ပြည်သူတွေ မျှော်မှန်းထားသလို ပြန်လည် လွှတ်မြောက်ခြင်းမရှိသေးတဲ့ နာမည်ကြီး အနုပညာရှင်များ (အပြည့်စုံဖတ်ရန် ပုံကိုနှိပ်ကြည့်ပါ)

ပြည်သူတွေ မျှော်မှန်းထားသလို ပြန်လည် လွှတ်မြောက်ခြင်းမရှိသေးတဲ့ နာမည်ကြီး အနုပညာရှင်များ

မင်္ဂလာပါ ချစ်ပရိတ်သတ်ကြီးရေ ဖေဖော်ဝါရီလ ၁ ရက်နေ့က စလို့ ယနေ့ထိ အာဏာသိမ်း ကာလဟာဆိုရင် ၅ လမြောက်ကို ရောက်ရှိလာပြီပဲ ဖြစ်ပါတယ်။

လူပေါင်း ၄၀၀၀ ကျော်ကို ဖမ်းဆီးခဲ့တဲ့ အပြင် ဇွန် လ ၃၀ ရက်နေ့မှာဆိုရင် လူပေါင်း ၂၀၀၀ ကျော်ခန့်ကို ပြန်လည် လွှတ်မြောက် ပေးပါတယ်။

မတရားသဖြင့် ဆုံးရှုံးလိုက်ရတဲ့ လူပေါင်း ၈၀၀ ကျော် ရှိခဲ့ပါပြီ။

စစ်ကောင်စီ အစိုးရကြောင့် စစ်ဘေးရှောင် ပြည်သူတွေနဲ့ တိမ်းရှောင်နေရတဲ့ ပြည်သူတွေက ယနေ့ ထက်ထိကိုရှိနေကြဆဲပါပဲ။

ဒီနေ့ဆို အာဏာသိမ်းတာ ၅ လပြည့် ရက်ပေါင်း ၁၅၀ ရှိသွားပါပြီ။

ဒါအပြင် ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့ အဖမ်းခံရတဲ့ ရက်ပေါင်း ၈၄ ရက် ပိုင်တံခွန် အဖမ်းခံရတဲ့ ရက်ပေါင်း ၈၅ ရက် ဝင်မင်းသန်း အဖမ်းခံရတဲ့ ရက်ပေါင်း ၈၇ ရက် အခြားသော အကြောင်း အမျိုးမျိုးကြောင့် ရက်ရှည် လများစွာ အဖမ်းခံရတဲ့ သူတွေလဲ အခုထိ ပြန်မလွှတ် သေးပါဘူး။

ဇွန်လ ၃၀ ရက်နေ့ဟာဆိုရင် ပြည်သူတွေ အပြင် သရုပ်ဆောင် မေတိုးခိုင် အပါအဝင် လူပေါင်း၂၀၀၀ ကျော်ပြန်လွှတ်လိုက်ပြီပဲ ဖြစ်ပါတယ်။

အကယ်ဒမီ လူမင်း အကယ်ဒမီ ပြေတီဦး ရဲတိုက် ပိုင်တံခွန် အကယ်ဒမီ အိန္ဒြာကျော်ဇင် ပိုပို ဝင်းမင်းသန်းတို့ ၇ ဦးဟာ ပြန်လွှတ်လာတဲ့ သူတွေထဲမှာ ပါဝင်ခြင်း မရှိသေးပါဘူး။

အမြန်ဆုံး ပြန်ပြီး လွှတ်မြောက်နိုင်ပါစေလို့ ဆုတောင် းပေးရင်း ဒီသတင်းကို ပြန်လည် တက်ဆက်လိုက်ရပါတယ်။

အဆုံးထိဖတ်ပေးကြတဲ့ ပရိတ်သတ် တစ်ယောက်ချင်းစီတိုင်း အထူး ကျေးဇူးတင်လျက်ပါ။

Add a Comment

Your email address will not be published. Required fields are marked *