ပြည်သူတွေ ဒုက္ခရောက်နေချိန်မှာ လိုင်းပေါ်မှာ ဘာရိုက် ညာရိုက်လုပ်ပြီး နာမည်မကြီးချင်ဘူး ဆိုတဲ့ ဟဲဗီးဖြိုး

ပြည်သူတွေ ဒုက္ခရောက်နေချိန်မှာ လိုင်းပေါ်မှာ ဘာရိုက် ညာရိုက်လုပ်ပြီး နာမည်မကြီးချင်ဘူး ဆိုတဲ့ ဟဲဗီးဖြိုး

မင်္ဂလာပါ ချစ်ပရိတ်သတ်ကြီးရေ သရုပ်ဆောင် ဟဲဗီးဖြိုးက အနုပညာလောကမှာ ငယ်စဉ်ကတည်းက က လေး သရုပ်ဆောင်အဖြစ် ဇာတ်ကားတွေများစွာ ရိုက် ကူးထားပြီး အောင်မြင်မှုတွေ အခိုင် အမာရရှိထား သူလေးပါ။

ခုလက်ရှိ အချိန်ထိလည်း အနုပညာ အလုပ်တွေကို လုပ်ကိုင် လျက်ရှိနေပေမယ့် လတ်တလော နိုင်ငံရေး အခြေအနေတွေကြောင့် အနုပညာနဲ့ ပတ်သက်တာတွေကို ရပ်နားထားတာ တွေ့ရပါတယ်။

နွေဦးတော်လှန်ရေး အချိန်ကာလတွေမှာလည်း ကိုယ်နဲ့ မဆိုင်သလို မနေဘဲ ပြည်သူတွေချစ်တဲ့ အနုပညာရှင် တစ်ယောက်ပီပီ ပြည်သူတွေနဲ့ အတူ တစ်သား တည်း ရပ်တည်ပေးခဲ့ပြီး တစ်ထောင့် တစ်နေရာကနေ တက်ကြွစွာ ပါဝင်ခဲ့ပါသေးတယ်။

ယခုမှာလည်း နိုင်ငံရေး အကြပ် အတည်းတွေ ဖြစ်နေတဲ့ အချိန်ကာလမျိုးမှာ အရင်လို ပုံရိပ်လေးတွေနဲ့ ဗီဒီ ယိုလေးတွေ ရိုက်ကူးပြီး လူမှုကွန်ယက်မှာ

မဖော်ပြတော့ဘူးလားလို့ မေးခွန်းထုတ်လာတဲ့ သူတချို့ကို ဟဲဗီးဖြိုးက သူရဲ့ ခံစားချက်နဲ့ ရပ်တည် ချက်ကို ယခုလို ပြတ်ပြတ် သားသား ထုတ်ဖော် ပြောကြား လာခဲ့ပါတယ်။

“ကျွန်တော်ကို တစ်ချို့အသိတွေ ကပြောကြတယ် မင်း လိုင်းပေါ် ပုံမတင်ဘူးလား ဇာတ်လမ်း အတိုလေး မရိုက်ဘူးလားလို့ မေးကြပါတယ်။

အနုပညာ အလုပ်ပဲ လုပ်ချင်တာပေါ့ အချိန်အခါဆိုတာ ရှိတယ်လေ ပြီးတော့ ကျွန်တော်ကို အားပေးခဲ့တဲ့ ပရိတ်သတ် ပြည်သူ့မျက်နှာ ပြန်ကြည့်ကသေးတယ်။

ဒီအချိန် ဒီကာလ ဒီလိုအနေထားကြီးမှာ line ပေါ်မှာ ဘာရိုက် ညာရိုက်နဲ့ ကျွန်တော် နာမည်ကြီးဖို့ မလုပ်ချင်ပါဘူး။

ဘာလို့လဲဆို ကျွန်တော်တို့ အနုပညာကို အားပေးနေတဲ့ ပြည်သူတွေ ဒုက္ခ အခက်ခဲဖြစ်နေချိန် ကျွန်တော် လိုင်းပေါ် တက်ပြီး အကြောင်းအရာမရှိပဲ ဖင်မယားနိုင်ပါဘူး။

ကျွန်တော် ရှက်လို့ပါ FB ပေါ် ပုံမတင်လို့ Video မတင်လို့ ပရိတ်သတ်တွေ မေ့သွားမယ်ဆိုလဲ အမေ့ခံလိုက်ပါ့မယ်။

နောက်လဲ မပြီးမခြင်း လိုင်းပေါ်တက်ပြီး ဖင်မယားပါဘူး။

ကျွန်တော့် စိတ်ပါ အကြောင်းအရာရှိမှ ဖေ့ဘုတ်စ်ပေါ် တင်ပါ့မယ်။

မည်သူ တစ်ဦး တစ်ယောက်ကိုမှ ထိခိုက်ခြင်း မဟုတ်ပါ ဆိုပြီး ပြောလာခဲ့တာပဲ ဖြစ်ပါတယ်။

ဟဲဗီးဖြိုးရဲ့ လေးစားစရာ ဖွင့်ဟပြောဆိုချက်တွေကို ပရိတ်သတ်တွေကလည်း ဂုဏ်ယူစွာ ချီးကျူးနေကြတာ တွေ့ရပါတယ်။

ဒါ့အပြင် အနုပညာနဲ့ ပတ်သက် တာလေးတွေကို နိုင်ငံရေး အခြေအနေပြီးဆုံးမှ ချစ်တဲ့ ပရိတ်သတ် အလိုကျ အနုပညာ လှုပ်ရှားမှုတွေ ဆက်လက် လုပ် ဆောင်ကာ ပေးဆပ်သွားမယ်လို့လည်း သိရပါတယ်။

အားပေးကြတဲ့ ပြည်သူတွေ ဒုက္ခ အခက်အခဲ ဖြစ်ပေါ်နေချိန်မှာ အောင်မြင်မှုတွေကို ဘေးချိတ်ထားတဲ့ ဟဲဗီးဖြိုးရဲ့ ခံယူချက်တွေကတော့ တကယ့်ကို လေးစားစရာပါ။

ပရိတ်သတ်တွေကလည်း ဟဲဗီးဖြိုးအတွက် ချီးကျူးစကားလေးတွေ ပြောခဲ့ပါအုံးနော်။

အဆုံးထိ ဖတ်ပေးကြတဲ့ ပရိတ်သတ် တစ်ယောက်ခြင်းစီတိုင်း အထူး ကျေးဇူးတင်လျက်ပါ။

Add a Comment

Your email address will not be published. Required fields are marked *