ဖေဖေက သမီးပြန်လာတာကို မစောင့်ပဲ သမီးကို အပြီးထားခဲ့တယ်ဆိုပြီး သူမရဲ့ခံစားချက်တွေကို ရင်ဖွင့်လာတဲ့ ထားထက်ထက်

ဖေဖေက သမီးပြန်လာတာကို မစောင့်ပဲ သမီးကို အပြီးထားခဲ့တယ်ဆိုပြီး သူမရဲ့ခံစားချက်တွေကို ရင်ဖွင့်လာတဲ့ ထားထက်ထက်

မင်္ဂလာပါ ချစ်ပရိတ်သတ်ကြီးရေ မော်ဒယ် သရုပ် ဆောင် ထားထက်ထက် ကဆိုရင် နွေဦးတော်လှန်ရေးမှာ ပြည်သူတွေနဲ့ တစ်သားတည်း ရပ်ခဲ့တဲ့အပြင်

သူမ ကိုယ်တိုင်လဲ ဆန္ဒထုတ်ဖော်ကာ တော်လှန်ရေးမှာ ပါ ဝင်ခဲ့ပါတယ်။

ဒါ့ကြောင့် သူမကို ပုဒ်မ (၅၀၅-က) နဲ့ဖမ်းဝရမ်း ထုတ်ခဲ့တာကြောင့် ဘေးလွတ်ရာကို တိမ်း ရှောင်ရင်း

လွတ်လပ်ရေး နယ်မြေကို ရောက်ရှိပြီး စစ်ပညာ သင်ယူနေတာပဲ ဖြစ်ပါတယ်။

ဖေဖေက သမီးပြန်လာတာကို မစောင့်ပဲ သမီးကို ထားခဲ့တယ်။

သမီးရဲ့ ကမ္ဘာကြီးတခုလုံး သမီးရဲ့ အရာရာဖေဖေ့ကို အဆက်အသွယ် မလုပ်တာ ၄ လရှိပြီ။

ဖေဖေနဲ့ စကားမပြောရတာ ၄ လရှိပြီ။

ဖေဖေ့မျက်နှာ မမြင်ရတာ ၄ လရှိပြီ။

ဖေဖေ နေကောင်း ကျန်းမာရဲ့လား ဘာလိုအပ်တာရှိလဲ အဆင်ပြေရဲ့ လားဆိုတာတွေ အခြား လူတစ်ယောက်က တဆင့်ပဲ အမြဲမပြတ်မေးနေခဲ့ရတယ်။

ပြီးခဲ့တဲ့ ၂ ရက်လောက်ကမှ ဗိုက်နာ လို့နေမကောင်းဘူးကြားတော့ အရမ်း သတိရစိတ်ပူလို့ စကားပြော

ချင် တွေ့ချင်လို့ ဖြစ်ချင်ရာဖြစ် ဖုန်းခေါ်မယ် စကား ပြောမယ်လို့ ချိန်းထားတာ ဒီနေ့လေ ဘာလို့ဒီနေ့မှ

စကားတောင်မပြော မြင်ခွင့်တောင်မရပဲ သမီးကို ထားခဲ့ရတာလဲ။

ဖေ့သမီးလေးအတွက် ဂုဏ်ယူနေပေမယ့် တောထဲမှာ အနေအစားဆင်းရဲ ပင်ပန်းတာကို နှမြောပြီး စိတ်မကောင်းဖြစ်နေတယ် ပြောတယ်ဆို။

သမီးက မီးမရှိ အင်တာနက်မရတဲ့ နေရာမှာဖြစ်နေလို့ ရတဲ့နေရာမှာ သွားသုံးရတာလေ ဒီနေ့မနက်ပိုင်း

အင်တာနက်ရတဲ့ နေရာ မသွားဖြစ်သေးပဲ ညနေပိုင်းမှသွားပြီး အေးဆေး video call ခေါ်မယ် စကားတွေ

ပြောမလို့လုပ်နေတာလေ အဲ့ဒါကို နေ့လည်ပိုင်းမှာ ဘာလို့ထွက်သွားရတာလဲ ဖေရယ်။

ဘာလို့ ဒီနေ့မှလဲ ဘာလို့ ဒီချိန်ကြီးမှာလဲ။

ကံကြမ္မာက သမီးအပေါ် သိပ်ရက်စက် လွန်းတယ်။

သမီးပြန်လာပြီး ကျန်းကျန်းမာမာနဲ့ ပျော်ပျော်ရွှင်ရွှင်နေကြမယ်လို့ပြောထားတယ်လေ ဘာလို့ မစောင့်ပဲ သမီးကို ဒီတိုင်းထားခဲ့ရတာလဲ။

