ဖခင်ဖြစ်သူကို သင်္ကန်းဝတ်နဲ့ ကိုယ်တိုင်ပြုစုလုပ်ကျွေးနေတဲ့ ဦးဇင်းလေးရဲ့ အဖြစ် (အပြည့်စုံဖတ်ရန် ပုံကိုနှိပ်ကြည့်ပါ)

ဖခင်ဖြစ်သူကို သင်္ကန်းဝတ်နဲ့ ကိုယ်တိုင်ပြုစုလုပ်ကျွေးနေတဲ့ ဦးဇင်းလေးရဲ့ အဖြစ်

မင်္ဂလာပါ ချစ်ပရိတ်သတ်ကြီးရေ ခုပြောပြမယ့် အကြောင်းလေးကတော့ သင်္ကန်းဝတ်နဲ့ ဖခင်ဖြစ်သူကို ကိုယ်တိုင်ပြုစုလုပ်ကျွေးနေတဲ့ ဦးဇင်းလေး ဗုဒ္ဒဘာသာရ ဟန်းတော် တစ်ပါးကဖခင်ဖြစ်သူကို ကိုယ်တိုင်လာရောက်ပြုစုလုပ်ကျွေးနေတဲ့ ပုံရိပ်က ကြည့်ရှုသူများအတွက် ကုသိုလ်ပွားစရာ စိတ်ချမ်း မြေ့ဖွယ် ပုံရိပ်များဖြစ်လာခဲ့ပါတယ်။

အရွယ်အိုမင်း နေပြီဖြစ်တဲ့ဖခင်ကို ထမင်းကျွေး ကိုယ်တိုင် ရေမိုးချိုးပေးစသဖြင့်ပြုစုလုပ်ကျွေးနေတာပဲ ဖြစ်ပါတယ်။ မိဘကိုပြုစုလုပ်ကျွေးခြင်းသည် ဘုရားရှင်ရဲ့ အ စဉ်အလာဖြစ်ပြီး ဆွမ်းခံကျွေးခြင်း ဆေးကုသပေးခြင်း အစရှိသည်တို့ဖြင့်ပြုစုလုပ် ကျွေးနိုင်ပါတယ်။ ဘုရားရှင် ချီးမွန်းသောလုပ်ငန်းလည်း ဖြစ်ပါတယ်။

အောက်ပါဇာတ် နိပါတ်တော်ထဲမှာ မိဘနှစ်ပါးကို ဆွမ်းခံကျွေးသော ရဟန်းအကြောင်းကို ဖတ်ရှုရမှာဖြစ်ပါတယ်။ သတင်းစုံပျော်ဝင်အိုးကြီးမှ ဓမ္မဒါန ဖော်ပြလိုက်ရပါတယ်။ သာဝတ္ထိပြည်တွင် တစ်ဆယ့်ရှစ်ကုဋေ ကြွယ်ဝသော သူဌေး ဇနီးမောင်နှံ၌ တစ်ဦးတည်းသော သားတစ်ယောက်ရှိခဲ့ပါတယ်။

ထိုသားလေးဟာ မြတ်စွာဘုရားရဲ့ တရားတော်ကို နာရပြီး သာသနာတော်တွင် ထက် သန်သော သဒ္ဓါတရား ဖြစ်ပေါ်ပြီးလျှင် ရဟန်းပြုခွင့်ပေးရန် မိဘများထံခွင့်ပန်သ ဖြင့် ခွင့်မပြုလိုသော်လည်း တစ်ဦးတည်းသောသား စိတ်ချမ်းသာရေးအတွက် မိဘများကခွင့်ပြုလိုက်ရပါတယ်။

ရဟန်းသစ်ဟာ တိုင်းစွန်ပြည်ဖျားရှိ ရွာငယ်တစ်ရွာအနီး တောရကျောင်းတွင် သီတင်း သုံးလျက် ဝိပဿနာ တရားကို ကြိုးစားအား ထုတ်၏။ ရဟန်းတော်ဟာ တစ်ဆယ့်နှစ်နှစ် တိုင်တိုင် ကြိုးစားအား ထုတ်သော်လည်း တရားထူးမရနိုင် ဖြစ်နေ၏။ထိုတစ်ဆယ့်နှစ်နှစ် အတွင်း၌ ရဟန်းတော်၏။

