ပြည်သူနဲ့ တသားတည်း ရပ်တည်နေတဲ့ မင်းသမီး မြနှင်းရည်လွင်ရဲ့ ဘဝ အကြောင်း

ပြည်သူနဲ့ တသားတည်း ရပ်တည်နေတဲ့ မင်းသမီး မြနှင်းရည်လွင်ရဲ့ ဘဝ အကြောင်း

မင်္ဂလာပါ ချစ် ပရိတ်သတ်ကြီးရေ ခုတစ်ခေါက်မှာတော့ တည်ငြိမ်တဲ့ အလှလို့ တင်စားကြပြီး မြန်မာ ဝတ်စုံတွေကိုသာ အများဆုံး ဝတ်ဆင်လေ့ရှိတဲ့ မြန်မာမော်ဒယ်နဲ့ သရုပ်ဆောင် မြနှင်းရည်လွင် မင်းသမီးလေး အကြောင်းကိုပြောပြပေးသွားမှာပဲ ဖြစ်ပါတယ်။

သူမကိုတော့ အနီရောင် ဝတ်စုံလှလှလေးနဲ့ ဒါပေါ့လို့ ပြောတဲ့ သရုပ်ဆောင် တစ်ယောက်လို့ ပရိတ်သတ်တွေက အသိများကြပါတယ်။

ဒါပေါ့ မင်းသမီးဆိုတာ ဘယ်လိုဖြစ်ပေါ်လာသလဲဆိုတော့ ရိုးမဘဏ်ကြော်ငြာရိုက်ကူးရင်းနဲ့ မင်းသမီးမြနှင်းရည်လွင်ပြောခဲ့တဲ့ ဒိုင်ယာလော့စကားလုံးလေးပဲဖြစ်ပါတယ်။

ဒီကြော်ငြာက အရမ်းကိုအောင်မြင်သွားတဲ့အတွက် ပရိတ်သတ်တွေက လူမှုကွန်ယက်ပေါ်မှာ ဒါပေါ့လို့သုံးပြီး စကားပြောလေ့ရှိလာကြပါတယ်။

တစ်ခုခုကိုထောက်ခံတော့မယ်ဆိုရင် မင်းသမီးရဲ့ပုံကိုသာပြပြီး ပြန်ဖြေတာက ပရိတ်သတ်တွေကြားထဲမှာ hit ဖြစ်လာခဲ့ပါတယ်။ ဒါပေါ့ ဆိုတဲ့စကားလုံးက မြန် မာနိုင်ငံရဲ့ Social Media ဘန်းစကားတစ်ခုအဖြစ် ရေပန်းစားကျော်ကြားခဲ့ပါတယ်။

မြနှင်းရည်လွင်က သူမရဲ့ ရိုက်ကူးရေးအမှတ်တရတွေထဲကမှ ဒိုင်ယာလော့အဖြစ်နဲ့ပြောခဲ့ရတဲ့ ဒါပေါ့အပြင် ကြော်ငြာရိုက်ကွင်းက တည်းဖြတ်လိုက်တဲ့ တစ်ခြားစကားပြောခန်းတွေရှိပေမယ့် ဒီ”ဒါပေါ့”စကားလုံးလေးက အခုလောက်ပေါက်သွားမယ်လို့မထင်ခဲ့ပါဘူးတဲ့။

သူမအနေနဲ့ အခုလိုအောင်မြင်မှုတွေရရှိခဲ့တာဟာ Artist and Flim Production ရဲ့နှလုံးသားအရင်းခံပြီး ကြိုးစားပေးခဲ့တဲ့ teamwork တွေကြောင့်ပါတဲ့။

သူမနဲ့အတူကြော်ငြာမှာ တွဲဖက်သရုပ်ဆောင်ခဲ့ပေးတဲ့မောင်လေး ညီမလေးတွေနဲ့ ပျော်ပျော်ရွှင်ရွှင်ပဲရိုက်ကူ းရေးကိုဖြတ်သန်းခဲ့တာဖြစ်ပြီး ဒီ စကားလုံးလေး၂ လုံးပဲပြောခဲ့ရတဲ့အတွက် စိတ်မကောင်းဖြစ်တာမျိူးလည်းသူမက မရှိခဲ့ပါဘူးတဲ့။

