ဖမ်းဆီး ထိန်းသိမ်းခံ ထားရတဲ့အနုပညာ မောင် နှမတွေကို လွမ်းလို့ ရေးဖြစ်တဲ့ ကောက်ကြောင်းများဆိုတဲ့ ဒါရိုက်တာ ကိုပေါက်

ဖမ်းဆီး ထိန်းသိမ်းခံ ထားရတဲ့အနုပညာ မောင် နှမတွေကို လွမ်းလို့ ရေးဖြစ်တဲ့ ကောက်ကြောင်းများဆိုတဲ့ ဒါရိုက်တာ ကိုပေါက်

မင်္ဂလာပါ ချစ်ပရိတ်သတ်ကြီးရေ နာမည်ကြီး အနုပညာရှင် အချို့ကတော့ ပြည်သူတွေ ဘက်ကနေ ရပ်တည်ပြီး အာဏာရှင် ဆန့်ကျင်တဲ့ နွေဦးတော် လှန်ရေးဆင်နွှဲခဲ့လို့ ဖမ်းဆီးထိန်း သိမ်းခြင်းခံ ခဲ့ရပါတယ်။

ဒါရိုက်တာ ကိုပေါက် တစ်ယောက်ကလည်း ပြည်သူတွေ ဘက်ကနေ မားမား မတ်မတ် ရပ်တည်ခဲ့တဲ့ အနုပညာရှင် တစ်ယောက်ဖြစ်ပြီး ၅၀၅ (က)နဲ့ အမှု ဖွင့်ခံထားရသူ တစ်ယောက်ပဲ ဖြစ်ပါတယ်။

လွတ်မြောက် နယ်မြေ တစ်နေရာကို ရောက်ရှိနေတဲ့ ကိုပေါက် ကတော့ ရောက်ရာ နေရာကနေ တော်လှန် ရေးတိုက်ပွဲ ဆင်နွှဲနေသူ တစ်ယောက်ပဲ ဖြစ်ပါတယ် ။

ဒါရိုက်တာ ကိုပေါက် ကတော့ ယခုမှာ ဖမ်းဆီးထိန်းသိမ်း ခံထားရတဲ့ လူမင်း ပြေတီဦး ပိုင်တံခွန်နဲ့ အူဝဲတို့ကို တောထဲတစ် နေရာကနေ လွမ်း ဆွတ်သတိရ နေခဲ့ပါတယ် ။

အနုပညာရှင် ညီအစ်ကို မောင်နှမတွေ ဖြစ်ကြပြီး မိသားစုဝင်တွေလို ချစ်ခင်ရတဲ့ လူမင်း၊ ပြေတီဦး၊ အူဝဲနဲ့ ပိုင်တံခွန်ရဲ့ ပုံတူပန်းချီ ကားလေးတွေကို ကိုပေါက်တစ်ယောက် ရေးဆွဲနေခဲ့ပါတယ်။

ကိုပေါက်ကတော့ သူကိုယ်တိုင် ရေးဆွဲထားတဲ့ ပုံတူပန်း ချီလေးတွေကို ပြည်သူတွေရှေ့ ချပြလာခဲ့တာပဲ ဖြစ်ပါတယ်။

ကိုပေါက်တော့ ” တစ်ယောက်က အစ်ကိုလို တစ်ယောက်က သူငယ်ချင်း တစ်ယောက်က ညီမလို တစ်

ယောက်က ညီလို တစ်လှေတည်းစီး တစ်ခရီးတည်းသွားကြရင်း ခရီးတစ်ထောက်မှာ

သူတို့တွေ ဒါဏ်ရာဗရပွနဲ့ ကျန်ရစ်ခဲ့ကြတယ် ဒီနေ့ သူတို့တွေကို လွမ်းလို့ ရေးဖြစ်တဲ့ ကောက် ကြောင်းများ ” ဆိုပြီး လူမှုကွန်ယက် ထက်မှာ ရေးသား ထားခဲ့တာ

ကို ပရိတ်သတ်ကြီး အတွက်ပြန်လည် မျှဝေပေး လိုက်ပါတယ် ။

အဆုံးထိဖတ်ပေးကြတဲ့ ပရိတ်သတ် တစ်ယောက်ခြင်းစီတိုင်း အထူး ကျေးဇူးတင်လျက်ပါ။

Add a Comment

Your email address will not be published. Required fields are marked *