ဖောင်ကြီး ကိုဗစ်ကုသရေးစင်တာမှာ လူနာတွေနဲ့ ကျန်းမာရေး ဝန်ထမ်းတွေအတွက် လိုအပ်တာများ သွားရောက်လှူဒါန်းခဲ့တဲ့ ခန့်စည်သူ

ဖောင်ကြီး ကိုဗစ်ကုသရေးစင်တာမှာ လူနာတွေနဲ့ ကျန်းမာရေး ဝန်ထမ်းတွေအတွက် လိုအပ်တာများ သွားရောက်လှူဒါန်းခဲ့တဲ့ ခန့်စည်သူ

မင်္ဂလာပါ ချစ် ပရိတ်သတ်ကြီးရေ ပြည်သူ့ အချစ် တော် ဝါရင့် သရုပ်ဆောင် မင်းသားချော ခန့်စည်သူက အခု နောက်ပိုင်းမှာ အနုပညာ အလုပ်တွေ ထက်

ပရဟိတ အလှူအတန်းတွေကို ပိုမို လုပ်ဆောင်နေခဲ့တာ ပရိသတ်တွေ သိရှိပြီးသား ဖြစ်မှာပါ ။

ခန့်စည်သူက အလှူအတန်းတွေကို အထူးသဖြင့် ဆေးရုံမှာ ဆေးကုသမှုခံနေရတဲ့ လူနာတွေ အတွက် ပိုမို လှူဒါန်းပေးနေခဲ့တာ ပဲဖြစ်ပါတယ် ။

သြဂုတ်လ (၁၄) ၇က်နေ့မှာလည်း ခန့်စည်သူက COVID-19 ကုသရေးဌာန (ဖောင်ကြီး) မှာဆေးကုသမှု ခံယူနေတဲ့ လူနာတွေ ဆရာဝန်တွေ ကျန်းမာရေး ဝန်ထမ်းတွေ စေတနာ့ ဝန်ထမ်းတွေနဲ့ မြို့နယ်ပြည်သူ့

ကျန်းမာရေး ဆေးရုံ (မင်္ဂလာဒုံ) တို့တွင် တက်ရောက် ကုသနေတဲ့ လူနာများ ဆရာဝန်များ စေတနာ့ ဝန်ထမ်းများ အတွက် စုစုပေါင်း ထမင်းဘူး (၂၀၀) ရေသန့်များ အအေးများ မုန့်များ ကယ်လ်ဆီယမ်ကွေကာများ ဆေးဝါးများနှင့် ဆေးရုံသုံး ပစ္စည်းများကို ပေးအပ် လှူဒါန်းခဲ့ပါတယ် ။

အခုလို လှူဒါန်းမှုမှာ လိုက်ပါ ကူညီပေးကြတဲ့ သူတွေကိုလည်း ကျေးဇူးတင်ရှိကြောင်းနဲ့ သူ့ရဲ့ အလှူလေးကို သာဓုခေါ်ဆိုနိုင်ဖို့ သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာကနေ မျှဝေ ဖော်ပြထားခဲ့ပါသေးတယ် ။

ပရိတ်သတ်ကြီးအားလုံးလည်း ခန့်စည်သူရဲ့ အလှူလေးကို သာဓု ခေါ်ဆိုပေးခဲ့ကြပါဦးနော် ။

Add a Comment

Your email address will not be published. Required fields are marked *