ဖုန်းခေါ်ဆိုခနဲ့ အင်တာနက် ဒေတာ ဈေးနှုန်းတွေ ၂ ဆ မြှင့်ကောက်ခံ တော့မည့် စစ်ကောင်စီပြောကြား

ဖုန်းခေါ်ဆိုခနဲ့ အင်တာနက် ဒေတာ ဈေးနှုန်းတွေ ၂ ဆ မြှင့်ကောက်ခံ တော့မည့် စစ်ကောင်စီပြောကြား

မင်္ဂလာပါ ချစ် ပရိတ်သတ်ကြီးရေ စစ်ကောင်စီရဲ့ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာန ညွှန် ကြားချက်အရ ဖုန်းခေါ်ဆိုမှုနဲ့ အင်တာနက် အစီအစဉ်ဈေ းနှုန်းတွေကို ပြောင်းလဲသတ်မှတ်လိုက်ကြောင်း အော်ပရေ တာတချို့က သုံးစွဲသူတွေထံ အကြောင်း ကြားမှုတွေ ရှိလာပါတယ်။

အော်ရီဒူးက ဖုန်းခေါ်ဆိုမှုနဲ့ အင်တာနက် အစီအစဉ် ဈေးနှုန်းတွေ ပြောင်းလဲ သတ်မှတ် မယ်ဆိုတဲ့ အ ကြောင်း သုံးစွဲသူတွေထံ ဒီနေ့ ဒီဇင်ဘာ၃ရက်မှာ စာတိုပေးပို့မှုစနစ်နဲ့ မက်ဆေ့ခ်ျတွေ ပေးပို့လာခဲ့ပါတယ်။

စစ်ကောင်စီက ဈေးမြှင့်တင်ခိုင်းထားသည့်အတွက် လာမည့် အင်္ဂါနေ့နောက်ပိုင်းမှ စ၍ ဈေးတက်လာနိုင်ကြောင်း တယ်လီကွန်းကုမ္ပဏီတစ်ခုမှ ဝန်ထမ်းတစ်ဦးက ပြောသည်။ လက်ရှိ ဝယ်ယူ ရရှိနေသည့် ဈေးနှုန်းတူနိုင်သော်လည်း ရရှိမည့် ဒေတာပမဏလျော့နည်းသွားနိုင်သည်ဟု နာမည်မဖော်လိုသူ သတင်းရင်းမြစ်က ဆိုသည်။

၁၀၀၀ကျပ်တွင် 500MBကဲ့သို့ ထက်ဝက်ခန့်လျှော့ချသွားရန် စစ်ကောင်စီက ပြင်ဆင်နေ “မတက်ခင် အခုဈေးနဲ့ကြိုဝယ်ထားဖို့ပြောပေးစေလိုပါတယ်။ ပြည်သူတွေသက်သာအောင်ပါ ” ဟု သတင်းပေးလာသူက ဆိုသည်။

ယခင်က ၁၀၀၀ ကျပ်ဖြင့် 1GB အသုံးပြု၍ ရပါက ပြောင်းလဲလိုက်ပြီးနောက် ၁၀၀၀ ကျပ်တွင် 500MB ကဲ့သို့ ထက်ဝက်ခန့်လျှော့ချသွားရန် စစ်ကောင်စီက ပြင်ဆင်နေခြင်း ဖြစ်သည်။ “အရင်က (တယ်လီကွန်း ကုမ္ပဏီတွေအနေနဲ့) Data Package တစ်ခုလုပ်မယ်ဆို ဈေးက 1MB ကို ၁ ကျပ်အောက် ဆင်းလို့မရဘူးဗျ။ အခုဈေးက 1MBကို ၁.၈ကျပ်အောက် ဆင်းလို့မရဘူး ” ဟု သတင်းရင်းမြစ်က ရှင်းပြသည်။

တယ်လီနောမြန်မာရဲ့ ဒီဇင်ဘာ၁ ရက် နေ့စွဲနဲ့ ထုတ်ပြန်ချက်အရတော့ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန် ကြီးဌာနရဲ့ စည်းမျဉ်းစည်းကမ်းသစ်တွေကြောင့် ဖုန်းဒေတာနဲ့ အသံပရိုမိုးရှင်းနှုန်းထားတွေကို ပြောင် းလဲသွားမှာဖြစ်ပြီးဒီဇင်ဘာ ၁ ရက်နေ့က စတင်အသက် ဝင်တယ်လို့ ဖော်ပြထားပါတယ်။ ဒါပေမဲ့ ဝယ်ထားပြီးသား အစီအစဉ်ဈေးနှုန်းတွေကတော့ သက်တမ်းကုန်ဆုံးတဲ့နေ့အထိ မူလအတိုင်းသာ ဆက်ရှိနေမယ်လို့ ဖော်ပြထားပါတယ်။

အခုလို ဈေးနှုန်းတွေ ပြောင်းလဲမယ်ဆိုတဲ့အထဲဘယ်လောက်၊ ဘယ်လို ဈေးနှုန်းတွေ ပြောင်းလဲသတ်မှတ်မှာလဲဆိုတာကိုတော့ အော်ပရေတာနှစ်ခုလုံးက ရှင်းရှင်းလင်းလင်း ဖော်ပြထားတာမရှိသေးပါဘူး။

လက်ရှိ မြန်မာပြည်တွင်းမှာ အော်ရီဒူး၊ တယ်လီနောအပြင် မြန်မာ့ဆက်သွယ်ရေး MPT အော်ပရေတာ၊ မြန်မာစစ်တပ် ပိုင် မိုင်တဲလ် အော်ပရေတာတို့လည်း ရှိပြီး အဲဒီအော်ပရေတာတွေလည်း ဈေးနှုန်းတွေ ပြောင်းလဲသတ်မှတ်ဖို့ ရှိမရှလောလောဆယ် ရှင် းရှင်းလင်းလင်းမသိရသေးပါဘူး။

အသုံးပြုသူတစ်ဦးက”ဒီနေ့ မနက်ပိုင်းကဖုန်းခေါ်ဆိုတာနဲ့ ဒေတာဈေးနှုန်းတွေအပြောင်းအလဲလုပ်မယ်လို့မက်ဆေ့ရောက်တယ်။ လက်ရှိဈေးနှုန်းတွေထက်ပိုတက်မယ်လို့ကြားနေရတယ်။ တခြား ဆင်းကဒ်‌သုံးတဲ့သူတွေကိုမေးကြည့်တော့မက်ဆေ့တော့မရောက်သေးဘူး။ ဈေးတွေတက်မယ်လို့တော့ကြားတယ်ပြောတယ်။ ဘယ်နေ့စပြီးဈေးပြောင်းမယ်လို့တော့ပို့တဲ့မက်ဆေ့မှာ မပါသေးဘူး”လို့ပြောဆိုထားပါတယ်။

လက်ရှိထွက်ပေါ်နေတဲ့ ဈေးနှုန်းများအရ ၁ လစာ အင်တာနက် MPT 1GB အတွက် 2850 ks၊ Ooredoo 1 GB အတွက် ၃၀၀၀ ကျပ်နှင့် တယ်လီနော် 1 GB အတွက် အပိုလက်ဆောင် 1GB မှာ ၅၉၉၀ ကျပ် ဟု ထွက်ပေါ်နေပါတယ်။ လက်ရှိထွက်ပေါ်နေတဲ့ ဈေးနှုန်းများကိုတော့ သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါ။ Credit

Tags:

Add a Comment

Your email address will not be published. Required fields are marked *