ပြည်သူ့အချစ်တော် မင်းသားတွေကို ထိထိ မိမိ ဒဲ့စော်လာခဲ့တဲ့ မင်းအုပ်စိုး

ပြည်သူ့အချစ်တော် မင်းသားတွေကို ထိထိ မိမိ ဒဲ့စော်လာခဲ့တဲ့ မင်းအုပ်စိုး

မင်္ဂလာပါ ချစ်ပရိတ်သတ်ကြီးရေ မင်းတို့က တော် လှန်ရေး လုပ်နေကြတာလား တောထဲသွားပြီး အိုက် တင်တွေလုပ် စတန့်တွေ ထွင်နေကြတာလားဟင် တောထဲမှာ လက်ထပ်ပွဲတွေ လုပ်လိုက် မွေးနေ့ပွဲတွေ

လုပ်လိုက် သေနတ်တွေကိုင်ပြီး အိုက်တင်မျိုးစုံနဲ့ ဓာတ်ပုံတွေရိုက်လိုက်ကြနဲ့အထူးသဖြင့် ရုပ်ရှင် မင် းသားဆိုတဲ့ အကောင်တွေကို ပြောချင်တာပါ။ ဇင်ဝိုင်းနဲ့ မင်းမော်ကွန်းဆိုရင် ကိုဇင်ဝိုင်းက ပိုဆိုးပါတယ်။

နဝတခေတ် နအဖခေတ် တလျှောက်လုံး ရိုက်ခဲ့သမျှ နိုင်ငံတော်ကားတွေမှာ ဒီလူမပါတဲ့ကားဆိုတာ အင်မတန်ရှားပါတယ်။

စစ်အစိုးရကလုပ်တဲ့ ညစာစားပွဲတွေ ဆိုရင်လည်း ကိုဇင်ဝိုင်းမတက်တဲ့ ညစာစားပွဲဆိုတာ မရှိသလောက်ပါပဲ ပြီးတော့ လူမင်း ပရိတ်သတ်ကြီးသာ သတိထားပြီး

ပြန်စဉ်းစားကြည့်မယ် ဆိုရင်စစ်အစိုးရ လက်ထက်တလျှောက်လုံး ရိုက်ကူးခဲ့တဲ့ စစ်ကားမှန်သမျှ လူမင်း မပါတဲ့စစ်ကား မရှိသလောက်ပါပဲ။

ပြီးတော့ ပြေတီဦး ဒီကောင့်ဘဝစခဲ့ရတာ ဒါရိုက်တာ ဦးခင်ဇော် ရိုက်ကူးတဲ့ မြန်မာစာ မြန်မာစကား ဆိုတဲ့ ဇာတ်လမ်းတိုလေးတွေမှာ ဝင်သရုပ်ဆောင်ရင်း စခဲ့ရတာပါ။

အဲဒီ ဇာတ်လမ်းတိုလေးတွေကို မြန်မာ့ရုပ်မြင်သံကြားကနေ လွှင့်တာပါ မြန်မာ့ ရုပ်မြင်သံကြားဆိုတာကလည်း အဲဒီအချိန်တုန်းက စစ်တပ်ပိုင်တာပါပဲ။

အခုချိန်ရောက်တော့မှ စစ်ဖိနပ်အောက်မှာ မနေချင်ဘူး အမှောင်ခေတ်ကို ပြန်မသွားချင်ဘူး စစ်ကျွန်

ပညာရေးကို မလိုချင်ဘူးဆိုတော့ ဇင်ဝိုင်း လူမင်း မင်းမော်ကွန်း ပြေတီဦး အဲ့လေးယောက်စလုံး ဘွဲ့ရလာတာ စစ်အစိုးရ လက်အောက်မှာပါ။

အဲ့ဒီလေးယောက်စလုံး အောင်မြင်တဲ့ မင်းသားတွေဖြစ်လာခဲ့တာလည်း စစ်အစိုးရလက်အောက်မှာပါပဲ။

အဲ့ဒီလေးယောက်စလုံး တိုက်ပုံအကျီ အနက်လေးတွေ ဝတ်ပြီး ညစာစားပွဲတွေမှာ တပ်ချုပ်ကြီးနဲ့ဝန်ကြီးတွေကို လက်အုပ်လေးတချီချီ လုပ်ခဲ့ကြတာလည်း အထင်အရှားပါပဲ။

စစ် အစိုးရကို မကြိုက်ရင် စစ်ကျွန်ပညာရေးကို မလိုချင်ရင် အမှောင်ခေတ်မှာ မနေချင်ကြဘူးဆိုရင် အဲဒီအချိန်တည်းက စစ်တပ်နဲ့ မပတ်သတ်ဘဲ နေခဲ့ကြပေါ့ကွာ။

စစ်တပ်လက်အောက်မှာ သင်ရတဲ့ ပညာရေးကို မသင်ခဲ့ကြနဲ့ပေါ့ကွာ စစ်တပ်ကို ရွံနေမုန်းနေတဲ့ မင်းသား

