ပြည်သူ‌တွေအတွက် အန္တရာယ်တွေကြားက လှူဒါန်းမှုတွေပြုလုပ်‌ပေးနေတဲ့ အဆိုတော် မီးနို ဖမ်းဆီးခံရကြောင်း သိရ (အပြည့်စုံဖတ်ရန် ပုံကိုနှိပ်ကြည့်ပါ)

ပြည်သူ‌တွေအတွက် အန္တရာယ်တွေကြားက လှူဒါန်းမှုတွေပြုလုပ်‌ပေးနေတဲ့ အဆိုတော် မီးနို ဖမ်းဆီးခံရကြောင်း သိရ

မင်္ဂလာပါ ချစ်ပရိတ်သတ်ကြီးရေ သီချင်းဆို ပြိုင်ပွဲ တစ်ခုတွင် ဝင်ရောက် ယှဉ်ပြိုင်ရာမှ တစ်ဆင့် ဂီတ လောကထဲကို ဝင်ရောက်လာသူက အဆိုတော် မီးနိုပဲ ဖြစ်ပါတယ်။ ချိုသာတဲ့ အသံလေးနဲ့ သီချင်းတွေကို ပရိတ်သတ်တွေ နားထဲ စွဲနေအောင် သီဆိုနိုင်သူ ဖြစ်ပါတယ်။

သူမက ခုလက်ရှိ ဖြစ်ပေါ်နေတဲ့ အခြေ အနေများမှာ ပြည်သူတွေ ဘက်ကနေ အခိုင် အမာ ရပ်တည်နေသူ တစ်ဦး ဖြစ်ပါတယ်။ ဒါ့အပြင် ခုလက်ရှိ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေတဲ့ အခြေ အနေတွေကြောင့် စားဝတ် နေရေး ခက်ခဲနေတဲ့ ပြည်သူများအတွက် လိုအပ်တဲ့ စားနပ်ရိက္ခာများ ကူညီလှူဒါန်းပေးနေတာပဲ ဖြစ်ပါတယ်။

အဆိုတော် မီးနိုအား ယနေ့ ဇူလိုင်လ ၆ ရက်နေ့မှာ ဖမ်းဆီးခံလိုက်ရကြောင်း သတင်း ရရှိပါတယ်။ “ကျနော့် သူငယ်ချင်း မီးနိုကို မတရား ဖမ်းဆီးသွားပါပြီ” လို့ မီးနိုရဲ့ သူငယ်ချင်းဖြစ်သူ အဆိုတော် Leo က အတည်ပြု ပြောထားပါတယ်။

အဆိုတော် မီးနိုက ပြီးခဲ့တဲ့လအတွင်း ကရင် စစ်ဘေးရှောင် ပြည်သူများအတွက် လိုအပ်နေတဲ့ စားနပ်ရိက္ခာများ ဆေးဝါးများ ပို့ဆောင် လှူဒါန်းခဲ့ပြီး အခြား လိုအပ်နေတဲ့ နေရာများကိုလည်း ဦးဆောင်ကာ စု ပေါင်း လှူဒါန်းပေးနေသူပဲ ဖြစ်ပါတယ်။

ပရိတ်သတ်ကြီးအားလုံးလည်း အဆိုတော် မီးနိုအတွက် ဆုတောင်း ပေးကြပါအုံးနော်။ အဆုံးထိဖတ်ပေးကြတဲ့ ပရိတ်သတ် တစ်ယောက်ချင်းစီတိုင်း အထူး ကျေးဇူး တင်လျက်ပါ။

Add a Comment

Your email address will not be published. Required fields are marked *