ခမည်းတော် မယ်တော်များမှာ အကြောင်းအမျိုးမျိုးကြောင့် စည်းစိမ်ဥစ္စာ ပျက်စီးခဲ့ရာ ခွက်လက်စွဲကာ တောင်းစားရတဲ့ အခြေ အနေသို့ရောက်ခဲ့ရပါတယ်။ သာဝတ္ထိမှ ရဟန်းတော်တစ်ပါး ၎င်း တောကျောင်းသို့ ရောက်လာသဖြင့် မိဘများဖြစ်ကြသော တစ်ဆယ့်ရှစ်ကုဋေ ကြွယ်ဝချမ်းသာတဲ့ သူဌေးဇနီးမောင်နှံ အကြောင်း မေးမြန်းဖြစ်၏။

မိဘများရဲ့ ဒုက္ခကို သားရဟန်းတော် ကြား သိရသောအခါ တစ်ဆယ့်နှစ်နှစ်တိုင် တရားထူး မရနိုင်သောကြောင့်တစ်ကြောင်း အိုမင်းပြီး ဒုက္ခရောက်နေသော မိဘကို ကိုယ်တိုင်လုပ်ကျွေးပြုစု လိုသောကြောင့်တစ်ကြောင်း လူဝတ်လဲရန် သာဝတ္ထိသို့ ပြန်ကြွလာခဲ့ပါတယ်။ လူဝတ်မလဲမီ မြတ်စွာ ဘုရားကို ဖူး မြော်လိုသဖြင့် မြတ်စွာဘုရားထံမှောက်သို့ ရောက်ခဲ့လေသည်။

မြတ်စွာဘုရားက မာတု ပေါသကသုတ် တရားတော်ကို ဟောကြားကာ မိဘတို့ရဲ့ ဂုဏ်ကျေးဇူးကို ဖော်ကျူးပြီးလျှင် ရဟန်း ဘဝဖြင့်လည်း မိဘတို့ကို လုပ်ကျွေးပြုစုနိုင်ကြောင်း မိန့်ကြားတော်မူရာ ၎င်း ရဟန်းမှာ လူဝတ်မလဲ ဖြစ်တော့ပေ။

ရဟန်းတော်ဟာ ဇေတဝန်ကျောင်းမှ ထွက်ခွာခဲ့ပြီးလျှင် သာ ဝတ္ထိမြို့ထဲသို့ ဆွမ်းခံကြွရာ ယာဂုဆွမ်း တစ်သပိတ် ရရှိခဲ့ပါတယ်။ ၎င်း ရဟန်းဟာ မိဘများကို ရှာဖွေ၍ တွေ့သောအခါ ယာဂုဆွမ်းဖြင့် ပြုစုလုပ်ကျွေး ၏။

ထိုအချိန်မှစ၍ မိဘနှစ်ပါးကို ဆွမ်းခံလျက် ကျွေးမွေးပြုစုနေခဲ့၏။ ရေပူရေချမ်း ခြေ ဆုပ်လက်နယ် ပြုစုစောင့်ရောက်၏။ ဤအကြောင်းကို အချို့သော ရဟန်းများ သိသောအခါ ဒကာ ဒကာမများက သဒ္ဓါတရားဖြင့် လှူဒါန်းသောဆွမ်းကို လူတို့ အားမပေး မကျွေးသင့်ဟု ယူဆသဖြင့် မြတ်စွာဘုရားအား လျှောက်ခဲ့ကြ၏။

မြတ်စွာဘုရားက ၎င်း ရဟန်းကို ခေါ်၍မေးရာ အခြားရဟန်းများ လျှောက်ထားတဲ့အ တိုင်း ဟုတ်မှန်ကြောင်း ဝန်ခံလျှောက်ထားခဲ့ပါတယ်။ မြတ်စွာ ဘုရားက သာဓု သာဓု သာဓု ချစ်သားရဟန်းဟု သာဓုခေါ်တော်မူပြီးလျှင် သုဝဏ္ဏသာမ ဇာတ်တော်ကို ဟောကြားတော်မူလေသည်။

မိဘကို လုပ်ကျွေးပြုစုခြင်းဟာ မြတ်သော မင်္ဂလာတစ်ပါး ဖြစ်သည့် အားလျော်စွာ မိဘနှစ်ပါးကို လုပ်ကျွေးပြုစုခြင်းဖြင့် လူ ချမ်း သာ နတ်ချမ်းသာ ဗြဟ္မာချမ်းသာ စံစား ခံစားပြီး နိဗ္ဗာန်တိုင်ထိ ရရောက် နိုင်တဲ့သူတော်ကောင်းတွေ ဖြစ်ကြပါစေကုန်သတည်း။ ( ချမ်းမြေ့ဆရာတော်၏ ချမ်းမြေ့မင်္ဂလာ သင်စရာမှ ကောက်နုတ် ရေးသား ပူဇော်ပါသည် ) Credit

Tags:

Add a Comment

Your email address will not be published. Required fields are marked *