ပြန် ဖွင့်တော့မယ့် တက္ကသိုလ်တွေနဲ့ ပတ်သက်ပြီး ကျောင်းသား ကျောင်းသူတွေရဲ့ စကားသံများ

ပြန် ဖွင့်တော့မယ့် တက္ကသိုလ်တွေနဲ့ ပတ်သက်ပြီး ကျောင်းသား ကျောင်းသူတွေရဲ့ စကားသံများ

လာမယ့် ဇန်နဝါရီပထမပတ်မှာ ပြန်ဖွင့်မယ့် တက္က သိုလ်တွေနဲ့ ပတ်သက်ပြီး ကျောင်းသား ကျောင်းသူတွေရဲ့ စကားသံများလာမယ့်

၂၀၂၂ ခုနှစ် ဇန်နဝါရီလ ပထမပတ်မှာ တက္ကသိုလ် ကောလိပ်တွေကို ပြန်လည်ဖွင့်လှစ် တော့မယ်လို့ ထုတ်ပြန် ထားပါတယ် ။

အခုလို ကျောင်းတွေ ပြန်ဖွင့်မယ့် အပေါ် တက္ကသိုလ်တက်ဖို့ စောင့်ဆိုင်းနေကြတဲ့ ကျောင်းသူ ကျောင်း သားတွေရှိသလို ကျောင်း လုံးဝ ဆက်မတက်မယ့် သူတွေလည်း ရှိနေတယ်လို့ သိရပါတယ် ။

နောက်ပြီး လက်ရှိဖြစ်နေတဲ့နိုင်ငံရေးအခြေအနေမတည်ငြိမ်မှုတွေအကြား သွားရေး လာရေးက အစ လုံခြုံမှု မရှိတာကြောင့် ကျောင်း ဆက်တက်မှာ မ ဟုတ်ဘူးဆိုတဲ့ကျောင်းသားတွေလည်း ရှိနေပါတယ် ။

မြန်မာစာ မေဂျာကျောင်းသူတဦးက “ညီမဆို တတိယနှစ်ရောက်နေပြီ အခုဒီမှာ တက်နေတာ ကြာလှပြီ ဘာမှလုပ်မရဘူး ။ ညီမကရွာကနေမြို့ကိုသွားတက်ရမှာဆိုတော့အိမ်ကလည်းစိတ်မချဘူး ။

အခုကာလကကျောင်းဖွင့်လည်း မတက်နိုင်ဘူး ။ အ ခြေအနေက အဘက်ဘက်က အကုန်ကျပ်နေတယ် ။ သူငယ်ချင်းတွေကလည်းမတက်ကြဘူး”လို့ ပြောပါတယ် ။

နစက ဘက်ကတော့ တက္ကသိုလ်နဲ့ ကောလိပ်တွေကို ဇန်န ဝါရီလ ပထမပတ်ထဲက လွတ်လပ် ရေးနေ့မှာ စတင် ဖွင့်လှစ်ဖို့ပြင်ဆင်နေကြောင်း ပြန်ဖွင့်ပါက ကိုဗစ်ထိန်းချုပ်ရေးကို အလေးထား လုပ်ဆောင် သွားမယ်လို့သိရပါတယ် ။

တက္ကသိုလ် ဆရာမတဦးက “နောက်လမှာ ဖွင့်မယ်လို့တော့ သိရတယ် ပထမလည်း အခုလထဲ ဖွင့်မယ်ဆိုပြီး မဖွင့် ဖြစ်လိုက်ဘူးလေ ဒီတော့ နောက်လည်းဖွင့်ပြီဆိုမှပဲဖွင့်တယ်ပေါ့ ။

အားလုံးတော့ ပြင်ဆင် ထားပါတယ် ။ အရင်က ခဏပြန်ဖွင့်တဲ့ အချိန်မှာ ကျောင်းတက် သူတွေရှိခဲ့ပါတယ် ။ အောင်စာရင်း ထွက်လို့အောင်ကုန် ကျပြီ” လို့ပြောပါတယ် ။

တက္ကသိုလ်နဲ့ ကောလိပ်တွေကို ကိုဗစ် ဒုတိယလိူင်းဖြစ်တဲ့ ၂၀၂၀ မတ်လ ကတည်းက ပိတ် ထားခဲ့တာဖြစ်ပြီး

၂၀၂၁ ခုနှစ်ဇွန်လမှာတော့ နောက်ဆုံးနှစ် အတန်းတွေကို ပြန်လည် ဖွင့်ပေးခဲ့ကာ စာမေးပွဲ ဖြေဆိုစေခဲ့ပြီးအောင်စာရင်း ထုတ်ပြန် ပေးခဲ့တယ်လို့ သိရပါတယ် ။

ကျောင်းသား သမဂ္ဂ အဖွဲ့တွေကတော့ ကျောင်းသားကျောင်းသူတွေ အနေနဲ့ တက္ကသိုလ်တွေ ပြန်ဖွင့်ပါကလည်း ကျောင်းမတက်ဖို့ အသိပေး လှုပ် ရှားမှုတွေ ရှိနေပါတယ် ။

လက်ရှိမှာတော့ တက္ကသိုလ် အများစုမှာ စစ်တပ်နဲ့ ရဲက လုံခြုံရေး ရယူစောင့်ကြပ် နေတယ် လို့သိရပါတယ် ။

Tags:

Add a Comment

Your email address will not be published. Required fields are marked *