တွေက စစ်ကားတွေမှာ ဝင်ပြီးတော့ သရုပ်မဆောင်ကြနဲ့ပေါ့ကွာ။ စစ် ဗိုလ်ချုပ်တွေနဲ့တွေ့ရင် လက်အုပ်မချီကြနဲ့ပေါ့ကွာ။

မင်းတို့တွေက စစ်တပ်ရဲ့ကူညီပံ့ပိုးမှုတွေကိုလည်း ယူခဲ့ကြတယ်။ စစ်အစိုးရက တာဝန်ရှိတဲ့ လူကြီးတွေကိုလည်း ဖားခဲ့ကြ ကပ်ခဲ့ကြတယ်။

အခုလိုမျိုး အချိန်လည်းရောက်လာရော မင်းတို့တွေ အကုန်လုံးက ပရိတ်သတ်ရဲ့လက်ခုပ်သံကို လိုချင်ကြလေတော့ ပရိတ်သတ်အကြိုက် စကားလုံးတွေပြောကြ ပရိတ်သတ်အကြိုက် အမူအယာတွေ လုပ်ပြ

အဲလိုလုပ်ပြ ပြောပြနေရင်းပဲ တပ်မတော်ကြီးက တစ်စစီပြိုကွဲပြီး မင်းတို့လိုချင်တဲ့ အစိုးရက အာဏာ ပြန်ရလာလိမ့်မယ်အထင်နဲ့ ဇာတ်ရှိန်တွေမြှင့်ကြ

နောက် ဆုံးမှာတော့ အမူအယာတွေကျွံ စကားလုံးတွေကျွံ လုပ်ရပ်တွေကျွံပြီး မိသားစုနဲ့ဝေးကွာ ပရိတ်သတ်နဲ့ ဝေးကွာကြရ ဥပဒေရဲ့အပြင်ကို ရောက်သွားကြရနဲ့ မင်းတို့လိုချင်မိတဲ့ လက်ခုပ်သံရယ် ပြန်လိုက်ရတဲ့ အကျိုးဆက်ရယ်က မတန်ပါဘူးကွာ။

တကယ့်ကို စစ်မှန်တဲ့ယုံကြည်ချက်ကြောင့် တောထဲအထိ အရောက်သွားပြီး တော်လှန်ရေးလုပ်နေကြတဲ့ လူငယ်လေးတွေလည်း ရှိနေကြပါတယ်။

သူတို့ကိုတော့ လေးလည်းလေးစားတယ် အသိအမှတ်လည်း ပြုပါတယ်။

ဘာကြောင့်လဲဆိုတော့ သူတို့လေးတွေမှာ မင်းတို့လိုမျိုး စစ်တပ်အပေါ် ဖားခဲ့ကြ ကပ်ခဲ့ကြတာမျိုး မရှိဘဲ သူတို့ရဲ့သမိုင်းကြောင်းက မင်းတို့သမိုင်းကြောင်းထက် ဖြူစင်ခဲ့ကြတယ် သန့်စင်ခဲ့ကြတယ်ကွာ။

မင်းတို့ကိုတော့ မင်းတို့တွေရဲ့အကျင့်စရိုက် ကိုယ် ကျင့်တရား မင်းတို့ဖြတ်သန်းခဲ့ကြတဲ့ သမိုင်း အားလုံး အားလုံးကို ခရေစေ့တွင်းကျ သိနေလေတော့

လေ းစားလို့လည်းမရ အထင်ကြီးလို့လည်းမရဘဲ မင်းတို့ ဖြတ်သန်းခဲ့တဲ့ နောက်ခံသမိုင်းနဲ့ အခုလက်ရှိ ပုံစံတွေ အပြောတွေကို နှိုင်းယှဉ်ကြည့်ပြီး ရယ်ချင်နေမိတယ်ကွ။

မင်းတို့တွေရဲ့ပါးစပ်တွေက တော်လှန်ရေးဆိုတဲ့ စကားလုံးတွေ ထွက်ထွက်လာတိုင်း သခင်သန်းထွန်း/ သခင်ဇင်/ သခင်ချစ်/ ဗိုလ်ရန်အောင်/ ဗိုလ်ဇေယျ ဗန်းဗော်တင်အောင်/ သူတို့တွေရဲ့ မျက်နှာတွေကို မြင်မြင်လာမိပြီးမင်းတို့အစား သူတို့အပေါ်အားနာမိ မျက်နှာပူမိပါရဲ့ကွာ

ဆိုပြီး ရေးသား ဖော်ပြလာခဲ့ပါတယ်။ အဆုံးထိဖတ်ပေးကြတဲ့ ပရိတ်သတ် တစ်ယောက်ခြင်းစီတိုင်း အထူး ကျေးဇူးတင်လျက်ပါ။

Add a Comment

Your email address will not be published. Required fields are marked *