ပြန်လည် လွတ်မြောက် လာပြီဖြစ်တဲ့ အဆိုတော် အေသင်ချိုဆွေ

ပြန်လည် လွတ်မြောက် လာပြီဖြစ်တဲ့ အဆိုတော် အေသင်ချိုဆွေ

မင်္ဂလာပါ ချစ်ပရိတ်သတ်ကြီးရေ ၅၀၅ ကနဲ့အမှု့ ဖွင့်ထားတဲ့ အဆိုတော် အေသင်ချိုဆွေ ကို မေလ၂၃ ရက

ညပိုင်းက ပဲလှိုင် (၁၂) ရပ်ကွက် အောင်ဓမ္မ ရိပ်သာလမ်း ရှိုင်းကွန်ဒိုမှာ ဖမ်းဆီးခံခဲ့ရတာပါ။

ဒီနေ့မှာတော့ ပြန်လည် လွတ်မြောက်လာပြီလို့ ညီမဖြစ်သူ မေသင်ချိုဆွေက သူရဲ့လူမှုကွန်ရက်မှာရေးသားထားပါတယ်။

ပရိတ်သတ်တွေရဲ့ အချစ်တော်လေး အေသင်ချိုဆွေက အောင်မြင် ခဲ့တဲ့ အဆိုတော် တစ်ယောက် ဖြစ်သလို

ယနေအချိန်ထိ ပရိတ်သတ်တွေရဲ့ အားပေးမှုကိုလည်း ရရှိထားခဲ့သူတစ်ယောက်ဖြစ်ပါတယ်။

သူမရဲ့ အဆွေး သီချင်းလေးတွေ အမိုက်စားသီချင်းလေးတွေဟာလည်း ပရိတ်သတ်တွေကြား အတော်လေး ရေပန်းစားခဲ့ပါတယ်။

အေသင်က မြန်မာနိုင်ငံမှာ ရုတ်တရက် ပြောင်းလဲခဲ့တဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး ပြည်သူတွေနဲ့ အတူ တစ်သားတည်း ရပ်တည်ခဲ့သူတစ်ယောက်ဖြစ်ပါတယ်။

ဒါ့ကြောင့်လည်း သူမကို ၅၀၅ (က)နဲ့ ဖမ်းဝရမ်းထုတ်ထားတာပါ။

မေလ (၂၃) ရက်နေ့ မှာတော့ သူမကို လာရောက်ဖမ်းဆီးသွားကြတယ်ဆိုတဲ့ သတင်းတွေ ပြန့်နှံ့ခဲ့ပြီး အားလုံးက စိတ်မကောင်းဖြစ်နေကြတာပါ။

ယနေ့ ဇွန်လ (၁၁) ရက်နေ့မှာတော့ အေသင် ပြန်လည် လွတ်မြောက်လာပြီ ဖြစ်တာကြောင့် မိသားစုတွေ အားလုံးက ဝမ်းသာနေကြတာပါ။ အေသင် အိမ်ပြန်ရောက်ပြီဖြစ်တဲ့ သတင်းလေးကိုလည်း မိခင်ဖြစ်သူက ”

ချစ်တဲ့ပရိတ်သတ်အပေါင်းတို့ရဲ့ ဆုတောင်းမေတ္တာ ပြည့်ဝခဲ့ပါပြီ …

သမီး အေသင်ချိုဆွေ အိမ်ပြန်ရောက်ပြီး Ivy လေးနဲ့အမေ့အိမ်မှာ အတူရှိနေပါပြီ…

ဆုတောင်းပေးကြသော တစ်ယောက်ချင်းစီတိုင်းကို အထူးကျေးဇူးတင်ပါရစေရှင့်..

မေမေဆွေ ” ရေးသားဖော်ပြခဲ့ရာ ပရိသတ်ကြီးလည်း သတင်းကောင်းလေးကို သိရှိနိုင်စေရန် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

စာကြွင်း – အဓိကလွတ်လာရတဲ့ အ ကြောင်းအရင်းသည် အွန်လိုင်းမှာ ဖွနေသလို လဒ်ထိုးပြီး ထွက်လာတာတို့ ဘာတို့ စတဲ့ ဖွသတင်းဟာ လုံးဝမဟုတ်ပါဘူး..

ငွေကြေးကိစ္စလုံးဝ မကုန် မပေးရပါကြောင်း… ပေးစရာလဲမရှိပါကြောင်း.. ပြောထားခဲ့ပါသေးတယ်။

ပရိတ်သတ်ကြီးအားလုံးလည်း အေသင်ရဲ့ မိသားစုနဲ့ ထပ်တူ ဝမ်းသာကြလိမ့်မယ်လို့ ထင်ပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *