ပြည်သူတွေ အသံတိတ် သပိတ်ပြုလုပ်ခဲ့တဲ့ အပေါ် ဝေဖန်ပြောဆိုလာခဲ့တဲ့ အောင်ရဲလင်း

ပြည်သူတွေ အသံတိတ် သပိတ်ပြုလုပ်ခဲ့တဲ့ အပေါ် ဝေဖန်ပြောဆိုလာခဲ့တဲ့ အောင်ရဲလင်း

မင်္ဂလာပါ ချစ် ပရိတ်သတ်ကြီးရေ သရုပ်ဆောင် အောင်ရဲလင်းကတော့ အနုပညာ လောကမှာ နေရာတခု ရထားသူဖြစ်ပြီး မိန်းခလေး ပရိတ်သတ်တွေရဲ့ အားပေးမှု အများဆုံး ခံရတဲ့ မင်းသားစာရင်းထဲမှာ တယောက် အပါအဝင်ပဲ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း အာဏာ သိမ်းပြီး နောက်ပိုင်း သူဟာ တပ်မတော်ကို တစိုက် မတ်မတ် ထောက်ခံလာခဲ့ရာကနေ ပရိတ်သတ်တွေနဲ့ အလှမ်းဝေးလာပြီး အားပေးခံရမှုတွေ လျော့ကျ လာခဲ့ပါတယ်။

အဲ့ဒီလို လျော့ကျလာခဲ့ပေမယ့် သရုပ်ဆောင် အောင်ရဲလင်းကတော့ သူ့ကို အားပေးမဲ့ ပရိတ်သတ် တယောက်ထဲ ရှိရင်တောင် သူ့အနုပညာကို ဆက်လုပ်နေမယ်လို တုန့်ပြန် ပြောဆိုခဲ့ဖူးပါတယ်။

အခု တခါမှာတော့ ပြည်သူတွေ ဘယ်သူမှ အပြင်မထွက်ပဲ စစ် အာဏာရှင် ဆန့်ကျင်ရေး တိတ်ဆိခြင်း သပိတ် လုပ်နေချိန်မှာတော့ သရုပ်ဆောင် အောင်ရဲလင်က အခုလိုပဲ သူ့ရဲ့ အမြင်ကို ဝေဖန် ပြောလာခဲ့ပါတယ်။

တနေကုန် အပြင်မထွက်ပဲ နေတယ်ဆိုတာ တကယ်တော့ ကို့ကိုယ် တရက် အချုပ်ခန်းထဲ ချလိုက်တာပါပဲ ဘယ်မှ မထွက်ပဲ နေတော့ဘာဖြစ်လဲ ဘာမှဖြစ်မလာပါဘူး။ စားချင်တာ မစားရ လည်ချင်တာ မလည်ရတာပဲ ရှိမှာပေါ့လို့ သူ့ရဲ့ အမြင်ကို ဝေဖန် လာခဲ့ပါတယ်။

ပရိတ်သတ်တွေ အတွက် အောင်ရဲလင်း ပြောခဲ့တာကို ပြန်လည် မျှဝေ ပေးလိုက်ရပါတယ်။ အဆုံးထိဖတ်ပေးကြတဲ့ ပရိတ်သတ် တစ်ယောက် ခြင်းစီတိုင်း အထူး ကျေးဇူး တင်လျက်ပါ။

Add a Comment

Your email address will not be published. Required fields are marked *