ပြန်လည် ရုန်းထလာခဲ့တဲ့ ရွှေဘို ယာယီဈေးရဲ့ ယနေ့မနက်မြင်ကွင်းအချို့

ပြန်လည် ရုန်းထလာခဲ့တဲ့ ရွှေဘို ယာယီဈေးရဲ့ ယနေ့မနက်မြင်ကွင်းအချို့

မင်္ဂလာပါ ချစ်ပရိတ်သတ်ကြီးရေ ခုပြောပြမယ့် အကြောင်းလေးကတော့

အခု ရက်ပိုင်း တွေမှာဆိုရင် တချို့ မြို့နယ်တွေမှာ ဗုံးပေါက်ကွဲမှု တွေလည်း ဖြစ်ပေါ်သလို မီးလောင်မှုတွေ နဲ့လည်း ကြုံတွေ့ နေရတာပဲ ဖြစ်ပါတယ်။

ဒါ့ကြောင့်လည်း ပြည်သူလူထုက နေ့ည မရွေး စိုးရိမ် ထိတ်လန့်နေရပြီး အရာရာကို သတိထား နေရတာ ဖြစ်ပါတယ်။

မေလ ၁၅ ရက်နေ့၊နံနက် ၂ နာရီ ဝန်းကျင်ကစပြီး အချိန် ၄ နာရီကျော်ကြာအောင် မီးလောင်ခဲ့တဲ့ ရွှေဘိုမြို့၊

စည်ပင်သာယာ ဈေးကြီးကတော့ မီးငြှိမ်းခွင့်လည်း မရတာကြောင့် တစ်ဈေးလုံး နီးပါး ပြာကျခဲ့ရတာ ဖြစ်ပါတယ်။

ရွှေဘိုဈေးမှာ ရောင်းဝယ် ဖောက် ကားနေကြတဲ့ ဈေးသည် ပြည်သူတွေလည်း  မိမိတို့ ရဲ့ ကုန်ပစ္စည်း

အ များအပြားကိုဆုံးရှုံးလိုက်ရလို့ စိတ်ထိခိုက် နေရတာပဲ ဖြစ်ပါတယ်။

မနက်မိုးလင်းလို့ မီးငြိမ်းသွားချိန်မှာ ဈေးသည်တွေက သူတို့ ရဲ့ ဆိုင်နေရာလေးတွေကို လာကြည့်ပြီး အဆင်

ပြေသေးတဲ့ ကုန်ပစ္စည်းလေး တချို့ကိုသာ သိမ်း ဆည်း နေကြတာ ဖြစ်ပါတယ်။

ကိုယ်ချင်း စာနာပေးကြတဲ့ ပြည်သူတချို့ကလည်းရွှေဘိုဈေး ပြန်လည် ထူထောင်ရေး အတွက် ဝိုင်းဝန်း ကူညီ လှူဒါန်း ပေးနေကြတာပဲ ဖြစ်ပါတယ်။

မေလ ၁၆ ရက်နေ့၊ ယနေ့ မနက်ပိုင်းမှာတော့ ရွှေဘိုဈေးရဲ့ ဈေးသူ၊

ဈေးသားတွေက ယာယီဈေးလေးမှာ ရောင်း ဝယ် ဖောက်ကားနေကြတဲ့ ပုံရိပ်တွေကို  တွေ့မြင်ရပါတယ်။

မိမိတို့ရဲ့ ဆိုင်ခန်းတွေ၊ ကုန်ပစ္စည်းတွေ ဆုံးရှုံး သွားခဲ့တာတောင် အားတင်းပြီး ပြာပုံဘဝမှ ပြန်လည်ရုန်းထွက်လာခဲ့ကြတာဖြစ်ပါတယ်။

ဘယ်လိုဒုက္ခအခက်အခဲကိုမဆို စည်းစည်းလုံးလုံးနဲ့ကျော်ဖြတ်နေကြတာကြောင့် ရွှေဘိုယာယီဈေးရဲ့

ဈေးရောင်းချနေမှု မြင်ကွင်းတချို့ကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။c r d

Tags:

Add a Comment

Your email address will not be published. Required fields are marked *