ဖေဖေ့ဘဝအကြောင်း စာအုပ်ထုတ်ချင်တယ် ပြော ထားလို့ ဖေ့ကို မှတ်မိသလောက် ဘဝဖြတ် သန်းခဲ့ရတဲ့

အခက်အခဲ အတွေ့အကြုံတွေကို တနေ့တမျက်နှာစာရေးဖို့ အိမ်စာပေးထားတာ သမီးကို အဲ့ဒီ့စာတွေ မပြသေးဘူးလေ။

ဖေရေးတာလဲ မပြီးသေးဘူးလေ သမီးမဖတ်ရသေးဘူးလေ။

ခရီးတူတူ သွားဖို့ခေါ်ရခက်တဲ့ ဖေ့ကို ဗုဒ္ဓဂါယာ မိ သားစုလိုက်တူတူသွားဖို့ သမီးစီစဉ်လိုက်မယ်ပြောတော့ အေး သွားတာပေါ့ ဆိုပြီး ကတိပေးထားတယ်လေ။

သွားလို့မရသေးလို့ စောင့်နေရတာလေ ဖေရယ်။

မိသားစု ဓာတ်ပုံကောင်း ကောင်းရိုက်ချင်လို့ ဆိုင်ကိုမသွားချင်ဘူးဆိုလို့ အိမ်မှာပဲသေချာခေါ်ရိုက်မလို့ဟာတောင် မရိုက်ရသေးဘူးလေ ဖေရယ်။

သမီးဒီနေ့ဖေနဲ့ဖုန်းပြောချင်တာ ဖေအိပ်နေတဲ့ပုံကို ကြည့်ဖို့မဟုတ်ဘူးလေ စကားပြောချင်လို့ သတိရလို့ မျက်နှာလေးမြင်ချင်လို့လေ ဖေရယ်။

ဘာလို့သမီးကို ဒီလိုပုံစံနဲ့မြင်စေပြီး ထားခဲ့ရတာလဲ ဖေရယ်။

သမီးအတွက် နောက်ဆုံးအကြိမ်တောင် ဖေ့ကိုတွေ့ခွင့် ကန်တော့ခွင့် လက်လေးကိုင်ခွင့်တောင် မရနိုင်ဘူး။

သမီးဘယ်လိုခံစားနိုင်မှာလဲ ဖေရယ်။

ပြန်ထလာပါဦးနော်။ သမီးပြန်လာတာကိုစောင့်မယ်ဆို။

သမီးဘယ်လိုမှမဖြေနိုင် မခံစားနိုင်ပါဘူး ဖေရယ်။ သမီးရဲ့ကမ္ဘာကြီးတခုလုံးပါ။

သမီးအရမ်း အရမ်းချစ်တာ။

ဖေနေမကောင်းရင် တခုခုဖြစ်ရင်ဆိုတဲ့ အတွေးနဲ့တင် ရင်ကွဲရတာပါ။

မခံစားနိုင်တာပါ။

အခုလေသမီးဘယ်သူ့ကို မင်းသား နေကောင်းရဲ့လား မင်းသားဘာတွေလုပ်နေလဲ လျှောက်သွားပြီး အလုပ်

တွေလျှောက်လုပ်မနေနဲ့နော် ဆိုပြီး ဘယ်သူ့ကို ပြောရမှာလဲ ဖေရယ်။

ဖေပြန်လာပေးတာပဲလိုချင်တယ်။

သမီးမှာစကားလေးတောင် မပြောရသေး မျက်နှာလေးတောင် မမြင်ရသေးဘူးလေ။

ဒီနေ့မှလေ ဒီနေ့မှ တွေ့မယ် ပြောမယ် လုပ်နေတာလေ။

ဒီနေ့မှလေ ဒီနေ့မှ ဖေဖေရဲ့သ မီးကို မထားခဲ့ပါဲနဲ့နော် ဆိုပြီးသူမရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ဝမ်းနည်းစွာနဲ့

ရင် ဖွင့်လာတာကိုပရိသတ်တွေ အတွက်ပြန်လည်မျှ ဝေပေးလိုက်ပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *