ပြည်သူ အချစ်တော် မင်းမော်ကွန်းရဲ့ဇနီးကို ချီးမွမ်းထားတဲ့ စာလေးကို သဘောကျ အားကျနေတဲ့ မထက်

ပြည်သူ အချစ်တော် မင်းမော်ကွန်းရဲ့ဇနီးကို ချီးမွမ်းထားတဲ့ စာလေးကို သဘောကျ အားကျနေတဲ့ မထက်

မင်္ဂလာပါ ချစ်ပရိတ်သတ်ကြီးရေ မင်းမော်ကွန်းက ဆယ်စုနှစ်တစ်ခုကြာ ဇာတ်ကားပေါင်းများစွာမှာ ပါဝင်ရိုက်ကူးခဲ့ပြီးတော့ အသက် အရွယ်ရလာသည့်ထိ အမြဲတမ်း နုပျိုနေတာကြောင့် ပရိတ်သတ်တွေ ချစ်ခင်ရတဲ့ မင်းသား တစ်လက်ဖြစ်ပါတယ်။

ဒါအပြင် ပြည့်သူ့အချစ်တော် မင်းသား မင်းမော်ကွန်း က စစ်အာဏာသိမ်းပြီး ချိန်ကစလို့ ပြည်သူတွေနဲ့ အတူ အမှန်တရားဘက်က ရဲရဲဝံ့ဝံ့ တိုက်ပွဲဝင်ခဲ့သူ

တစ်ယောက်ဖြစ်ပြီး ခုလက်ရှိမှာလည်း ကိုယ်တိုင် လွတ်မြောက်နယ်မြေကို ရောက်ရှိနေပြီး အမှန်တရားအတွက် တိုက်ပွဲဝင်နေတာပဲ ဖြစ်ပါတယ်။

မင်းမော်ကွန်းနဲ့အတူ သူရဲ့ ဇနီးအပါအဝင် သားအငယ်နှင့် အကြီး နှစ်ဦးလုံး လွတ်မြောက်နယ်မြေကို ရောက်ရှိနေပါတယ်။

ဒီနေ့မှာတော့ မင်းမော်ကွန်းရဲ့ ဇနီးဖြစ်သူကို ချီးမွမ်းစကား အချို့အွန်လိုင်းပေါ်မှာ ပျံ့နှံ့နေပါတယ်။

ဒီပျံ့နှံ့နေတဲ့ စာပိုဒ်လေးကို မိတ်ကပ် မထက်က သ ဘောကျလွန်းလို့ သူမရဲ့ ဖေ့ဘွတ်မှာ ရှဲလ်လုပ်ထားတာကိုလည်း တွေ့ရပါတယ်။ ဒါလေးကတော့ ”

ဘာမှ မမြင်ဘူး မင်းမော်ကွန်း မိန်းမ ပဲ မြင်တယ်…

တစ်ကယ် အားကျတယ် ဆယ်တန်းအောင် နိုင်ငံခြားမှာ ကျောင်းတက်ခါနီး ခိုးမယ်ဆိုတော့လဲ နိုင်ငံခြားမသွားဘဲ ခိုးရာလိုက်တယ်…

ယောက်ျားက တော်ရုံပွဲ လူရှုပ်လို့ဆိုပြီး ငါမင်းသား မိန်းမ ဆိုပြီး လိုက်မနေဘူး…

နောက်ပိုင်းမှ မင်းမော်ကွန်း မိန်းမဆိုတာ ကိုမြင်ရတာ ဒါတောင် သူက သိပ်ပြီး ဟိုဟာလုပ်ဒီဟာလုပ် လိုက်ပြောလေ့မရှိဘူး…

အခုလဲ အောင်မြင်နေတာ ပိုက်ဆံကော နာမည်ကော ကျော်ကြားမှုကောကို ပစ်ပြီး တောခိုမယ်ဆိုတော့လဲ အကိုရယ် မိသားစုရှေ့ရေးတို့ သားသမီးတွေရှိတယ်လေတို့ ငွေတွေ ကိစ္စ တို့ တစ်ခွန်း မပြောဘူး…

တစ်ကိုယ်ကောင်းသမား ကျွန်မတို့တော့ မလိုက်နိုင်ဘူး တစ်ခွန်းမပြောဘူး…

သားသမီးတွေမွေးထားပြီး လုပ်ချင်တာ လျောက်လုပ်နေတယ် တော်ပါတော့ အဆင်ပြေပြေ ပဲနေချင်တယ် တစ်ခွန်းမပြောဘူး…

တစ်ကယ်ရှားတဲ့ သူလိုမိန်းမ…..” ဆိုပြီး ရေးသားထားပါတယ်။

ပရိသတ်ကြီးရေ မင်းမော်ကွန်းရဲ့ချစ်လှစွာသော ဇနီးကိုတော့ မင်းမော်ကွန်းနဲ့ ထပ်တူ ပြည်သူတွေက ချစ်ခင်နေကြပါတယ်။

ပါရမီ ဖြည့်ဘက်ဖြစ်တဲ့ မင်းမော်ကွန်းရဲ့ ဇနီးဖြစ်သူအတွက် ချီးမွမ်း စကားလေးတွေ ပြောခဲ့ကြပါအုံးနော်။

အဆုံးထိဖတ်ပေးကြတဲ့ ပရိတ်သတ်တစ်ယောက် ခြင်းစီတိုင်း အထူး ကျေးဇူးတင်လျက်ပါ။

Add a Comment

Your email address will not be published. Required fields are marked *