ဖမ်းဆီး ထိန်းသိမ်းထားခံရတဲ့ အနုပညာရှင် အချို့ကို အမှု ပိတ်သိမ်း ပေးမည်ဟု နစက သတင်း ထုတ်ပြန်လာခဲ့ (အပြည့်စုံဖတ်ရန် ပုံကိုနှိပ်ကြည့်ပါ)

ဖမ်းဆီး ထိန်းသိမ်းထားခံရတဲ့ အနုပညာရှင် အချို့ကို အမှု ပိတ်သိမ်း ပေးမည်ဟု နစက သတင်း ထုတ်ပြန်လာခဲ့

မင်္ဂလာပါ ပရိတ်သတ်ကြီးရေ ပုဒ်မ ၅၀၅ ကဖြင့် အမှုဖွင့် ခံထားရတဲ့ အနုပညာရှင် အချို့ကို အမှု ပိတ်သိမ်း ပေးမယ်လို့ နစက သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်း ဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ခုလိုပြောခဲ့ပါတယ်။

ဇွန် ၁၂ ရက်က နေပြည်တော်မှာ ပြုလုပ်တဲ့ နစက သတင်း ထုတ်ပြန်ရေးအဖွဲ့ ရဲ့သတင်းစာ ရှင်းလင်းပွဲမှာ သတင်းထောက် တစ်ဦးရဲ့ မေးခွန်းကို ဖြေကြားရာမှာ ဗိုလ်ချုပ် ဇော်မင်းထွန်းက ယခုလိုပြောကြားသွားခဲ့တာ ပဲဖြစ်ပါတယ်။

CDM ဝန်ထမ်းတွေကို ဆောင်ရွက်တဲ့ အဆင့် အတိုင်း

ပုဒ်မ ၅၀၅ ကနှင့် အမှု ဖွင့်ထားတဲ့ အနုပညာရှင် အချို့ကို အမှုပိတ်သိမ်းပေးဖို့ အစီအစဉ် ရှိပါတယ်။

အမှုပိတ် သိမ်းဖို့ဆောင်ရွက်ရာမှာတော့ အကြမ်းဖျင်းအားဖြင့် CDM ဝန်ထမ်းတွေ အချိန်မီ လုပ်ငန်းခွင်ပြန်ဝင်လာ အောင်ဆောင်ရွက်တဲ့ အဆင့် အတိုင်းပဲ ဆောင်ရွက်ပေးလျှက်ရှိပါတယ် လို့ သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင်က ပြောကြားခဲ့ပါတယ်။

ဘယ်သူတွေအမှုပိတ်သိမ်းခံရနိုင်သလဲ

အနုပညာရှင်တွေနှင့် ပတ်သက်ပြီးတော့ ပထမ အဆင့်က ပြစ်မှု ကျူးလွန်မထားသူတွေ CDM ကိစ္စ Social Bullying မှာထဲထဲ ဝင်ဝင် လှုံဆော်တာ မလုပ်ခဲ့တဲ့ သူတွေကို သူတို့ရဲ့လှုမှုရေး ကိစ္စတွေ လှုမှု စီးပွားကိစ္စတွေကို ထောက်ထားပြီး ပြန်လည် ကုစားမှုတွေ ဆောင်ရွက် ပေးလျှက်ရှိတယ်လို့ သူကဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်များအတွင်း အနုပညာရှင် အချို့ဖမ်းဆီး ထိန်းသိမ်းခံရာက ပြန်လွတ်လာတာကိုလည်း သူက အတည်ပြုခဲ့ပါတယ်။

လွတ်မြောက်ဖို့ ငွေပေးရတယ်ဆိုတဲ့ ကောလာ ဟလအချို့ကိုလည်း သူက ထပ်မံ ငြင်းဆိုပါတယ်။

အနုပညာရှင် အချို့ကိုယ်တိုင် ငွေမပေးရပါဘူးလို့ သူတို့ wall ပေါ် တက်ရေးထားတာ ရှိပါတယ်။

အဲဒါနဲ့ ပတ်သက်ပြီး အမှုပိတ်သိမ်းပြီး ပြန်ရောက်နေတဲ့ အနုပညာရှင်တွေ လည်းရှိပါတယ်။

သူတို့တွေကိုသာ မေးကြည့် ကြပါလို့ပြောချင်ပါတယ် လို့ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၁၁ ရက်က အဆိုတော် အေသင်ချိုဆွေ ထိန်းသိမ်း ခံထားရကနေ နေအိမ် ပြန်ရောက်လာပြီလို့ အေသင်ချိုဆွေရဲ့ ညီမနှင့် မိခင်ဖြစ်သူတွေက သူတို့ရဲ့ လူမှုကွန်ယက် စာမျက်နှာတွေပေါ် ရေးသား ခဲ့ပါတယ်။

ပုဒ်မ ၅၀၅ ကဖြင့် အမှု ဖွင့်ခံထားရတဲ့ အနုပညာရှင်တွေရဲ့အမည်နှင့် စာရင်းတွေကို ပြီးခဲ့တဲ့ လတွေက နစက သတင်းထုတ်ပြန်ရေး အဖွဲ့က နေ့စဉ်လူ ၂၀ ဦးစီထုတ်ပြန်ကြေညာခဲ့ပါသေးတယ်။

ဖမ်းဆီး ထားခံရတဲ့ အနုပညာရှင်တွေ အမြန်ဆုံး မိသားစုနဲ့အတူ ပြန်ဆုံကြပါစေ။ Credit

Tags:

Add a Comment

Your email address will not be published. Required fields are marked *