ပြည်သူ အချင်းအချင်း ရန်လို အပြစ်တင်နေတာတွေ ရှိနေလို့ အရေးကြီးတဲ့ အချက်ကို သတိပေးလာခဲ့တဲ့ ပြေဇင် (အပြည့်စုံဖတ်ရန် ပုံကိုနှိပ်ကြည့်ပါ)

ပြည်သူ အချင်းအချင်း ရန်လို အပြစ်တင်နေတာတွေ ရှိနေလို့ အရေးကြီးတဲ့ အချက်ကို သတိပေးလာခဲ့တဲ့ ပြေဇင်

မင်္ဂလာပါ ချစ်ပရိတ်သတ်ကြီးရေ မနေ့က မန္တလေးမြို့မှာ ဖြစ်ပွားခဲ့တဲ့ ကိစ္စနဲ့ပတ်သက်ပြီး လတ်တလော လူ မှုကွန်ယက် စာမျက်နှာထက်မှာ ပြည်သူတွေ စကားသံတွေကို အမျိုးမျိုး ကြားနေရတာ ဖြစ်ပါတယ်။

PDF အဖွဲ့ဝင်တွေ ဖမ်းဆီးခံလိုက်ရတဲ့ အကြောင်းရင်းက PDFတွေရဲ့ နေရာကို ပြည်သူတစ်ဦးက မသိဘဲ ဓာတ်ပုံရိုက်ပြီး တင်လိုက်တာကြောင့်လို့ပြောဆို နေကြတာ ပဲဖြစ်ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ပြည်သူတွေကတော့ မနေ့က မနက်ပိုင်း လူမှုကွန်ယက် စာမျက်နှာထက်မှာ အစောဆုံး ပျံ့နှံ့လာတဲ့ ဓာတ်ပုံ တစ်ပုံရဲ့ ပိုင်ရှင်ကို အပြစ် တင် ဝေဖန်နေကြတာ ပဲဖြစ်ပါတယ်။

အခုလိုမျိုး ပြည်သူ အချင်းချင်း အငြင်းပွားစရာတွေ ဖြစ်နေတာနဲ့ ပတ်သက်ပြီး သရုပ်ဆောင် ပြေဇင်က မေတ္တာရပ်ခံလာခဲ့တာပဲ ဖြစ်ပါတယ်။

ပြေဇင်က အခုချိန်မှာ အာဏာရှင်ကို တော်လှန် နေကြတဲ့ ပြည်သူ အချင်းချင်း ရန်မလိုကြဖို့နဲ့ တစ်ယောက် အမှားကို တစ်ယောက် တိုးတိုး တိတ်တိတ် ဖြေရှင်းကြဖို့ အကြံပေး ထားတာဖြစ်ပါတယ်။

ဒါ့အပြင် မှန်တဲ့ သူတွေကလည်း အမှားတွေ ဖြစ်လာနိုင်တာကြောင့် အားလုံး သွေးမကွဲကြဖို့အတွက် သူက ကြားထဲကနေ တောင်းပန် ထားတာဖြစ်ပါတယ်။

အထူးသဖြင့် ဒီလို ခက်ခဲနေတဲ့ အချိန်မှာ ပြည်သူ အချင်းချင်း သွေးကွဲနေမယ်ဆိုရင် သူတို့ အကွက်ထဲ

ဝင်သွားနိုင်တာကြောင့် စည်းစည်း လုံးလုံး နေကြပါဆိုပြီး ပြေဇင်က ပြောထားတာပဲ ဖြစ်ပါတယ်။

ပြေဇင်ကတော့ ပြည်သူတွေ အငြင်းပွားနေတာနဲ့ ပတ် သက်ပြီး မဖြစ်သင့်တာတွေ မဖြစ်ရအောင် တောင်းပန်ပေးထားတာပဲ ဖြစ်ပါတယ်။

အားလုံး ပန်းတိုင် တစ်ခုတည်း သွားနေတဲ့ အချိန်မှာ သွေးမကွဲဘဲ စည်းလုံးဖို့က အဓိက ဖြစ်ကြောင်း ပြေဇင်က ထောက်ပြလိုက်တာ ပဲဖြစ်ပါတယ်။

ပရိတ်သတ်ကြီး အားလုံးရဲ့ သဘောထားလေးတွေလည်း ရေးသားခဲ့ပါအုံးနော်။

အဆုံးထိဖတ်ပေးကြတဲ့ ပရိတ်သတ် တစ်ယောက်ချင်းစီတိုင်း အထူးကျေးဇူးတင်လျက်ပါ။

Add a Comment

Your email address will not be published. Required fields are marked *