ဖန်ခွက်နဲ့ ဝါးတူလေးကပေးတဲ့ လူတိုင်းသိသင့်တဲ့ သင်ခန်းစာ

ဖန်ခွက်နဲ့ ဝါးတူလေးကပေးတဲ့ လူတိုင်းသိသင့်တဲ့ သင်ခန်းစာ

“မေမေရော့…”

“မေမေ ယူခိုင်းတဲ့ဝါးတူ သမီးယူခဲ့ပြီ”

“အေး သမီး”

“ဟို စားပွဲပေါ်က ရေနွေးကြမ်းသောက်တဲ့ ဖန်ခွက်လေးပါ ယူခဲ့ပေး”

“ဟုတ်”

“ရပြီ မေမေ”

“အေးအေး သမီး”

“အဲ့ဒီ ဝါးတူလေးနဲ့ ဖန်ခွက်လေးကိုရိုက်ပြီး မေမေ့ကို ခွဲပေး”

“ဖန်ခွက် အကောင်းလေးကို နှမြောစရာ မေမေ ဘာဖြစ်လို့လဲ”

“မေမေ ပြောသလိုလုပ်ပါ သမီး”

“ဒီဝါးတူနဲ့ဆို ကြာမှာ မေမေ တခြား ခွဲလို့ ရမယ့်ဟာနဲ့ခွဲပေးမယ်လေ”

“မဟုတ်ဘူး သမီး”

“အဲ့ဒီ ဝါးတူလေးနဲ့ပဲ ခွဲပေး”

“မေမေကလဲ…”

“မေမေ ပြောသလိုပဲ လုပ်ပါသမီး”

ဒါလေးနဲ့ ဘယ်လိုလုပ်ကွဲပါ့မလဲနော် တစ်နေကုန်တောင် ကွဲမှာ မဟုတ်ဘူး

ဗေဒင်တွေမေးပြီး ယတြာများချေနေတာလား မသိဘူး

“နေအုံး သမီး”

“သမီး ရိုက်ခဲ့တဲ့ အချက်ရေကို မှတ်ထားနော်”

“ဟုတ်”

တောင် တောင်…..ချွင်ချွင်ချွင်…….၁. ၂.၃.

.၇၈ ၇၉……….၁၀၁…၁၂၀..၁၂၁…..

.၃၉၈..၅၃၄….၉၈၅..၁၀၂၂………..၁၁၁၁ ..ချလွမ်..ခွက်

“ကွဲသွားပြီ မေမေ”

“ဘယ်နှစ်ချက် ခေါက်လိုက်ရလဲ သမီး”

“၁၁၁၁ချက် မေမေ”

“အေးအေး”

“ဖန်ခွက် အကွဲတွေကို အမှိုက်တောင်းထဲသွားပစ်လိုက်တော့ သမီး”

ငါ့ အမေကလဲ ရူးများရူးနေလား မသိဘူး ဖန်ခွက် အကောင်းလေးကို ခွဲခိုင်းတယ် ပြီးတော့ လွှင့်ပစ်ခိုင်းတယ်

“သမီး”

“ရှင် မေမေ”

“သမီးစိတ်ထဲမှာ မေမေ ခိုင်းတာတွေ ထူးဆန်းနေမယ် ဆိုတာ မေမေသိပါတယ်”

“သမီးမှတ်ထားပါ သမီး”

“လူတိုင်းလိုလို အောင်မြင်ချင်ကြတယ် ချမ်းသာချင်ကြတယ် အဆင့်အတန်းမြင့်မြင့် နေချင်ကြတယ်။”

“ကိုယ်ဖြစ်ချင်တဲ့ ပန်းတိုင် အသီးသီး ရှိကြတယ်။”

“ဒါပေမယ့် သမီး”

“လူတော်တော်များများက ဖန်ခွက်လေးမကွဲခင်က ခေါက်လိုက်တဲ့
အချက်တွေလိုမျိုး ခေါက်ဖို့ ကြိုးစားဆောင်ရွက်ချင်တဲ့စိတ် မရှိကြဘူး။

မလုပ်ချင်ကြဘူး။”

“ကိုယ်လုပ်နေတဲ့အလုပ်တစ်ခုကို တိုးတက်မှုမရှိနိုင်ဘူးလို့ ထင်ကြတယ်။”

“အဆိုးဆုံးကတော့ မဖြစ်နိုင်ဘူးလို့ ထင်နေကြပြီး ကိုယ့်ရဲ့ရည်မှန်းချက်တွေကို မေ့သွားကြတာပဲ သမီး”

“သမီးအရင်ခေါက်ခဲ့တဲ့အချက်တွေက အဲ့ဒီဖန်ခွက်ကို ကွဲအောင်လုပ်နိုင်လိမ့်မယ်လို့ သမီး မယုံဘူးမဟုတ်လား”

“ဟုတ်တယ် မေမေ”

“ဒီဝါးတူလေးနဲ့ ခေါက်ရတာ ဘယ်လိုလုပ်ကွဲနိုင်ပါ့မလဲလို့ သမီးထင်မိတယ်”

“ခုရော ကွဲသွားတာပဲ မဟုတ်လားသမီး”

“ဟုတ်”

“အမေ့သမီးက အခု အလုပ်လုပ်နေပြီ သမီးဖြစ်ချင်တဲ့ ရည်မှန်းချက်တွေရှိနေပြီ။”

“သမီးဖြစ်ချင်တဲ့ ရည်မှန်းချက်တွေ ဖြစ်လာဖို့ ဖန်ခွက်လေးမကွဲခင်က တစ်ချက်ချင်းလေးခေါက်ခဲ့သလို ကြိုးစားမှ သမီးလိုချင်တဲ့
ပန်းတိုင်ရောက်မယ်။”

“ဖန်ခွက်လေးကို ဝါးတူနဲ့ အချက်ပေါင်းမြောက်များစွာ ရိုက်နှပ်ပြီး နောက်ဆုံးမှကွဲလာရတယ် မဟုတ်လား”

“ဟုတ်”

“အဲ့ဒီအချက်တွေက ဖန်ခွက်လေးကို ကွဲစေမယ့် အားဖြစ်နေတယ်ဆိုတာ သမီးလေး သိထားသင့်တယ်။”

“အဲ့ဒီလိုပဲ”

“သမီး ခုလုပ်နေတဲ့အလုပ်ကလဲ ဖန်ခွက်လေးကို ကွဲအောင် ဝါးတူလေးနဲ့ ခေါက်နေရသလိုပဲ။”

“ဇွဲရှိရှိနဲ့ ကြိုးစားပြီးလုပ်မှ သမီးလိုချင်တဲ့ဘဝဖြစ်ချင်တဲ့ဘဝ ရောက်လာမယ်ဆိုတာ သမီးလေးကို သိထားစေချင်တယ်”

“ဟုတ် မေမေ”

“သမီး နားလည်ပါပြီ”

“သမီး ကြိုးစားပါ့မယ်…..”🙏🙏🙏

မူရင်းပို့စ်ရေးသူအား…လေးစားစွာဖြင့် credit ပေးပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *