ပြည်သူတွေ အတွက် အောက်စီဂျင် စက်ရုံ တည်‌ပေးမယ့် ဆရာတော် (အပြည့်စုံဖတ်ရန် ပုံကိုနှိပ်ကြည့်ပါ)

သိန်း (၁၇၀၀) ကျော်တန်တဲ့ ကား အသစ်ကြီး ကို ရောင်းချပြီး ပြည်သူတွေ အတွက် အောက်စီဂျင် စက်ရုံ တည်‌ပေးမယ့် ဆရာတော်

ကိုဗစ် တတိယလှိုင်းက မြန်မာ ပြည်သူတွေရဲ့ အ သက်တွေ များစွာကို နှုတ်ယူ နေပြီး ယခု အ ချိန် ထိလည်း ကိုဗစ် ရောဂါ ကူးစက်မှု ကြောင့် ပြည်သူ အများအပြား ဆက်လက် သေဆုံးနေ ကြပါတယ်။

အသက်ရှူကြပ် လူနာတွေ လည်းများ ပြား လာနေပြီး အောက်ဆီဂျင် စက်လေး ရရှိဖို့ အကူ အညီတွေ တောင်းခဲ့ ပေမယ့် မရရှိခဲ့ဘဲ အသက် ဆုံးရှုံး သွားတဲ့ပြည်သူ တွေလည်းရှိ ကြပါတယ်။

အကူအညီ မဲ့စွာနဲ့ ပြည်သူတွေ အသက် သေဆုံးနေရ တာကြောင့် တတ်နိုင်တဲ့ လူတွေက အောက်ဆီဂျင် စက်ရုံတွေ တည်ထောင်ပြီး ကူညီ ပေးဖို့ ပြင်ဆင် နေကြပါတယ်။

ယခုတော့ ဆရာတော်တစ်ပါးဟာ သိန်း (၁၇၆၀) ဝန်းကျင် တန်ဖိုးရှိတဲ့ ကားအသစ် ကြီးကို ရောင်းချပြီး Oxygen Plant တစ်ခု လှူဖို့အတွက် ပြင်ဆင် နေခဲ့ပါတယ်။

အဆို ပါ ဘုန်းဘုန်းက မြန်မာ ပြည်သူ လူထုကို ဘာမှမလုပ်ပေး လိုက်ရရင် အသက်ရှင်တာ အလကားဖြစ် သွားမှာစိုး တာကြောင့်နဲ့ ဒီတိုင်းပြည်က ပြ ည်သူ တွေကို မသေစေချင် တာကြောင့် အခုလို ကားသစ်ကြီးကို ရောင်းချပြီး လှူဒါန်းဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။

ဒုက္ခရောက် နေကြတဲ့ ပြည်သူတွေကို ပစ်မထားဘဲ လှူဒါန်းဖို့ ပြင်ဆင် နေတဲ့ အဆိုပါ ဆရာတော်ကို ပြည်သူတွေ လေးစား ကြ ည်ညို နေကြပါတယ်။

ဒါယကာ တစ်ဦးကတော့”အခု ပြည်တော်သာက ဖေကြီး စီးနေတဲ့ Lexus 570 (2021 Model) US 110,000 ကျော်ကျထားတဲ့ သာသနာ လိုင်စင်နဲ့ ကား အသစ်ကို ရောင်းပီး ရတဲ့ပိုက်ဆံနဲ့ Oxygen Plant တစ်ခုလှူဖို့ ခုပဲ ဖေကြီးက လာပြော ထားပါတယ်။

ကိုယ်တွေလဲ ဘ ယ်လိုကို လုပ်ပေးရ မှန်းမသိ တော့ပါဘူး “ဆိုပြီး လူမှုကွန်ယက် စာမျက်နှာ ထက်မှာ ရေးသားထား ခဲ့တာပဲ ဖြစ်ပါတယ်။

ယခုလို ဘာမဆို ဖြစ်သွားနိုင်တဲ့ ခေတ်ကြီးမှာ မိသားစု ဝင်တွေ၊ ချစ်ခင် ရ သူတွေကို တန်ဖိုးထား ကြဖို့နဲ့ ဒုက္ခရောက် နေတဲ့ ပတ်ဝန်းကျင် က ပြည်သူ တွေကို နိုင်သလောက် လှူဒါန်း ပေးကြဖို့ တိုက်တွန်း လိုက်ရ ပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *