲ့တွေ့ရင် ပန်းရောင်းတာပဲဖြစ်ဖြစ် သနပ်ခါး လိမ်းပေးရင်ဖြစ်ဖြစ် မုန့်ဖိုးများများပေးကြပါလို့ ပြောချင်ပါတယ်။

(၂၀၀) (၅၀၀) လောက်နဲ့ ဘာမှမထူးခြားဘူးဆိုပေမယ့်လည်း (၂၀၀) (၅၀၀) တွေများလာရင်တော့ သူတို့အတွက် အများကြီး အ ထောက် lအကူဖြစ်ပါလိမ့်မယ်ဆိုပြီးတော့ အသက် (၅) နှစ် အရွယ်သာ ရှိသေးပေမယ့်လည်း သူများ ပိုက်ဆံ အလကားမလို ချင်တဲ့ ကလေးလေး တစ်ယောက်ရဲ့ စိတ် ဓာတ်နဲ့ ကူညီခဲ့ပုံလေးကို ကိုဖော်ပြခဲ့ပါတယ်နော်။

ပရိတ်သတ်ကြီးအားလုံးလည်း ၎င်း (၅) နှစ်အရွယ် ကလေးအတွက် အား ပေးစကား လေးတွေ ပြောခဲ့ပါအုံးနော်။ ဖတ်ရူ့အားပေးကြတဲ့ ပရိတ်သတ်ကြီးအား လုံးလည်း သာ ယာ ပျော်ရွှင်တဲ့ နေ့လေး တစ် နေ့ ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေး လိုက်ပါတယ် ခင်ဗျာ။ Credit

Add a Comment

Your email address will not be published. Required fields are marked *