ဖမ်းဆီး ခံထားရတဲ့ အနုပညာရှင်တွေနဲ့ပတ်သက်ပြီး ထူးခြားတဲ့ ပို့စ်တစ်ခု တင်လာခဲ့တဲ့ နီနီခင်ဇော်

ဖမ်းဆီး ခံထားရတဲ့ အနုပညာရှင်တွေနဲ့ပတ်သက်ပြီး ထူးခြားတဲ့ ပို့စ်တစ်ခု တင်လာခဲ့တဲ့ နီနီခင်ဇော်

မင်္ဂလာပါ ချစ်ပရိတ်သတ်ကြီးရေ City FM (၁၉) နှစ်ပြည့် ဂီတဆုပေးပွဲကြီးမွာ ၂၀၂၀ ခုနှစ်အတွင်း တေး သီချင်းတောင်း ဆိုခံရမှု အများဆုံး အမျိုးသမီးတေးသံ ရှင်ဆုကို ရရှိခဲ့တဲ့ နီနီခင်ဇော်က အဆိုတော် တစ်ယောက် လည်းဖြစ်သလို ဆရာဝန်မလေး တစ်ယောက်ဆိုတာ ပရိတ်သတ်ကြီးလည်း သိပြီးဖြစ်မှာပါ။

ခုလက်ရှိ တိုင်းပြည် မငြိမ် မသက် ဖြစ်နေစဉ် အချိန်မှာ CDM မှာ ပါဝင်ကြတဲ့ သူငယ်ချင်း ဆရာဝန်တွေနဲ့ အတူတူ ပရဟိတ ဆေးခန်းလေး ဖွင့်လှစ်ပြီး ဆေးအကူ ဆရာဝန်တစ်ယောက်အဖြစ် တစ်ဖက်တစ် လမ်းကနေ ကူညီပေးနေတာပဲ ဖြစ်ပါတယ်။

အနုပညာ အလုပ်တွေလုပ်လို့ တရားဝင် ဆေးကုသခွင့် လိုင်စင် မရရှိတဲ့ နီနီခင်ဇော်က ဆေးအကူ အဖြစ်ပဲ သူငယ်ချင်းဆရာဝန်တွေကို ကူညီရင်း ပရဟိတ အလုပ်တွေ လတ်တလော လုပ်နေတာပဲ ဖြစ်ပါတယ်။

သူမဟာ ဝါသနာပါရာ ဂီတလှုပ်ရှားမှုတွေ လုပ်ဆောင်ရင်း ပရိတ်သတ်တွေရဲ့ တစ်ခဲနက် အားပေးမှုတွေကို သိမ်းပိုက် ရရှိထားသူ တစ်ဦးပဲ ဖြစ်ပါတယ်။

လက်ရှိ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေတဲ့ လူထု လှုပ် ရှားမှုများမှာလည်း ပါဝင်ခဲ့သူ တစ်ဦးဖြစ်ပါတယ်။

သူမ တတ်မြောက်ထားတဲ့ ဆေးပညာ ရပ်တွေနဲ့လည်း ဆေးရုံတက်ဖို့ အခက် အခဲဖြစ်နေတဲ့ ပြည်သူများ အတွက် ပရဟိတ ဆေးခန်းတွင် ဆေးကုသ ပေးနေသူပါ။

အခုလည်းသူမရဲ့ လူမှုကွန်ယက်မှာ တင်ထားတဲ့ “သတိရခြင်းများစွာဖြင့် Free our artists” ဆိုတဲ့

ပိုစ့်လေးဟာ လူကြည့်များပြီး ဖမ်းဆီး ထိန်းသိမ်း ခံထားရတဲ့ အနုပညာရှင် မောင်နှမများကို ရည်ညွန်း ရေးသား တင်ခဲ့တာဖြစ်လို့…

ထူးခြားနေတဲ့ ဒီပိုစ့်လေးကို ပရိတ်သတ်တွေ အတွက် ပြန်လည် မျှဝေပေးလိုက်ရပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *