ဖ ခင် အတွက် အောက် စီ ဂျင် လိုမှ ာစိုးလို့ ပတ်ရှ ာရင်း ဖခင် အသက်ကို တောင် မမှီလိုက်ဘူး ဆိုပြီးဝမ်းနည်းစွာ ရင်ဖွင့်လာတဲ့ လပြည့်

ဖခင်အတွက် အောက်စီဂျင်လိုမှာစိုးလို့ ပတ်ရှာရင်း ဖခင်အသက်ကို တောင်မမှီလိုက်ဘူး ဆိုပြီးဝမ်းနည်းစွာ ရင်ဖွင့်လာတဲ့ လပြည့်

မင်္ဂလာပါ ပရိတ်သတ်ကြီးရေ MRTV -4 မှာ ထုတ်လွှင့်ပြသတဲ့ ဇာတ်လမ်းတွဲ များစွာမှာ ပါဝင် သရုပ်ဆောင်ထားတဲ့ မင်းသားချော လပြည့် ဟာဆိုရင် ပီပြင်

ပိုင်နိုင်တဲ့ သရုပ်ဆောင် ချက်တွေနဲ့ ကျရာ ဇာတ်ရုပ်တိုင်းမှာ လှလှ ပပသရုပ် ဆောင်နိုင်တဲ့အတွက် ပရိတ်သတ်အား ပေးမှုကို အပြည့်အဝရရှိထားတာပဲ ဖြစ်ပါတယ်နော် ။

လပြည့်က နိုင်ငံရေး အခြေအနေမှာ ဆိုရင်လည်း ပြည်သူတွေနဲ့ အတူ လမ်းပေါ် ထွက်ကာ လူထုလှုပ် ရှားမှုမှာ ပါဝင်ခဲ့ပြီး ပြည်သူတွေနဲ့ တသားတည်း ရပ်တည် ခဲ့တာပဲဖြစ်ပါတယ် ။

မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေတဲ့ Covid-19 ကပ်ရောဂါဆိုးကြီးဟာ နေရာအနံ့ ကူးစက်ပျံံ့နှံ့ နေတာပဲ ဖြစ်ပါတယ်။

ကိုဗစ်ရော ဂါကြောင့် ကွယ်လွန်သွားတဲ့ သူတွေလည်း များစွာရှိတဲ့ အထဲမှာ ဒီကနေ့မှာ ဆိုရင်လည်း သရုပ် ဆောင် လပြည့်ရဲ့ ဖခင်ဟာ ကိုဗစ်ရောဂါနဲ့ ကွယ်လွန်သွားခဲ့ရတာပဲ ဖြစ်ပါတယ်နော် ။

အကောင်းဆုံး ကြိုးစား ခဲ့ပေမယ့်လည်း ဖခင်ရဲ့ အ သက်ကို ရအောင် မကယ်လိုက်နိုင်လို့ လပြည့် တစ်ယောက် ယူကြုံးမရဖြစ်လို့ နေရှာပါတယ်။

ဒီအ ကြောင်းနဲ့ ပတ်သက်ပြီးတော့ လပြည့်ကတော့ ” အဖေ့အတွက် အောက်စီဂျင်လိုမှာ စိုးလို့ ပတ်ရှာတာ

အဖေ့ အသက်ကိုတောင် မမှီလိုက်ဘူး ဆိုပြီးပြောလာခဲ့တဲ့ အပြင် ဓာတ်ပုံရိုက်ရမှာ အရမ်းကြောက်တာ

အ ဖေပုံလေးတွေ ခိုးရိုက်ရတယ် အမေနဲ အဖေဆုံးတာ တနှစ်ကျော်ပဲ ကွာတယ် ဆုံးတာတောင် တချိန်တည်း

နော်သားတို့ ထားခဲ့တာ အမေနဲ့ အဖေ ရက်စက်လိုက်တာ ” ဆိုပြီး ဝမ်း နည်းကြေကွဲစွာနဲ့ ပြောပြလာတာပဲ ဖြစ်ပါတယ်။

မိသားစုနဲ့ ထပ်တူ ဝမ်းနည်း စိတ်မကောင်းဖြစ်ရပါတယ် လပြည့်ရယ် ။

အန်ကယ်ကြီးလည်း ကောင်းရာမွန်ရာ ဘုံဘဝသို့ ရောက်ရှိပါစေလို့ ဆုတောင်း မေတ္တာ ပို့သလိုက်ပါတယ် ။

ပရိသတ်ကြီးကလည်း လပြည့် အတွက် အားပေးစကားလေး ပြောခဲ့ပါအုံးနော် ။ Crd

Add a Comment

Your email address will not be published. Required fields are marked *