ပွဲပြီးလို့ မြန်မာပြည် မပြန်နိုင်တဲ့ အလှမယ် သူဇာဝင့်လွင်အတွက် လိုအပ်တာအကုန် ကူညီပေးသွားမယ့် ဥက္ကာမင်းမောင်

ပွဲပြီးလို့ မြန်မာပြည် မပြန်နိုင်တဲ့ အလှမယ် သူဇာဝင့်လွင်အတွက် လိုအပ်တာအကုန် ကူညီပေးသွားမယ့် ဥက္ကာမင်းမောင်

မင်္ဂလာပါ ချစ်ပရိတ်သတ်ကြီးရေ အလှမယ် သူဇာဝင့်လွင်က Miss Universe National Costume ပြိုင်ပွဲကြီးမှာ ချင်းရိုးရာ ဝတ်စုံနဲ့ Best in National Costume

ဆုကြီးကို ဆွတ်ခူးကာ နိုင်ငံ့ ဂုဏ်ဆောင်နိုင်ခဲ့တဲ့အတွက် မြန်မာ ပြည်သူတွေ အားလုံးက ဂုဏ်ယူ ဝမ်းသာနေကြတာပါ။

69th Miss Universe ပြိုင်ပွဲကြီးမှာ အခက် အခဲတွေကြားက အကောင်းဆုံး ယှဉ်ပြိုင် ကြိုးစားခဲ့တဲ့ မြန်မာ အလှမယ် သူဇာဝင့်လွင်က

Top 21 Finalists စရင်းဝင်သွားခဲ့တာဖြစ်ပြီး ပထမဦးဆုံး The first Placement ရတဲ့ မြန်မာ အလှမယ် အဖြစ် မော်ကွန်း ရေးထိုးနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

ပြိုင်ပွဲ ယှဉ်ပြိုင်နေတဲ့ ကာလအတွင်းမှာလည်း မြန် မာနိုင်ငံရဲ့ လက်ရှိ အခြေအနေတွေကို နိုင်ငံတကာက အာရုံ စိုက်မှုရှိလာအောင် တတ်နိုင်သလောက် ကြိုး စားပေးခဲ့တဲ့အတွက် သူမရဲ့ အိမ်ပြန်ခရီး မသေချာတော့တာလည်း ဖြစ်ပါတယ်။

ဥက္ကာမင်းမောင်က Miss Universe ပြိုင်ပွဲကြီးကို သူကိုယ်တိုင် သွားရောက် အားပေးခဲ့ပြီး  အခက် အခဲတွေကြားက နိုင်ငံ့ဂုဏ်ဆောင် နိုင်ခဲ့တဲ့ အလှမယ်

သူဇာဝင့်လွင် အနေနဲ့ ပွဲပြီးလို့ မြန်မာပြည် မပြန်နိုင်ခဲ့ရင် လိုအပ်တာ မှန်သမျှ ကူညီပေးသွားမယ့် အကြောင်းတွေကို ပြောပြလာပါတယ်။

“ပွဲပြီးရင်လဲ မြန်မာ ပြည်ပြန်ဖို့ အခက်အခဲရှိရင် လို အပ်တာ မှန်သမျှ အတတ်နိုင်ဆုံး ကူညီပေးပါမယ်။

Candy May Candy Thuzar” ဆိုပြီး ဥက္ကာမင်းမောင်က ရေးသားပြောပြထားတာပါ။

အဲ့ဒီ ပို့စ်အောက်မှာတော့ ပရိတ်သတ်တွေကလည်း နိုင်ငံ့ ဂုဏ်ဆောင်နိုင်ခဲ့တဲ့ အလှမယ် သူဇာဝင့်လွင်အတွက်

ဂုဏ်ယူ အားပေးကြသလို တစ်ဖက် တစ်လမ်းကနေ ကူညီပေးတတ်တဲ့ ဥက္ကာမင်းမောင်ရဲ့ စိတ်ထားကိုလည်း လေးစားချီးကျူးနေကြတာ တွေ့ရပါတယ်။

ပရိတ်သတ်ကြီးအားလုံးလည်း ဥက္ကာမင်းမောင်ရဲ့ စိတ်ထားလေးကို နှစ်သက် သဘောကြမယ့်လို့ ထင်ပါတယ်။

အဆုံးထိ ဖတ်ပေးကြတဲ့ ပရိတ်သတ်တွေလည်း ကျေးဇူး အထူးတင်လျက်ပါ။

Add a Comment

Your email address will not be published. Required fields are marked *