ဗီယက်နမ်နိုင်ငံမှာ စီးပွားဖြစ် ခေတ်စားနေတဲ့ သတို့သားငှားရမ်းတဲ့ လုပ်ငန်း (အပြည့်စုံဖတ်ရန် ပုံကိုနှိပ်ကြည့်ပါ)

ဗီယက်နမ်နိုင်ငံမှာ စီးပွားဖြစ် ခေတ်စားနေတဲ့ သတို့သားငှားရမ်းတဲ့ လုပ်ငန်း (အပြည့်စုံဖတ်ရန် ပုံကိုနှိပ်ကြည့်ပါ)

မင်္ဂလာပါ ချစ်ပရိတ်သတ်ကြီးရေ အခုပြောပြမယ့် အကြောင်းလေးက ဗီယက်နမ်မှာ အလွန်စီးပွားဖြစ်နေတဲ့ သတို့သား ငှားရမ်းတဲ့ လုပ်ငန်း အကြောင်းလေးပဲဖြစ်ပါတယ်။ ဗီယက်နမ် အမျိုးသမီးများ အိမ်ထောင်မကျမီ ကိုယ်ဝန်ရသွားလျှင် ၎င်း ပတ်ဝန်းကျင်က နှာခေါင်း ရှုံ့ကြလေ့ ရှိပါတယ်။

ထို့ကြောင့် သတို့သားနှင့် ဧည့်သည်များ ငှားပေးပြီး မင်္ဂလာဆောင် အတု လုပ်ပေးတဲ့ လုပ်ငန်းများက ဗီယက်နမ်တွင် အလွန်ခေတ်ကောင်းနေခဲ့ပါတယ်။

ခင်ပွန်းမရှိဘဲ ကိုယ်ဝန်ရခြင်းကို ပတ် ဝန်း ကျင်က ခုထိတိုင် လက်သင့်မခံ သေးတဲ့အတွက် ဗီယက်နမ်တွင် နှစ်စဉ်ကလေးဖျက် ချမှုပေါင်း (၃၀၀၀၀၀) ကျော်ဖြစ်ပွားနေခဲ့ပါတယ်။ ၎င်း နှုန်းထားကအာရှတွင် အမြင့်ဆုံး နှုန်းဖြစ်လာခဲ့ပါတယ်။

သတိတစ်ချက်လွတ်ပြီး အမှားကျူးလွန်မိတဲ့ ကျောင်းသူလေးတွေက ပတ်ဝန်းကျင်ကပေးတဲ့ ဖိအားကြောင့် ကလေးဖျက်ချနေခဲ့ပါတယ်။ ကလေးမဖျက်ချ လိုတဲ့ အမျိုးသမီး ငယ်လေးများအတွက် မင်္ဂလာဆောင်အတု လုပ်ပေးတဲ့ လုပ်ငန်း များက အားကိုး အားထားစရာ ဖြစ်လာခဲ့ပါတယ်။

၎င်း ဝန်ဆောင်မှုက ဟန်ဆောင်သတို့သား သာမက ဟန်ဆောင် မင်္ဂလာဆောင် ဧည့် သည်များကိုပါ ငှားရမ်းပေးတဲ့ ဝန်ဆောင်မှုဖြစ်ခဲ့ပါတယ်။ ၎င်း ဝန်ဆောင်မှုမှာ ဒေါ်လာ (၁၅၀၀) မှ ဒေါ်လာ (၄၅၀၀) အထိ အစားစားရှိပြီး ဈေးနှုန်းကြီးမြင့်လှသော်လည်း ပတ် ဝန်းကျင်တွင် မျက်နှာမပျက်လိုတဲ့ မိန်းက လေးများက ၎င်းကို ငှားလေ့ရှိပါတယ်။

ဗီယက်နမ်တွင် မင်္ဂလာဆောင် အတုအ လေ့အထ တွင်ကျယ် နေကြောင်းမှာ နှစ်ပေါင်း (၁၀) နှစ်ကျော် နေပြီဖြစ်ပါတယ်။ အချို့သော ဝန်ဆောင်မှုမှာ ငါးနှစ် အစီ အစဉ် ပါဝင်ပါတယ်။ ၎င်း ဝန်ဆောင်မှုကို ယူလျှင် မိန်းကလေးက ခင်ပွန်းအတု (သတို့သားအတု) ဖြစ်သူကိုသာရေး နာရေးပွဲများအတူ တက်ရန်အတွက်ပါ ငှားနိုင်မည်ဖြစ်ပါတယ်။

ခင်ပွန်းအတု (သတို့သားအတု) မှာ မိန်း ကလေးရဲ့ အကြောင်းကို လေ့လာမှတ်သား ထားရတယ် ဆိုတဲ့ အကြောင်းလေးကို ပရိတ်သတ်ကြီးအတွက် ပြန်လည် မျှဝေပေးလိုက်ပါတယ် ခင်ဗျာ။ အဆုံးထိဖတ်ပေးကြတဲ့ ပရိတ်သတ်တွေလည်း ကျေးဇူးအထူးတင်လျက်ပါ။ Credit

Tags:

Add a Comment

Your email address will not be published. Required fields are marked *