ဖမ်းဆီး ထိန်းသိမ်းခံထားရတဲ့ အနုပညာရှင် မောင်နှမတွေအပေါ် သူမရဲ့ စိတ်ခံစားချက် တစ်ချို့ကို ရင်ဖွင့်လာခဲ့တဲ့ ချမ်းချမ်း

ဖမ်းဆီး ထိန်းသိမ်းခံထားရတဲ့ အနုပညာရှင် မောင်နှမတွေအပေါ် သူမရဲ့ စိတ်ခံစားချက် တစ်ချို့ကို ရင်ဖွင့်လာခဲ့တဲ့ ချမ်းချမ်း

မင်္ဂလာပါ ချစ်ပရိတ်သတ်ကြီးရေ မကြာသေးခင် ရက် ပိုင်းက အီတလီနိုင်ငံမှာ ဒုတိယ ရင်သွေး မွေးဖွားခဲ့တဲ့ အဆိုတော်ချမ်းချမ်းကအာဏာသိမ်းစစ်ကောင်စီ ရဲ့ ဖမ်းဝ ရမ်း ထုတ် အရေးယူထားတဲ့ စာရင်းမှာ ဧ ပြီလ ၂ ရက်နေ့က ပါဝင်ခဲ့ပါတယ်။

အဆိုတော် ချမ်းချမ်းက ဓမ္မနဲ့ အဓမ္မကြားမှာ အာဏာ သိမ်းခံရတဲ့နေ့ စကတည်းက ပြတ်ပြတ် သားသား ဓမ္မကို ရွေးချယ်မိတာ ဘဝမှာ ဂုဏ်အယူဆုံးပဲလို့ ဆိုပါတယ်။

“ဒီနေ့ Facebook ပြန်သုံးလို့ရပြီ။ ၇ ရက် ပိတ် ခံရလို့ ဝမ်းမနည်းဘူး။ ဖမ်းဝရမ်း ထုတ်ခံရတာလည်း ဝမ်းမနည်းဘူး။

သေချာတာတခုကတော့ ဓမ္မနဲ့ အဓမ္မကြားမှာ အာ ဏာသိမ်းခံရတဲ့နေ့ စကတည်းက ပြတ်ပြတ် သားသား ဓမ္မကို ရွေးချယ်မိတာကို ဘဝမှာ ဂုဏ်အယူဆုံးပဲ” ပုဒ်မ ၅၀၅- က ဖြင့် အမှုဖွင့်ခံထားရတဲ့ အဆိုတော် ချမ်းချမ်း “ကိုယ့်အနုပညာ မောင်နှမတွေ ဖမ်းဝရမ်း ထုတ်ခံရပြီး ဖမ်းဆီးခံနေရတာကို မြင်နေကြားနေရတာ အရမ်းကို ခံပြင်းတယ်။

အခုလို မတရား တာ တွေ ခံရလေလေ ကိုယ်တွေက ပိုပြီး စိတ်ဓာတ်တွေ ပြင်းထန်လေလေပဲ နော်။

ဒီလောက်နဲ့ အလျှော့ပေးမယ့် အထဲမှာ ကျမတို့ အ နုပညာ သမားတွေ၊ ပြည်သူတွေ၊ CDM ဝန်ထမ်းတွေ မပါဘူး” လို့ ချမ်းချမ်းက ပြောပါတယ်။

အနုပညာရှင်တဦး အနေနဲ့ ပြည်သူနဲ့ တသားတည်း ရပ်တည်ချင်တာကြောင့် ကိုယ်တတ်နိုင်တဲ့ ဘက်ကနေ ရောက်ရာ နေရာကနေ အားဖြည့် ပေးချင်တဲ့ ဆန္ဒ တခုပဲရှိတယ်လို့ ချမ်းချမ်းက ဆိုပါတယ်။

“ဧပြီ ၁ ရက်နေ့ မှာ သမီးလေး ကို မွေးတယ်။ ၂ ရက်နေ့မှာ ဖမ်းဝရမ်း ထုတ်ခံရတယ်။ အနုပညာရှင်ဆိုတာ ပြည်သူနဲ့ တသား တည်းဆိုတာ ဘယ်သူမှ ငြင်းစရာ မလိုပါဘူး။

တနည်းအားဖြင့် ပြည်သူတွေ မတရားခံနေရတဲ့ အချိန်မှာ ပြည်သူထဲ က ပြည်သူတယောက်အနေနဲ့ ကိုယ်တတ်နိုင်တဲ့ ဘက်ကနေ ရောက်ရာ နေရာကနေ အာဖြည့်ပေးချင်တဲ့ ဆန္ဒတခုပဲ ရှိတယ်။ အမှန်တရားအတွက် အတူတွန်းလှန်မယ်။

အနာဂတ် ရဲ့ ကလေးတွေအတွက် မိမဲ့ ဖမဲ့ဖြစ်သွားတဲ့ သားတွေ၊ သမီးတွေအတွက် ဆက်ပြီး အားတင်းရှေ့ ဆက်ကြရမယ်” လို့ ချမ်းချမ်းက ပြောပါတယ်။

“စစ်အာဏာ ရှင် လက်အောက်တော့ ပြန်မနေနိုင်တော့ဘူး။ မျက်စိပိတ် နားပိတ်လုပ်ခံရတာ တို့တွေ ရဲ့ မျိုး ဆက်တွေ ခေတ်မှာထပ် မရှိရတော့ဘူး။

တိုင်းပြည်အတွက် အသက်ပေး စတေးခဲ့တဲ့ သူရဲ ကောင်း သားတွေ၊ သမီးတွေ၊ ညီအစ်ကို၊ မောင်နှမတွေ အားလုံးကို အထူးလေးစား ဦးညွတ်ပါတယ်။

နွေဦးတော်လှန်ရေးအတွက် ပါဝင် အသက်ပေးခဲ့ကြသူတွေကို လေးစားပါတယ်။ ကောင်းကင်ဘုံမှာ ကျက် သရေ အရှိဆုံး လူသားတွေပါ” လို့ ချမ်းချမ်းက ပြောပါတယ်။

အခုအချိန်မှာ စိတ်ဓာတ် မကျအောင် တယောက်နဲ့ တယောက် အားပေးပြီး ကူညီသွားကြမယ်လို့ ချမ်းချမ်းကဆိုပါတယ်။

“အခုအချိန်မှာဘယ်သူ ဘယ်ဝါရယ်လို့ မခွဲခြားဘဲ အတတ်နိုင်ဆုံး ကူညီကြမယ်နော်။ အဝေးရောက်နေ သူတွေကလည်း ကိုယ်တတ်နိုင် တဲ့ဘက်ကနေ Twitter တွေ၊ Instagram တွေကနေ ကူညီမယ်။

ငွေကြေး တတ်နိုင်သူတွေက CDM ပြည်သူ့ ဝန်ထမ်းတွေကို ကူညီမယ်” “စိတ်ဓာတ်မကျအောင် တယောက်နဲ့ တယောက် အားပေးကြရအောင်နော်။

မကြာခင် အမှန်တရား က အနိုင်ရတော့ မှာပါ။ ယုံ ကြည်ပါတယ်။

တတ်နိုင်သမျှ ဝရမ်းထုတ်ခံရတဲ့ ပြည်သူတွေ၊ အနု ပညာရှင်တွေကို ကူညီ ကာကွယ်ပေးကြပါဦးနော်။ အရေးတော် ပုံ အောင်ရမည်”လို့ ချမ်း ချမ်းက ပြောထားပါတယ်။ Credit

Add a Comment

Your email address will not be published. Required fields are marked *