ဟုတ်ပါတယ်နော်. အရေအတွက်ထက် အရည်အချင်းပဲလိုတယ်ဆိုတာ မင်းသမီးက သက်သေပြသွားခဲ့ပါပြီ။ သူမပါဝင်ထားတဲ့နေရာတစ်ခုကို ပရိတ်သတ်တွေက ချစ်စရာကောင်းတဲ့အမြင်နဲ့ မြင်ပေးခဲ့တဲ့အတွက် သူမဘဝရဲ့ အနုပညာမှတ်တိုင်ကောင်းတစ်ခုရောက်ခဲ့ရတယ်လို့ ပြောသွားခဲ့ပြီး နောက်တစ်ခါဒီလိုမျိူး အခွင့်အရေးကောင်းတောင် ရလာနိုင်မယ်မထင်ပါဘူးတဲ့။

အင်တာဗျူးတွေမှာ ပရိတ်သတ်ကိုအမြဲကျေးဇူးတင်တဲ့အကြောင်းထည့်ပြောလေ့ရှိတဲ့ မင်းသမီးမြနှင်းရည်လွင်ရဲ့ ငယ်ဘဝဖြတ်သန်းလာတဲ့ အနုပညာ လမ်း ကြောင်းကို ကျွန်မတို့နဲ့ အတူ ကြည့်လိုက်ရအောင်။

မြနှင်းရည်လွင်ကို ၁၉၈၇ခုနှစ် ဇန်နဝါရီလ ၁၂ရက်နေ့မှာ မွေးဖွားခဲ့ပြီး ကျောင်းပညာရေးကိုတော့ သူငယ် တန်းကနေ တစ်တန်းအထိလှိုင်ကျောင်းမှာတက်ခဲ့ပြီး ကမာရွတ်၂မှာ အထက်တန်းအောင်ခဲ့ပါတယ်။

နောက်မှာတော့ ဒဂုံတက္ကသိုလ်မှာ Psychology အထူးပြုဘာသာရပ်ဘွဲ့ကိုရရှိခဲ့ပါတယ်။ မွေးချင်းမောင်နှမလေးယောက်ထဲမှာ အထွေးဆုံးသမီးလေးဖြစ်ပြီးတော့ အလှပြင်ရတာကိုလည်းငယ်ငယ်ထဲက အရမ်းကြိုက်ပါတယ်တဲ့။

ကျောင်းတက်နေစဉ်တစ်လျှောက် ဘင်ခရာအဖွဲ့တွေ၊ အလှမယ်ပြိုင်ပွဲတွေလည်း ပါခဲ့ဖူးပါတယ်တဲ့။ ပုံဆွဲတာကိုလည်း ဝါသနာပါတဲ့သူမက သူများနဲ့မတူပဲ ရယ်စရာတွေကိုလည်း ပြောတတ်ပါတယ်တဲ့။

အနုပညာလှုပ်ရှားမှုတွေကိုတော့ ၂၀၁၀ခုနှစ်ကနေ စတင်ခဲ့ပြီးတော့ အဆိုတော်စိုင်းစိုင်းခမ်းလှိုင်ရဲ့ Ever Golli သီချင်းမှာ ပထမဆုံးပွဲဦးထွက်ပါဝင်ခဲ့ပါတယ်။ အဆိုတော်စိုင်းစိုင်းခမ်းလှိုင်နဲ့ မိတ်ဆွေတစ်ဦးဖြစ်တာကြောင့် သီချင်းမှာပါဝင်ခွင့်ရခဲ့တယ်လို့ သူမကဆိုပါတယ်။

၂၀၁၁မှာ ဖက်ရှင်နဲ့ပက်သက်တဲ့ စီးပွားရေးကြော်ငြာဘေလ်ဘုတ်တွေကိုစတင်ရိုက်ကူးခဲ့ပြီး ထိုင်မသိမ်းတွေကို တင့်တင့်ရင့်ရင့်ဝတ်ပြပြီးကြော်ငြာတွေရိုက်ကူးနိုင်ခဲ့တဲ့မင်းသမီးချောပဲဖြစ်ပါတယ်။

၂၀၁၂ခုနှစ်မှာတော့ မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ဆုပေးပွဲအကယ်ဒမီဗန်းကိုင်အဖြစ် ပါဝင်ခဲ့ပြီး ၂၀၁၃ခုနှစ်မှာတော့ 8Days မှာရိုက်ကူးခဲ့တဲ့ Snap shotတစ်ပုံမှာ အကျီလည်ဟိုက်ပုံမျက်နှာဖုံးတစ်ပုံပါလာရာကနေ ပရိတ်သတ်တွေဝေဖန်တာကိုခံခဲ့ရပြီး photo model တစ်ယောက်အဖြစ်နဲ့ အနုပညာအလုပ်တွေကို ရပ်နားလိုက်ပါတယ်။

