အင်း စိန် ထောင် အထူး တရား ရုံးမှာ တရား စွဲ ဆိုခံ ထားရတဲ့ သရုပ်ဆောင် ရဲတိုက်နဲ့ ပိုင်တံခွန် (အပြည့်စုံဖတ်ရန် ပုံကိုနှိပ်ကြည့်ပါ)

ဖေ့ဘုတ်ပေါ်မှ အထောက်အထားတွေကို အဓိက ကိုးကားပြီး အင်းစိန်ထောင် အထူးတရားရုံးမှာ တရား စွဲဆိုခံထားရတဲ့ သရုပ်ဆောင် ရဲတိုက်နဲ့ ပိုင်တံခွန်

မင်္ဂလာပါ ချစ်ပရိတ်သတ်ကြီးရေ အင်းစိန်ထောင်မှာ ဖမ်းဆီးခံနေရတဲ့ သရုပ်ဆောင် ရဲတိုက်နဲ့ မော်ဒယ် သရုပ်ဆောင် ပိုင်တံခွန်တို့ကို စစ်ကောင်စီက

ဖေ့စ်ဘွတ်ခ်နဲ့ မီဒီယာတွေပေါ်က အထောက် အထားတွေနဲ့ တရားစွဲထားတာဖြစ်ပြီး တရားလိုကို စစ်ပြီးမှ အာမခံလျှောက်မယ်လို့ သူတို့ရဲ့ ဥပဒေအကြံပေးက ပြောပါတယ်။

သရုပ်ဆောင် ရဲတိုက်ကို လသာရဲစခန်းက ပုဒ်မ ၅၀၅ (က) မရမ်းကုန်း ရဲစခန်းက မူးယစ်ပုဒ်မ ၁၆ (ဂ) တို့နဲ့ တရားစွဲ ထားတာဖြစ်ပါတယ်။

သရုပ်ဆောင် ပိုင်တံခွန်ကိုတော့ မြောက်ဒဂုံ ရဲစခန်းက ပုဒ်မ ၅၀၅ (က) နဲ့ တရားစွဲထားပါတယ်။

သူတို့နှစ်ဦးစလုံးရဲ့ အမှုတွေကို စတင်စွဲဆိုခဲ့တဲ့ မေလ ၄ ရက်နေ့ကနေ ရက်ပေါင်း ၁၈၀ အတွင်း အပြီးစစ်ဆေးသွားဖို့ရှိတယ်လို့ သူတို့ရဲ့ ဥပဒေအကြံပေး ရှေ့နေ ဦးခင်မောင်မြင့်က ပြောပါတယ်။

အမှုသွားအမှုလာ အနေအထားက ကိုပိုင်တံခွန်က အပြင်မှာ ဆောင်ရွက်နေတာတွေထက် ဖေ့စ်ဘွတ်ခ်ပေါ် တင်ထားတာတွေအပေါ် မူတည်ပြီးစွဲထားတာဖြစ်တဲ့အတွက် သိပ်ပြင်းပြင်း ထန်ထန်မရှိဘူး။

ကိုရဲ တိုက်အမှုကလည်း သူကိုယ် တိုင်ဆောင်ရွက်ခဲ့တာထက် မီဒီယာပေါ်မှာတင်ထားတဲ့ အင်တာဗျူးတစ်ခုအပေါ်မှာ မူတည်ပြီး စွဲထားတာဖြစ်တဲ့အတွက် သိပ်ပြင်းပြင်းထန်ထန်မရှိဘူး။

တခုရှိတာက စိတ်ကြွစိတ်ပြား ၁၁ ပြားနဲ့ ဆက်စပ်ပစ္စည်းတွေနဲ့ပတ်သက်ပြီး စွဲထားတဲ့အမှုကတော့ အာရုံ နည်းနည်းစိုက်ပြီး လိုက်ရမယ်။

အာမခံက တင်ရင်လည်း သူတို့ကလက်ရှိမှာ ကျန်းမာ ရေးက ကောင်းနေတယ်။

အထူးတရားရုံးမှာ တင်သမျှအမှု အားလုံးကို အာမခံမပေးဘူး။

လတ်တလော တင်ရင်ပယ်မယ့် အတူတူတရားလိုကိုစစ်ပြီးမှာ အမှုက ခိုင်ခိုင် မာမာ မရှိဘူးဆိုရင် ဘယ်လိုအမှုမျိုးမဆို အာမခံတင်လို့ရတဲ့အပေါ်မူတည်ပြီး

အာမခံလျှောက်ထားပါမယ် သရုပ်ဆောင် ရဲတိုက်နဲ့ ပိုင်တံခွန်တို့ကို အင်းစိန်ထောင် သီးသန့်ဆောင်မှာ ထိန်းသိမ်း ထားတာဖြစ်ပြီး ကျန်းမာရေး ကောင်းမွန်ကြတယ်လို့ သိရပါတယ်။

သူတို့ကို အင်းစိန်ထောင်တွင်း အထူးတရားရုံးမှာ စစ်ဆေးနေတာဖြစ်ပြီး သရုပ်ဆောင် ရဲတိုက်ကို ဇွန်လ ၁ ရက်နဲ့ ၃ ရက်နေ့ သရုပ်ဆောင်ပိုင် တံခွန်ကိုတော့ ဇွန်လ ၉ ရက်နေ့မှာ ရုံးချိန်းပြန်ခေါ်ပါတယ်။

အင်းစိန်ထောင် သီးသန့်ဆောင်မှာထားတယ်။

အဆောင်နံပတ်တော့မသိဘူးဗျ။

အားလုံးအတူတူထားတာ တော့မဟုတ်လောက်ဘူး။

တစ်ယောက်နဲ့ တစ်ယောက်ခွဲထားကြလိမ့်မယ်။

အထဲမှာ ၅၀၅ (က) နဲ့စွဲထားတာက လေးထောင်လောက်ရှိတော့ အဆောင်တွေတော့ ကွဲကြလိမ့်မယ်ထင်တယ် လို့ သူတို့ရဲ့ ရှေ့နေက ပြောပါတယ်။

သရုပ်ဆောင် ရဲတိုက် ကို ဧပြီ ၃ ရက်နေ့က မရမ်းကုန်းမြို့နယ် သမိုင်း လမ်းဆုံးမှာ ဖမ်းဆီးခဲ့တာဖြစ်ပြီး ပိုင်တံခွန်ကိုတော့ ဧပြီ ၈ ရက် နေ့က မြောက်ဒဂုံက သူ့ရဲ့နေအိမ်မှာ ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

သရုပ်ဆောင် ပြေတီဦး အိန္ဒြာကျော်ဇင်နဲ့ မေတိုးခိုင်တို့ သုံးဦးကိုတော့ မေလ ၂၇ ရက်နေ့က ကျောက်တံတား ရဲစခန်းကနေ ကျောက်တံတားတရားရုံးကို ပုဒ်မ ၅၀၅ (က) နဲ့ အမှုစွဲတင်ထားပါတယ်။

သူတို့ သုံးယောက်ကိုလည်း အင်းစိန်ထောင် သီးသန့် ဆောင်မှာပဲ ထိန်းသိမ်းထား တာဖြစ်ပါတယ်။ Credit

Add a Comment

Your email address will not be published. Required fields are marked *