ဖိအားများကို ကြံ့ကြံ့ခံပြီး အခမဲ့ ကူညီ ဆောင်ရွက် ပေးနေကြသော ရှေ့နေများ

ဖိအားများကို ကြံ့ကြံ့ခံပြီး အခမဲ့ ကူညီ ဆောင်ရွက် ပေးနေကြသော ရှေ့နေများ

မင်္ဂလာပါ ချစ်ပရိတ်သတ်ကြီးရေ ယနေ့ မတ် လ (၂၄) ရက် နေ့လေးကတော့ အချို့သော မိစားစုတွေအတွက် ပျော်ရွှင်ရမယ့် နေ့လေးပဲ ဖြစ်ပါတယ်။

ဘာလို့လဲဆို ယခင်ရက်များက ဖမ်း ဆီး ထားခဲ့ကြတဲ့ သူ အားလုံး ပြန်လည် လွတ် မြောက် လာခဲ့လို့ပဲ ဖြစ်ပါတယ်။

တစ်နိုင်ငံလုံးက ဖေဖော်ဝါရီ လ (၁) ရက် နေ့မှ စပြီး ယနေ့အချိန်ထိ ဆန့် ကျင် နေကြတာပဲ ဖြစ်ပါတယ်။

ကိုယ်တတ်နိုင်ရင် တတ်နိုင်တဲ့ဘက်ကနေ အချင်းချင်း ဖေးမ ရိုင်းပင်းကြရင်း ယခု အခြေ အနေ ကြီးကိုဆက်လက် ရင်ဆိုင် နေကြပါတယ်။

အခြေနေတွေဟာ တင်းမာပြီး ပြင်းထန် လာကြပေမယ့် လူ ထု အားလုံးက လက်မလျော့ပဲ ဆက် တိုက် နေကြတုန်းပါပဲ။ Human Right အချို့လည်း ပိတ်ပင်ခံရလာတာကြောင့်လွတ် လပ် မှု များ ပြန်လည်ရရှိရန် ကြိုးပမ်းနေကြတာပဲ ဖြစ်ပါတယ်။

ဖမ်း ဆီး ခံ ထား ရ တဲ့ သူ တွေ အားလုံး ပြန်လည် လွတ်မြောက်လာရေးကို သင့်အတွက် ရှေ့နေ အဖွဲ့မှ အခမဲ့ ကူညီပြီး လွတ် မြောက်လာအောင်ဆောင်ရွက် ပေးခဲ့တဲ့အတွက် မတ် လ (၂၃) ရက် နဲ့ ယနေ့ (၂၄) ရက် နေ့မှာ အားလုံး ပြန်လည် လွတ် မြောက် လာခဲ့ကြပါတယ်။

ယခုလို ကိုယ်ကျိုးမငဲ့ပဲနေပူပူကြီးထဲမှာ အဖက်ဖက်ကပေးတဲ့ ဖိအားဒဏ်တွေကိုပါ ကြံ့ကြံ့ခံကာ အခမဲ့ ဆောင်ရွက်ပေးခဲ့ကြတာပါ။

ယခုလို စိတ်ရော လူရော အပင်ပန်းခံပြီး ကြိုးစားပေးကြတဲ့ သင့်အတွက် ရှေ့နေများ အဖွဲ့ကို ကျနော်တို့တွေအမြဲတမ်း အမှတ်ရ လေးစား ဂုဏ်ယူနေကြမှာ အမှန်ပါ။

ကိုယ်တတ်နိုင်တဲ့ ဘက်ကနေ ဝင်ရောက်ကာ ကူညီပေးလို့လည်း ကျနော်တို့အားလုံးက ကျေးဇူးအထူးတင်ရှိပါတယ်ဗျာ။ Credit

Tags:

Add a Comment

Your email address will not be published. Required fields are marked *