သူမက အနုပညာအသိုင်းအဝိုင်းရှိတဲ့သူမဟုတ်ပဲ အပြင်လောကကနေအသိမိတ်ဆွေတွေကြောင့်ဝင်လာခဲ့တာကြောင့် ပြင်းထန်တဲ့ဝေဖန်မှုတွေနဲ့ ညစ်ညစ်ညမ်းညမ်းပြောတာမျိူးတွေကို ခံနိုင်ရည်မရှိဘူးလို့ ပြောပြခဲ့ပါတယ်။

ရုတ်တရက်ကိုယ့်အကြောင်းကို သေချာမသိပဲ ဝေဖန်တာကိုမခံနိုင်ခဲ့တာကြောင့် ဒေါသနဲ့ပြောထွက်တဲ့ စကားတွေအတွက် အခုအချိန်မှာနောင်တရတယ်လို့ ဆိုပါတယ်။ အရင် scandal ဖြစ်ခဲ့တဲ့ကာလအားဖြင့်လည်း Facebook တွင်ကျယ်ခါစဖြစ်တာကြောင့် sensitive ဖြစ်နေခဲ့တာလည်း ပါမယ်ဆိုပြီး သူမကပြောပါတယ်။

သူမ အရင်ကခန္ဓာကိုယ်ပြည့်ပြည့်လေးဖြစ်တာကြောင့် အခုအချိန်မှာတော့ ဝိတ်ချထားပြီး သွယ်ကျလှပတဲ့ခန္ဓာကိုယ်လေးကို ရရှိထားပါပြီ။ ယောကျားဆန်တတ်ပေမယ့် တစ်ခုခုဆိုတွေးပူတတ်တဲ့အကျင့်လည်းရှိပါတယ်တဲ့။

အရင်က စိတ်ဆတ်တတ်တဲ့အကျင့်တွေကိုလည်း လျှော့ပြီး ဝေဖန်မှုတွေကို အကောင်းဘက်ကနေ မြင်ပြီးတွေးကြည့်ဖို့ ကြိုးစားနေပါတယ်တဲ့။ သူမက ရှိနေတဲ့ နဂိုသွားတက်ပုံစံကို မကြိုက်လို့ ပြုပြင်ခဲ့ပါသေးတယ်။

သူမက မြန်မာဝတ်စုံတွေ အဝတ်များတယ်ဆိုပေမယ့် ဖက်ရှင်ကျကျလည်းဝတ်တတ်ပါသေးတယ်။ သူမမှာ အရမ်းချစ်ရတဲ့ခွေးလေးတစ်ကောင်လည်းရှိပါသေးတယ်။ ပါပီလေးကို hello လို့နာမည်ပေးထားပြီး နိုင်ငံခြားသွားရင်အတူ ခေါ်သွားနိုင်ဖို့လည်းလေ့ကျင့်ထားပေးချင်ပါတယ်လို့ဆိုပါတယ်။

မင်းသမီးမြနှင်းရည်လွင်က အမျိူးသားဖြစ်သူဦးမျိူးလွင်နဲ့ ၂၀၁၄ခုနှစ် ဒီဇင်ဘာလမှာလက်ထက်ခဲ့ပြီး ၂၀၂၀မှာကွာရှင်းခဲ့ပါတယ်။ ခင်ပွန်းဟောင်းဖြစ်သူနဲ့အတူရှိစဉ်တစ်လျှောက်မှာလည်း အနုပညာလုပ်ငန်းတွေကို ဆက်လုပ်ဖို့ အမြဲအားပေးခဲ့ပါတယ်တဲ့။

၂၀၁၆ခုနှစ်မှာတော့ စက်တင်ဘာလ၂၈ရက်မှာတော့ Designer ကောင်းမြတ်၊ Make up လင်းလင်း တို့ ဖန်တီးပေးတဲ့ Moda Magazine မှာ ရုပ်ရှင်နဲ့ဗီဒီယိုသရုပ်ဆောင်ရွှေမှုန်ရတီနဲ့ အတူရိုက်ကူးခဲ့ပါတယ်။

၂၀၁၆ နှစ်ဆန်းပိုင်းမှာတော့ ဒါရိုက်တာအကယ်ဒမီ မီးပွားရိုက်ကူးတဲ့ ဧဒင်ရဲ့ နတ် သမီးရုပ်ရှင်ဇာတ်ကားကြီးကို စိုင်းစိုင်းခမ်းလှိုင်၊ ပိုင်ဖြိုးသု၊ ဝင့်ယမုံလှိုင်၊ မေဂရေ့ပယ်ရီတို့နဲ့ ပထမဆုံးရုပ်ရှင်ကားကြီးကို ရိုက်ကူးခဲ့ပါတယ်။

