ပြေတီဦး ပိုင်တံခွန် ပိုပိုတို့နဲ့ အတူနေရတဲ့ ကလေးတွေဆီကနေ ပြန်ကြားသိရတဲ့ သတင်းတွေကို ဝမ်းသာအားရနဲ့ ပြောပြလာတဲ့ရှေ့နေတစ်ဦး

ပြေတီဦး ပိုင်တံခွန် ပိုပိုတို့နဲ့ အတူနေရတဲ့ ကလေးတွေဆီကနေ ပြန်ကြားသိရတဲ့ သတင်းတွေကို ဝမ်းသာအားရနဲ့ ပြောပြလာတဲ့ရှေ့နေတစ်ဦး

မင်္ဂလာပါ ချစ်ပရိတ်သတ်ကြီးရေ အကျဉ်းထောင်ထဲမှာ ရောက်ရှိနေတဲ့ ပြေတီဦး ပိုင်တံခွန် ပိုပိုတို့နဲ့ အတူနေရတဲ့ ကလေးတွေဆီကနေ ပြန်ကြားသိရတဲ့

သတင်းတွေကို ဝမ်းသာအားရနဲ့ ပြောပြလာတဲ့ ရှေ့နေတစ်ဦး အကြောင်းပဲဖြစ်ပါတယ်။

ခုလက်ရှိ ကာလအတွင်းမှာတော့ အပြစ်မဲ့တဲ့ ပြည်သူတွေရဲ့ အသက်ပေါင်းများစွာ ပေးဆပ်ခဲ့ရသလို တစ်ချို့ ပြည်သူတွေရဲ့ မိသားစုတွေလည်း တကွဲတပြား ဖြစ်ခဲ့ရပြီ ဖြစ်ပါတယ်။

ဒါ့အပြင် ဖမ်းဆီး ထိန်းသိမ်းခံထားရတဲ့ ပြည်သူ (၆၃၈၀) ခန့်ရှိခဲ့ပြီး လက်ရှိ အချိန်အထိ ချုပ်နှောင် ခံထားရသူ ဦးရေမှာ (၅၁၈၃) ခန့်ရှိကြောင်း AAPP ကထုတ်ပြန် ကြေညာထားပါတယ်။

အဖမ်းခံထားရတဲ့ သူတွေထဲမှာ အနုပညာရှင်တွေလည်း ပါဝင်ခဲ့တာ ဖြစ်ပါတယ်။

အခုလည်း ရှေ့နေ အမျိုးသမီးတစ်ယောက်က သူ့ရဲ့အမှုသည် ကလေးတွေဆီကနေ ကြားသိရတဲ့ သတင်းအချို့ကို ပြောပြထားတာ ဖြစ်ပါတယ်။

ကလေးတွေက ထောင်ထဲမှာ သူတို့ချစ်တဲ့ အနုပညာရှင်တွေနဲ့ တွေ့ဆုံပြီး ပျော်နေကြတဲ့ အကြောင်း ရေးသားထားတာ ဖြစ်ပါတယ်။

အနုပညာရှင်တွေနဲ့ အဆောင်တူတဲ့ သူတွေက သူတို့ကြိုက်ခဲ့ရတဲ့ Idol တွေနဲ့ခင်နေရတော့ ပျော်နေကြသလို တစ်ချို့တွေကလည်း သူတို့ အဆင်ပြေသလို ကြိုးစား နေထိုင်နေကြတာ ဖြစ်ပါတယ်။

ဒီအကြောင်းကို “ငါ့အမှုသည်တွေများ ပိုင်တံခွန်နဲ့တွေ့ရလို့ ပျော်နေတဲ့သူနဲ့ ပိုပိုက သီချင်းတွေဆိုပြလို့ မပျင်းရဘူးဆိုသူနဲ့…

အစ်မ ဝင်းမင်းသန်းက အရမ်း ရယ်ရတယ်ဆိုသူနဲ့ ဦးတီနဲ့စကားပြောရင် ပညာရတယ်ဆိုသူနဲ့ ခင်ရာဆွေမျိုးပါလား…

ဘယ်နေရာ ရောက်ရောက် စိတ်ချမ်းသာအောင် နေတတ်ကြတယ်….”

ဆိုပြီး ကလေးတွေဆီကနေ ကြားရတဲ့ သတင်းတွေကို ပြောပြထားတာ ဖြစ်ပါတယ်။

အထဲမှာ နေနေရပေမယ့်လည်း ရှိတာလေးပဲဝတ် ကျွေးတာလေးပဲစားပြီး စည်းစည်း လုံးလုံးနေကြတဲ့ ကလေးတွေရဲ့ အ ကြောင်းကို အဲ့ဒီရှေ့နေအမျိုးသမီးက ပြန်ပြောပြခဲ့တာပဲ ဖြစ်ပါတယ်။

ဖမ်းဆီးခံထားရတဲ့ သူတွေလဲ အမြန်ဆုံးလွှတ်မြှောက်ပြီး ချစ်ရတဲ့ မိသားစုတွေနဲ့ အမြန်ဆုံး ပြန်လည် ဆုံတွေ့နိုင်ပါစေလို့ ဆုတောင်း ပေးလိုက်ပါတယ်။

အဆုံးထိ ဖတ်ရှုပေးကြတဲ့ပရိတ်သတ် တစ်ယောက်ချင်းစီတိုင်း ကျေးဇူး အထူးတင်ရှိပါတယ်။ Credit

Add a Comment

Your email address will not be published. Required fields are marked *