မင်းသမီးက ဗီဒီယိုဇာတ်ကားတစ်ခုမဟုတ်ပဲ ရုပ်ရှင်ကားကြီးကို တန်းပြီးလက်ခံလိုက်ရတဲ့အတွက် သူမအနေနဲ့ စိုးရိမ်တာမျိူးတွေလည်းရှိခဲ့ပါတယ်တဲ့။

ရုပ်ရှင်လောကနဲ့ပက်သက်လို့ သင်တန်းတွေလည်းတက်ထားတာမျိူးမရှိပဲ ရင်းနှီးတဲ့မိတ်ဆွေတွေကနေမိတ်ဆက်ပေးလို့ ဧဒင်ရဲ့နတ်သမီးရုပ်ရှင်ဇာတ်ကားကြီးမှာ ရှေ့နေတစ်ယောက် ကာရိုက်တာကို လက်ခံခဲ့တာပဲဖြစ်ပါတယ်။

ပရိတ်သတ်ကိုတော့ ရုပ်ရှင်ရိုက်ကူးမှုအပြီး လေးနှစ်အကြာမှာချပြနိုင်ခဲ့တာဖြစ်ပြီး သူမရဲ့ မျက်နှာသွင်ပြင်နဲ့ အံဝင်ခွင်ကျလိုက်ဖက်တဲ့ နေရာဖြစ်တာကြောင့် ပရိတ်သတ်တွေက တကယ့်ရှေ့နေအစစ်တစ်ယောက်အလား ထင်ခဲ့ကြပါတယ်။

ပရိတ်သတ်တွေရဲ့ အားပေးမှုတုန့်ပြန်သံတွေကို ကြားပြီးတဲ့တစ်လျှောက်မှာ သူမက အနုပညာအလုပ်တွေကို ပြန်လုပ်ဖို့ စိတ်အားထက်သန်ခဲ့ပါတယ်။

မင်းသမီးက သူမရဲ့ အပြင်ကပုံစံနဲ့မတူပဲ အနုအရွကောင်မလေးနေရာဇာတ်ရုပ်မျိူးကိုလည်း စိန်ခေါ်ကြည့်ချင်ပါသေးတယ်လို့ဆိုပါတယ်။

သူမသဘောကျရတဲ့ ဇာတ်ရုပ်ကတော့ စိတ်မာပြီးဘာမထီတဲ့သူမျိူးနေရာကို သဘောကျတယ်လို့ ဆိုပါတယ်။

၂၀၁၈ခုနှစ်မှာတော့ သူမရဲ့ television series တွေဖြစ်တဲ့ နွေကန္တာဦး၊ ကြမ္မာနွံ့၊ ဇနီးချောများကွန်ရက်၊ အဆိပ်သွေး၊ ဝင်္ကပါရှင်းတမ်း၊ တတိယမြောက်ဆုံမှတ်တို့ကို MRTV 4, Canal Channel တို့မှာရိုက်ကူးခဲ့ပါတယ်။

၂၀၁၉ခုနှစ်မှာတော့ အဆိပ်သွေး ၂၊ ငွေစက္ကူ၇ရွက်၊ အခန်းနံပါတ်၊ မြင့်မိုရ်ဝှက်တဲ့ပုစ္ဆာ၊ လိပ်ပြာနှောင် ကြိုး၊ မာယာလှည့်ကွက် ဇာတ်လမ်းတွဲတွေမှာပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။

အဆိပ်သွေးဇာတ်လမ်းတွဲမှာ ဗီလိန်နေရာကနေ ပါဝင်ခဲ့ပြီး အရင်ကနဲ့မတူ သူမရဲ့တစ်မူထူးခြားတဲ့သရုပ် ဆောင်နိုင်တာကိုတွေ့ရမှာပါ။ ပရိတ်သတ်တွေ အ တွက် ပြန်လည် တင်ဆက်ပေးလိုက်ပါတယ်။ အဆုံးထိဖတ်ပေးကြတဲ့ ပရိတ်သတ် တစ်ယောက်ခြင်းစီတိုင်း အထူး ကျေးဇူး တင်လျက်ပါ။

Add a Comment

Your email address will not be published. Required fields are marked *